Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံတကာ>>တရုတ်ရဲကား မြန်မာပိုက်နက်ထဲကို ဝင်လာတယ်ဆိုတဲ့ သတင်းမှား
နိုင်ငံတကာ

တရုတ်ရဲကား မြန်မာပိုက်နက်ထဲကို ဝင်လာတယ်ဆိုတဲ့ သတင်းမှား

သူငယ်ချင်းတို့ရေ….
လူမှုကွန်ယက်မှာ အကြောင်းရာတစ်ခု သတင်းတစ်ခုဆိုတာ အလွယ်တကူ ကိုးကားရတာ လွယ်ကူပါတယ်။ ဒါပင်မဲ့ ဒီလို ကိုးကားမှုတွေ ဖော်ပြတဲ့အခါမှာ အချက်အလက်တွေဟာ သတင်းတစ်ပုဒ်အတွက် အလွန်အရေးကြီးပါတယ်။ ဓာတ်ပုံ၊ ဗွီဒီယိုတွေဟာလည်း လိုအပ်သလို ခေါင်းစဉ်လေးပြောင်းလိုက်ရုံနဲ့ နားလည်မှုလွဲသွားတတ်ကြပါတယ်။
အခုပြောပြချင်တာကတော့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က “မြန်မာပိုင်နက်ထဲ နယ်ကျော်ဝင်လာသော တရုတ်ရဲနှင့် ရဲကားအားဝိုင်းရိုက်”ဆိုတဲ့ ဗွီဒီယိုဖိုင် တော်တော်ပြန့်နှံ့နေတာတွေ့ရတဲ့အတွက် တွေးပြီးမှယုံက စစ်ဆေး ကြည့်တဲ့အခါ ၂၀၁၈ ခုနှစ်က ဗွီဒီယိုဖိုင်ဖြစ်နေတာကို တွေ့ရပါတယ်။

Copy of Copy of Untitled Design
(၁) ဒီဗွီဒီယိုဖိုင်ကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ Twitter မှာ တင်ထားတဲ့ ဗွီဒီယိုဖိုင်အဟောင်း ဖြစ်ပါတယ်။
(၂) ဗွီဒီယိုဖိုင်ကိုပဲ ယခုဖြစ်နေသယောင် အလွယ်တကူ ကူးယူ ဖော်ပြထားခြင်းပဲဖြစ်ပါတယ်။

Copy of Copy of Untitled Design (1)
သူငယ်ချင်းတို့လည်း….
သတင်းမှား ဒါမှမဟုတ် သတင်းတစ်ပုဒ်ကို သံသယ ရှိရင် တွေးပြီးမှယုံကို ပေးပို့စစ်ဆေးလို့ရပါတယ်နော်။ ဓာတ်ပုံဟောင်းတွေ ဗွီဒီယိုဖိုင်အဟောင်းတွေနဲ့လည်း အလွယ်တကူပြုလုပ်နိုင်တာမို့ အလွယ်တကူမယုံကြည် ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

%d bloggers like this: