Home>>သတင်းအတုစစ်ဆေးခြင်း>>ဘာသာရေး>>မြတ်စွာဘုရားနှင့် တုပဝတ်ဆင်မှုအား တိုင်ကြားသည့် တိုင်ကြားစာအတု
ဘာသာရေး

မြတ်စွာဘုရားနှင့် တုပဝတ်ဆင်မှုအား တိုင်ကြားသည့် တိုင်ကြားစာအတု

သူငယ်ချင်းတို့ရေ…..
“လူမှုကွန်ယက်ပေါ်တွင် ဗုဒ္ဓမြတ်စွာဘုရားနှင့် တုပဝတ်ဆင်ကာ သာသနာ ညှိုးနွမ်းအောင် ဆောင်ရွက်သူအား ထိန်းသိမ်းအရေးယူပေးရန်” ဆိုတဲ့အကြောင်းအရာနဲ့ တိုင်ကြားစာကို သာသနာရေးဝန်ကြီးဌာနမှ ပြန်လည်ရှင်းလင်းဖော်ပြချက်ကို ဖော်ပြပေးလိုက်ပါတယ်။

3

ဒီတိုင်ကြားစာ အတုနဲ့ ပက်သက်ပြီး ဖြစ်ပျက်သွားတာတွေကတာ့ Saw Seven ဆိုတဲ့ အကောင့်ပိုင်ရှင်က ဗုဒ္ဓမြတ်စွာဘုရားနဲ့ တူအောင် တုပ ဝတ်ဆင်လို့ သာသနာရေး ဝန်ကြီးဌာနမှ အရေးယူဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌာနကို ပို့ထားတဲ့ တိုင်ကြားစာ အတုပါ၊ ဒီတိုင်ကြားစာ အတုကြောင့် သတင်းတုတွေဆက်တိုက်ထွက်နေရာကနေ အဲ့ဒီ လူပုဂ္ဂိုလ်ကို ဖမ်းမိသွားပြီလို့တောင် သတင်းတုတွေ ထွက်ခဲ့ပါသေးတယ်။
ဒီတိုင်ကြားစာ အတုဖြစ်ကြောင်းကို ပြန်လည်တုန့်ပြန်တဲ့ ကြေငြာချက်ကို သာသနာရေးဝန်ကြီးဌာနက ၈.၄.၁၉ မှာ ထုတ်ပြန်ခဲ့ပါတယ်။ သာသနာရေးဝန်ကြီးဌာက ထုတ်ပြန်ထားတဲ့ ကြေငြာချက်ကိုလည်း ဖော်ပြထားပါတယ်နော်။

4

ဘာသာရေးကိစ္စတွေက ထိလွယ်ရှလွယ်ဖြစ်တဲ့အကြောင်းအရာတွေဖြစ်တာကြောင့် သူငယ်ချင်းတို့အနေနဲ့ သတင်းတုလို့ ယူဆမိတာနဲ့ တွေးပြီးမှယုံကို ပေးပို့ပြီး စစ်ဆေးဖို့ အကြံပြုလိုက်ပါတယ်နော်။
မကြာခင်အချိန်အခါသမယမှာ ရောက်ရှိလာမည့် မြန်မာ့ရိုးရာ အတာသင်္ကြန်မှာလဲ စိတ်၏ကျန်းမာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပျော်ရွှင်နိုင်ကြပါစေနော်။ စိတ်သွားတိုင်း ကိုယ်ပါ ကဲနိုင်ကြပါစေ…… လို့ ဆုတောင်းပေးလိုက်ပါတယ် ….။

%d bloggers like this: