Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံတကာ>>ဘင်္ဂလားဒေ့ရှ်စစ်သဘောကို မြန်မာ့တပ်မတော်(ရေ)မှ ပစ်ခတ်တယ်ဆိုတဲ့ သတင်းတု
နိုင်ငံတကာနိုင်ငံရေး

ဘင်္ဂလားဒေ့ရှ်စစ်သဘောကို မြန်မာ့တပ်မတော်(ရေ)မှ ပစ်ခတ်တယ်ဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ….
သတင်းတု ဖန်တီးသူတွေကတော့ သတင်တစ်ခုနဲ့ တစ်ခု မရိုးရအောင် လှည့်စားနိုင်ကြသလို၊ တချို့သတင်းတွေ ဟာ သတင်းတစ်ခုဖြစ်ရင်ပြီးရောဆိုပြီး ပြုလုပ်တတ်ကြတယ်။ ဘယ်လိုပဲ သတင်းထူးတွေ နဲ့ သတင်းတုတွေ လုပ်လုပ် အဓိကတော့ သတင်းမှန်/မမှန် အရင်ဆုံး တရားဝင်သတင်းမီဒီယာတွေ တရားဝင် ပြန်ကြားရေးသတင်းစာမျက်နှာတွေကနေ စစ်ဆေးအတည်ပြုဖို့က အရေးကြီးပါတယ်။
အခုလည်း “ရေပိုက်နက်ကျူးကျော်လာသော ဘင်္ဂလားဒေ့ရှ်စစ်သဘောကို မြန်မာ့တပ်မတော်(ရေ)မှ ပစ်ခတ်ဖောက်ခွဲဆိုပြီး” သတင်းတုဟာ တော်တော်ပြန်နှံ့နေတာ တွေ့ရပါတယ်။ ဒီသတင်းတုဟာ နာရီပိုင်းတွင်း မှာပဲ Like ၄၀၀၀ နီးပါးရှိပြီး ပြန်လည်ဝေမျှသူ ၄၃၀၀ ကျော်ရှိနေတာကို တွေ့ရပါတယ်။
(၁) သတင်းတုပါ ပထမ ဓာတ်ပုံဟာ ၂၀၁၇ မတ်လ ၃၁ ရက်နေ့က Myanmar Navy Power Page ကနေ လေ့ကျင့်ရေးဓာတ်ပုံတွေကို ကူးယူထားခြင်းဖြစ်သလို

download (7)
(၂) သတင်းတုပါ ဒုတိယ ဓာတ်ပုံကတော့ Submarine Desktop Wallpapers က ဓာတ်ပုံကို ကူးယူထားခြင်းဖြစ်ပါတယ်။

download (6)
သတင်းတုတွေဟာ ပုံစံအမျိုးမျိုးနဲ့ တွေ့ရတတ်တာကို သိကြပြီးဖြစ်မှာပါ။ ဒီလိုသတင်းတွေကလည်း ဓာတ်ပုံတွေ အကြောင်းအရာတွေဟာ လုပ်ကြံဖန်တီးယူတတ်ကြပါတယ်။ သူငယ်ချင်းတို့အနေနဲ့လည်း သတင်းဓာတ်ပုံတွေကို google image search မှာ ရှာကြည့်လို့ရသလို၊ ဖုန်း app ဖြစ်တဲ့ reverse image search မှာလည်း တိုက်ဆိုင် စစ်ဆေးလို့ရပါတယ်နော်။

%d bloggers like this: