သူငယ်ချင်းတို့ရေ…..
အရင်ပြောပြခဲ့ဖူးသလိုပါပဲ အချိန်အခါလိုက် ဟော့ဖြစ်တဲ့ သတင်းတွေပေါ်လာတိုင်း သတင်းမှားတွေဟာ နောက်ဆက်တွဲ ပေါ်လာတတ်ပါတယ်။ ဒီလိုသတင်းမှားတွေကိုပဲ တချို့ page တွေ၊ group တွေကလည်း အပြန်အလှန် ကိုးကားဖော်ပြတတ်ကြပါတယ်။
ဒီတခါလည်း “တနလာၤရီတိုင်းဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ကို အရေးယူမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကလွဲ၍ ကျန်ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်အားလုံးကို အရေးယူရမယ်လို့” ဦးဝင်းထိန် ပြောဆိုခဲ့တယ်ဆိုပြီး သတင်းမှားတစ်ခုဟာ နာရီပိုင်းတွင်းမှာ တော်တော်လေး ပြန်နှံ့နေတာတွေ့ရပါတယ်။ ဒီသတင်းမှားဟာ နာရီပိုင်းတွင်း Like 500 ကျော်ရှိပြီး ပြန်လည်ကူးယူဖော်ပြသူ 500 ကျော်ထိရှိပါတယ်။
(၁) AFP သတင်းဌာနမှာလည်း ဖော်ပြထားခြင်းမရှိပါဘူး
(၂) ဦးဝင်းထိန်က The Speaker သို့ သတင်းမှားသာဖြစ်ကြောင်း ပြန်လည်တုန့်ပြန် ပြောဆိုထားပါတယ်
သူငယ်ချင်းတို့လည်း… တရားဝင် သတင်းမီဒီယာတွေက ဖော်ပြထားခြင်း ရေးသားထားခြင်းမရှိရင် သတင်းတွေ အလွယ်တကူ မယုံကြည်ကြဖို့၊ သတင်းမီဒီယာ တစ်ခုနဲ့တစ်ခု တိုက်ဆိုင်စစ်ဆေးပြီးမှ ယုံကြည်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။