Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံတကာ>>AA က ISIS နဲ့ ပူးပေါင်းဖို့အတွက် ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းမှား
နိုင်ငံတကာနိုင်ငံရေး

AA က ISIS နဲ့ ပူးပေါင်းဖို့အတွက် ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းမှား

သူငယ်ချင်းတို့ရေ….

၂၆ ရက်နေ့တွင် ISIS တွေက မြန်မာနိုင်ငံကို ပစ်မှတ်ထားတာနဲ့ ပတ်သက်လို့ မလေးရှား ရဲချုပ်ပြောခဲ့တာကို တရားဝင် သတင်းဌာနကြီးတွေမှာ ဖော်ပြထားလို့ သူငယ်ချင်းတို့လည်း သိပြီးဖြစ်မှာပါ။ ဒါပေမယ့် ဒီသတင်းနဲ့ ပတ်သက်ပြီး ပြန်လည်ကူးယူဖော်ပြကြတဲ့နေရာမှာ လိုသလို သတင်းခေါင်းစဉ်ကို ပြုပြင်ပြီး၊ သတင်းအကြောင်း အရာတွေကို နားလည်မှုလွဲအောင် ပြင်ဆင်ရေးသားထားတွေလည်း တွေ့ရပါတယ်။

(၁) အောက်မှာဖော်ပြထားတဲ့ပုံကို ကြည့်ရင် သတင်းအကြောင်းအရာတွေက မှန်ကန်ပင်မဲ့ ပြန်လည်ကူးယူဖော် ပြတဲ့အချိန် သတင်းခေါင်းစဉ်ကို လိုသလို ပြန်လည်ပြင်ဆင်ရေးသားထာတာကို တွေ့ရမှာပါ

download (4)

(၂) နောက်ထပ်သတင်းတစ်ပုဒ်ကတော့ သတင်းအမှန်ပေါ် အခြေခံပြီး လိုသလို အကြောင်းအရာ သတင်းခေါင်းစဉ်တွေကို ရည်ရွယ်ချက်ရှိရှိ အထင်အမြင်မှားအောင် ပြန်ပြင်ဆင်ရေးသားထားတာကို တွေ့ရပါတယ်။

download (5)

သူငယ်ချင်းတို့ရေ… သတင်းတွေကို ပြန်လည် မျှဝေတဲ့အခါ ဒါမှမဟုတ် သတင်းတွေကို ဖတ်တဲ့အခါ တချို့သတင်းတွေက သတင်းမှန်ပေါ်မှာ အခြေခံပြီး လိုသလို ရေးသားတတ်တာကို သတိပြုမိဖို့ တွေးပြီးယုံက ဖော်ပြပေးလိုက်ပါတယ်နော်။

%d bloggers like this: