Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံတကာ>>သီရီလင်္ကာ ဗလီထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ အက်ဆစ်ပုံးတွေ တွေ့ရှိတယ်ဆိုတဲ့ သတင်းတု
နိုင်ငံတကာဘာသာရေး

သီရီလင်္ကာ ဗလီထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ အက်ဆစ်ပုံးတွေ တွေ့ရှိတယ်ဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ……

သီရီလင်္ကာ ဗလီထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ အက်ဆစ်ပုံးတွေ တွေ့ရှိတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး တွေးပြီးမှယုံက စစ်ဆေးပေးလိုက်ပါတယ်။ ဒီသတင်းမှာ တွေ့ရတာကတော့ သတင်းဓာတ်ပုံဟောင်းတွေ တခြားနိုင်ငံ ဓာတ်ပုံတွေကို ယူသုံးပြီး ဖော်ပြထားတာကို တွေ့ရှိရပါတယ်။

(၁) သတင်းမှာဖော်ပြထားတဲ့ ဗလီဟာ United Kingdom မှာ ရှိတဲ့ Shah Jahan Mosque ဆိုတဲ့ ဗလီတစ်ခု ဖြစ်ပါတယ်။ (google image search မှာ ရှာကြည့်ရင် တွေ့နိုင်တယ်)

7

(၂) သီရီလင်္ကာ Churches ဘုရားကျောင်းတစ်ခုမှာ ဗုံးပေါက်ကွဲတဲ့ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာတဲ့ လူနာတွေကို ကယ်ဆယ်နေတဲ့ပုံပဲဖြစ်ပါတယ်။

8

(၃) ဖော်ပြထားတဲ့ ပုံဟာ သြဂုတ်လ ၉ ၂၀၁၇ ရက်နေ့က ဓာတ်ပုံကို ပြန်လည်ယူသုံးထားခြင်း ဖြစ်ပါတယ်။

9

(၄) ဓာတ်ပုံပါ ဗုံးဓာတ်ပုံဟာ တကယ်တော့ google က ဓာတ်ပုံကို ယူသုံးထားခြင်းသာ ဖြစ်ပါတယ်။
10

သူငယ်ချင်းတို့ရေ…. သတင်းတစ်ပုဒ်တွေ့တဲ့အခါ သတင်းအကြောင်းအရာပဲဖြစ်ဖြစ်၊ သတင်းပါ ဓာတ်ပုံတွေပဲ ဖြစ်ဖြစ် အရင်ဆုံး တိုက်ဆိုင်စစ်ဆေးပြီးမှ ယုံကြည်ကြဖို့ တွေ့ပြီးမှယုံက ပြောပြဖူးပါတယ်။
ဓာတ်ပုံကို တိုက်ဆိုင်စစ်ဆေးတဲ့အခါ google image search မှာ တိုက်ဆိုင်စစ်ဆေးလို့ ရသလို၊ ဖုန်း application တစ်ခုဖြစ်တဲ့ reverse image တို့မှာ ဓာတ်ပုံတွေကို စစ်ဆေးလို့ရပါတယ်နော်။

%d bloggers like this: