Home>>သတင်းအတုစစ်ဆေးခြင်း>>တိုင်းရင်းသား>>Video ဖိုင်အတုနဲ့ ” ပြည်ပ စစ်အကြံပေးတွေရဲ့ နည်းနာခံ AA” ဆိုတဲ့ သတင်းတု
တိုင်းရင်းသားနိုင်ငံတကာနိုင်ငံရေး

Video ဖိုင်အတုနဲ့ ” ပြည်ပ စစ်အကြံပေးတွေရဲ့ နည်းနာခံ AA” ဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ…..

21 ရက်နေ့က စလို့ Facebook မှာ Video ဖိုင်တစ်ခုကတော်တော်လေးကြည့်ရှုသူများလာပြီး ပြန်လည်မျှဝေတာ တွေလည်း တော်တော်လေးကို များလာပါတယ်။ သတင်းတစ်ပုဒ်မှာ အရေးကြီးတဲ့ Video မှတ်တမ်းကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ အရင်က Video ကိုယူသုံးထားတာပါ။
“AA က ပြင်ပ စစ်အကြံပေး နည်းနာခံနေဆို”တဲ့ စာသားနဲ့ Video ဖိုင်က like 2000 ကျော်နဲ့ share 6000 ကျော်ရှိနေပါပြီ။
• Video ဖိုင်က 2017 ခုနှစ်က ကရင်ပြည်နယ်မှာ ရိုက်ခဲ့တဲ့ Video ဖြစ်ပြီး Youtube မှာတော့ 2018 ခုနှစ် စက်တင်ဘာ 26 ရက်နေ့ ကတင်ခဲ့ပါတယ်။
• Video ဖိုင်ထဲက သင်တန်းပေးနေတဲ့ Free Burma Rangers အဖွဲ့ဟာ လူမျိုးစုပေါင်းစုံပါဝင်တဲ့ လူသားချင်းအထောက်အကူပြု လူမှုအဖွဲ့အစည်းတခုဖြစ်ပါတယ်။ဗမာပြည်၊အီရတ်နဲ့ဆူဒန်နိုင်ငံတွေက ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသတွေမှာ လူသားတွေကို ကူညီဖို့၊မေတ္တာတရားနဲ့မျှော်လင့်ချက်တွေ ဝေဌဖို့ တာဝန်တွေကို အတူတကွထမ်းဆောင်ကြတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

23.2.19 R

FBR အဖွဲ့ရဲ့ website ကတော့ ဒီမှာ ပါနော်
မူရင်း တင်ထားတဲ့ Youtube Link ကတော့ ဒီမှာ ပါ

သူငယ်ချင်းတို့လည်း သတင်းတစ်ပုဒ်တွေ့တဲ့အခါ အစောတလျှင် ဆုံးဖြတ်မချခင် အရင်ဆုံး တရားဝင်သတင်းမီဒီယာတွေ၊ သတင်းပြန်ကြားရေးဌာနတွေက သတင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးနိုင်သလို တွေးပြီးမှယုံရဲ့ Message Box ကို သတင်း link ပို့ပြီးတော့လည်း စစ်ဆေးဖို့ ပြောလို့ ရပါတယ်နော်။

23.2.19 F

%d bloggers like this: