Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>မန္တလေးတိုင်း သာစည်မြို့မှာ သေနတ်တွေ ဖမ်းမိတယ်ဆိုတဲ့ သတင်းမှား
နိုင်ငံရေး

မန္တလေးတိုင်း သာစည်မြို့မှာ သေနတ်တွေ ဖမ်းမိတယ်ဆိုတဲ့ သတင်းမှား

သူငယ်ချင်းတို့ရေ….

သတင်းမှားတွေဟာ အခြေအနေအရပ်ရပ်ပေါ် မူတည်ပြီး လုပ်ကြံဖန်တီးတတ်ကြသလို၊ အချက်အလက်အမှား တွေနဲ့ ရေးသားဖြန့်ဝေတတ်ပါတယ်။ ဒါမှမဟုတ် တချို့အခြေအနေတွေက သတင်းဟောင်းတွေ ပြန်လည်ကူးယူဖော်ပြတဲ့အခါ အချိန် နေ့ရက်တွေ လွဲမှားပြီး ဖော်ပြတတ်ကြပါတယ်။ ဒါကြောင့်ပဲ သတင်းဟောင်းတွေကို တကယ်ဖြစ်ပေါ်နေတယ် ထင်ပြီး ပြန်လည်ကိုးကားဖော်ပြနေတာကို တွေ့ရှိနေရပါတယ်။

5

ဒီလိုသတင်းတွေကို ကိုးကားဖော်ပြတာနဲ့ ပတ်သက်ပြီး “မန္တလေးတိုင်း သာစည်မြို့မှာ ဂျာမနီနှင့် ထိုင်းနိုင်ငံလုပ် သေနတ်တွေဖမ်းဆီးရမိ”ဆိုတဲ့ သတင်းဟာ အွန်လိုင်းမှာ ပြန့်နှံ့နေတာကို တွေ့ရပါတယ်။ ဒီသတင်းဟာ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ နှစ်တိုင်း ပြန်လည် ကူးယူဖော်ပြနေတဲ့ သတင်းဟောင်းတစ်ခုသာ ဖြစ်ပါတယ်။
“သတင်းမှားတွေ မပြန်နှံ့ဖို့ စစ်ဆေးပြီးမှ မျှဝေစို့”

%d bloggers like this: