Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>“တပ်မတော် အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအနေနဲ့ တက်ရောက်ခြင်းမပြုဟု မုံရွာအောင်ရှင်” ပြောကြားခဲ့တယ်ဆိုတဲ့ သတင်းမှား
နိုင်ငံရေး

“တပ်မတော် အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအနေနဲ့ တက်ရောက်ခြင်းမပြုဟု မုံရွာအောင်ရှင်” ပြောကြားခဲ့တယ်ဆိုတဲ့ သတင်းမှား

သူငယ်ချင်းတို့ရေ…
အခုတလော သတင်းတွေ hot ဖြစ်နေတာနဲ့ ပတ်သက်ပြီး သတင်းအစုံစုံ အကြောင်းရင်းအဖုံဖုံဆိုသလိုပဲ သတင်းမှားတွေက တစ်ခုပြီး တစ်ခု ပေါ်လာစမြဲပါပဲ။သတင်းတစ်ပုဒ်ကို ပြန်လည်မျှဝေ တော့မယ် /ဖော်ပြတော့မယ်ဆိုရင် တရားဝင် သတင်းဌာနတွေမှာ အရင်ဆုံးတိုက်ဆိုင်စစ်ဆေးဖို့ ပြောပြဖူးပါတယ်နော်။

မတ်လ ၂၆၊ ၂၀၁၉ ရက်နေ့က “တပ်မတော် အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအနေနဲ့ တက်ရောက်ခြင်းမပြုဟု မုံရွာအောင်ရှင်” ပြောကြားခဲ့တယ်ဆိုတဲ့ သတင်းမှားတစ်ခုပြန့်နှံ့နေတာ တွေ့ရပါတယ်။ ဒီသတင်းကို တွေ့ပြီးမှယုံ က စစ်ဆေးကြည့်တယ့်အခါ….

Add a heading

(၁) ဒီသတင်းနဲ့ ပတ်သက်ပြီး တရားဝင်သတင်းမီဒီယာတွေမှာလည်း ဖော်ပြထားတာမရှိသလို
(၂) သတင်းပါ ဓာတ်ပုံဟာ ၂၀၁၈ နိုဝင်ဘာ ၂၅ ရက်နေ့က ၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲဂယက် ခေါင်းစဉ်နှင့် Orchid ရေနွေကြမ်း စကားဝိုင်းက ဓာတ်ပုံကို ပြန်လည်အသုံးပြုထားခြင်းတာဖြစ်ပါတယ်။
ဒီသတင်းဟာ သတင်းမှားတစ်ခုသာ ဖြစ်ပါတယ်။

download (3)

သူငယ်ချင်းတို့အနေနဲ့လည်း သတင်းတွေဖတ်တဲ့အခါ ဒါမှမဟုတ် ပြန်လည်ကိုးကားတဲ့အခါ မိမိတို့ တွေ့တဲ့သတင်းတစ်ခုအပေါ်မှာပဲ ဆုံးဖြတ်ချက်ချပြီး မယုံကြည်ပဲ တရားဝင်သတင်းမီဒီယာ မှာတိုက်ဆိုင်စစ်ဆေးပြီးမှ ယုံကြည်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
သတင်းမှားကို တိုက်ဆိုင်စစ်ဆေးဖို့ ပေးပို့လာတဲ့ အကိုကိုလည်း ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းတို့လည်း သတင်းမှားတွေ၊ မသင်္ကာစရာ သတင်းတွေတွေ့ရင် ကိုယ်တိုင်တိုက်ဆိုင်စစ်ဆေးဖို့ မအားခဲ့ရင် တွေ့ပြီးမှယုံကို ပေးပို့စစ်ဆေးလို့ရပါတယ်နော်။

%d bloggers like this: