သူငယ်ချင်းတို့ရေ….
မနေ့က April Fool ၁ ရက်နေ့ဆိုတော့ သတင်းမှားတော်တော်များများကို တွေ့ကြလိမ့်မယ်လို့ ထင်ပါတယ်။ တချို့ သူငယ်ချင်းတွေလည်း April Fool လို့ မဝကြသေးတဲ့ သူတွေကိုလည်း သတိပေး လိုက်ပါအုံးနော်။ ဘယ်ချိန် ဘယ်အခါမှာပဲ ဖြစ်ဖြစ် သတင်းမှားဟာ လူတွေကို ရှုထောင့်၊ အမြင်တွေ၊ သုံးသပ်ချက်တွေကို ပြောင်းလဲပစ်နိုင်ပါတယ်။ ဒါကြောင့်လည်း သတင်းမှန်တွေ အချိန်နဲ့ တပြေးညီသိရှိရအောင် တွေးပြီးမှယုံကို see first လုပ်ထားဖို့ မမေ့နဲ့နော်။
“တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အငြိမ်းစားယူပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေ အနားယူ”တယ်ဆိုတဲ့ သတင်းမှားဟာ တော်တော်လေး ပြန့်နေသလို နောက်ထပ် သတင်းတစ်ခုကတော့ “တက္ကသိုလ်ကျောင်းသားများ အရည်အချင်းတိုးတက်စေရန် ပထမနှစ်ဝက်စာမေးပွဲရလဒ်များ ထုတ်ပြန်မည်” သတင်းတွေဟာ တရားဝင် သတင်းမီဒီယာတွေမှာလည်း ဖော်ပြထားတာမရှိသလို၊ တရားဝင်ပြန်ကြားရေး စာမျက်နှာတွေမှာလည်း ထုတ်ပြန်ထားတာမရှိပါဘူး။
မသင်္ကာစရာ သတင်းတွေ၊ သတင်းမှားတွေကို တိုက်ဆိုင်စစ်ဆေးတဲ့အခါ တရားဝင် သတင်းဌာနတွေမှာ ဖော်ပြမှုရှိ/မရှိ စစ်ဆေးကြည့်ရင် လွယ်လွယ်ကူကူ သိရှိနိုင်သလို၊ တချို့သတင်းတွေက ဖတ်ကြည့်ရုံနဲ့ သတင်းမှား ဖြစ်/မဖြစ် သိသာထင်ရှားပါတယ်။ သတင်းတွေကို တွေးပြီးမှယုံကိုလည်း ပေးပို့စစ်ဆေးလို့ရတယ်နော်။
သူငယ်ချင်းတို့လည်း April Fool မှာ ဂျင်းမိသွားတဲ့ ကိုယ့်သူငယ်ချင်းတွေကို သတင်းမှားသာ ဖြစ်ကြောင်းလက်တို့လိုက်ကြပါအုံးနော်။