Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံတကာ>>နိုင်ငံခြားမှဝင်လာတဲ့ ဂျယ်လီကိုစားမိရာကနေ ကလေးသုံးဦးသေဆုံးတယ်ဆိုတဲ့သတင်
နိုင်ငံတကာ

နိုင်ငံခြားမှဝင်လာတဲ့ ဂျယ်လီကိုစားမိရာကနေ ကလေးသုံးဦးသေဆုံးတယ်ဆိုတဲ့သတင်

သူငယ်ချင်းတို့ရေ
ဒီနေ့မှာတော့ တွေးပြီးမှယုံ ရဲ့သူငယ်ချင်းတယောက်က သတင်းတပုဒ်ကို စစ်ဖို့ပေးပို့လာပါတယ်။ အဲ့ဒီသတင်းက နိုင်ငံခြားမှဝင်လာတဲ့ ဂျယ်လီကိုစားမိရာကနေ ကလေးသုံးဦးသေဆုံးတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။

Add a heading (1)

အဲ့ဒီသတင်းကို စိုးရိမ်ပြီး ပြန်လည်မျှဝေထားတဲ့သူတွေဆိုရင် လူလေးသောင်းကျော်တောင်ရှိနေပါပြီ။ တကယ်တော့ ဒီသတင်းဟာ သတင်းတုတခုပဲဖြစ်ပါတယ်။

download (1)

လာအိုနိုင်ငံမှာ ဖြစ်ပျက်ခဲ့တယ့် အဖြစ်ပျက်တခုက ပုံနဲ့ ဂျယ်လီအတုအကြောင်းရိုက်ပြထားတဲ့ ဗီဒီယိုတခုကို screenshot ရိုက်ထားတဲ့ ပုံတို့ကိုပေါင်းပြီး မြန်မာနိုင်ငံမှာ ဖြစ်ပွားသည့်ပုံစံနဲ့ရေးသားထားပဲဖြစ်ပါတယ်။ ဒီပုံနဲ့ပတ်သက်ပြီးတော့လည်း လာအိုနိုင်ငံမှာ သတင်းတုအများအပြားထွက်ပေါ်ခဲ့ပါတယ်။ တချို့သူတွေက ဟမ်ဘာဂါ အသိုးတွေစားပြီး သေဆုံးတယ်လို့ ရေးသားကြသလို တချို့သူတွေက မလတ်ဆက်တဲ့ ပေါင်မုန့်တွေကိုစားပြီးတော့ သေဆုံးတယ်လို့လဲရေးသားကြပါတယ်။ သတင်းအတိကျကိုတော့ တွေ့ရှိခြင်းမရှိသေးပါဘူး။

download (2)

ဒါကြောင့်သူငယ်ချင်းတို့အနေနဲ့ စိုးရိမ်စရာသတင်းတခုကိုတွေ့ပြီးဆို ချက်ချင်းမယုံကြည်ပဲ သတင်းတွေကို အရင်စစ်ဆေးပြီးမှ ယုံကြည်ဖို့ တွေးပြီးမှယုံ ကနေထပ်ပြီး တိုက်တွန်းပါရစေ‌‌‌‌နော်။ သူငယ်ချင်းတို့စစ်ဆေးဖို့ အခက်အခဲရှိတယ်ဆိုလျှင်လည်း တွေးပြီးမှယုံ ကိုပေးဖို့ စစ်ဆေးခိုင်းလို့ရပါတယ်။

နှစ်သစ်ကူးပွဲတော်မှာ သူငယ်ချင်းအားလုံးပျော်ရွှင်ကြပါစေ။

%d bloggers like this: