သူငယ်ချင်းတို့ရေ….
သတင်းမှားကို ပြုလုပ်တဲ့သူတွေဟာ ဓာတ်ပုံအဟောင်းတွေနဲ့ ဆက်စပ်မှုမရှိဖော်ပြ ရေးသားတတ်ကြသလို သတင်းဟောင်းတွေကို ယခုဖြစ်နေသယောင် ကိုးကားဖော်ပြတတ်ကြပါတယ်။ အခုလည်း ဓာတ်ပုံဟောင်းတွေ အသုံးပြုထားတဲ့ သတင်းမှားတစ်ပုဒ်ကို တွေးပြီးမှယုံက ဖော်ထုတ်ပေးလိုက်ပါတယ်။
“AA အဖွဲ့အတွက် သယ်ဆောင်လာတဲ့ လက်နက်တွေနဲ့အတူ မူးယစ်ဆေးဝါး ရာမတွေပါ သိမ်းဆည်းရမိ” တယ်ဆိုတဲ့ သတင်းဟာ လိုင်းပေါ်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ တကယ်တော့ ဒီသတင်းဟာ ဓာတ်ပုံအဟောင်းကို ပြန်လည်အသုံးပြုထားတဲ့ သတင်းမှားတစ်ပုဒ်သာ ဖြစ်ပါတယ်။
သတင်းပါ ဓာတ်ပုံတွေဟာ ဖေဖော်ဝါရီလ ၂၀၁၅ ခုနှစ်က လောက်ကိုင်ဒေသမှာ သိမ်းဆည်းရမိခဲ့တဲ့ သတင်းဓာတ်ပုံတွေသာ ဖြစ်ပါတယ်။
သူငယ်ချင်းတို့လည်း…. သတင်းတွေကို စစ်ဆေးပြီးမှ ယုံကြည်ကြဖို့ တွေးပြီးမှယုံ သတိပေးလိုက်ပါရစေနော်။ သတင်းမှားတွေဟာ hot ဖြစ်နေတဲ့ နေရာဒေသအလိုက် သတင်းမှားတွေပြုလုပ်လေ့ရှိတယ်ဆိုတာ သူငယ်ချင်းတို့လည်း သိရှိပြီးဖြစ်မှာပါနော်။
သတင်းမှားကို စစ်ဆေးဖို့ ပေးပို့လာတဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်နော်။ နောက် မင်္ကာစရာသတင်းတွေ သတင်းမှားတွေတွေ့ရင်လည်း တွေးပြီးမှယုံကို ပေးပို့စစ်ဆေးလို့ရပါတယ်နော်။