Home>>ဆောင်းပါး>>အမုန်းစကားရဲ့ အာရုံကြောဆိုင်ရာ သိပ္ပံပညာ
ဆောင်းပါး

အမုန်းစကားရဲ့ အာရုံကြောဆိုင်ရာ သိပ္ပံပညာ

31friedman-jumbo

လူသားတွေဟာ ဒီနေ့ကာလမှာ ရှိနေဖြစ်နေတဲ့ အမျက်ဒေါသနဲ့ဒေါသူပုန်ထမှုတွေရဲ့ အလွယ်တကူ လွမ်းမိုးခံရတဲ့ လူမှုရေး သတ္တဝါတွေပါပဲ။

ရစ်ချက်အေ ဖရိင်းမဲင်း (Richard A. Friedman) , (စိတ်ရောဂါ အထူးကု ဆရာဝန်) ၏ နယူးယောက်တိုင်း(မ်) သတင်းစာ ၊ ၂၀၁၈ အောက်တိုဘာ ၃၁ မှ ဆောင်းပါးကို ဆီလျော်အောင်ဘာသာ ပြန်သည်။

နိုင်ငံရေးသမားတွေရဲ့ စကားဟာ သမ္မတရဲ့ အရေးကိစ္စ ဖြစ်ပါသလား ။
တာဝန်ထမ်းဆောင်ချိန်ကစလို့ သမ္မတ ထရမ့်ဟာ သူ့ရဲ့ နိုင်ငံရေး ရန်ဘက်တွေကို မကောင်းဆိုးဝါးလို သဘောထားပြီး ဒရစပ် ပုတ်ခတ်တိုက်ခိုက်ခဲ့တယ်။ သုံးမရတဲ့သူတွေလို နှိမ်ချပြောဆိုခဲ့တယ်။ မှတ်တမ်း မှတ်ရာ မရှိတဲ့ ခိုးဝင်သူတွေကို တိရစ္ဆာန်တွေလို့ ခေါ်ဝေါ်ခဲ့တယ်။ သူ့အပြောတွေဟာ ကျွန်တော်တို့ရဲ့ အမုန်းတရား ရာသီဥတု ကို ဖြစ်ပေါ်စေတဲ့ အထောက်အပံ့ကြီး တစ်ခု ဖြစ်ခဲ့တယ်။ ဒါကို လက်ယာ ဂိုဏ်းမီဒီယာတွေနဲ့ ပြင်းထန်တဲ့ အွန်လိုင်း ယဉ်ကျေးမှု နယ်ပယ်က ပုံကြီးချဲ့အသုံးချခဲ့ကြတယ်။

တကယ်တော့ လူထုဆူပူအုံကြွအောင် လှုံဆောင်ပေးတဲ့ စကားဟာ အကြမ်းဖက် လုပ်ရပ်တွေရဲ့ တိုက်ရိုက် အကြောင်းတရား တစ်ခု ဖြစ်ကြောင်း သက်သေပြရာမှာတော့ ခက်ပါတယ်။ ဒါပေမယ့် လူသားတွေဟာ ဒီနေ့ကာလ နေရာတကာမှာ ရှိနေ ဖြစ်နေတဲ့ အမျက်ဒေါသရဲ့ အလွယ်တကူ လွှမ်းမိုးခံနေရတဲ့ ကျွန်တော်တို့ကြားက အထူးသဖြင့် စိတ်မနှံ့သူတွေနဲ့ လူ့ခွစာတွေ အပါအဝင် လူမှုရေး သတ္တဝါတွေပါပဲ။ ဒီအချက်ကနေ ပြီးခဲ့တဲ့ ရက်သတ္တပါတ် နှစ်ပတ်လောက်က ကျွန်တော်တို့တွေ မြင်ခဲ့ရတဲ့ ပစ်စဘတ်မြို့တွင်း ဂျူးဘုရားကျောင်း တစ်ခုမှာ ဂျူး ၁၁ ယောက်ရဲ့ အသည်းထိတ်စရာ သတ်ဖြတ်ခံရမှုဟာ ဘာကြောင့်လဲ၊ အစွန်းရောက် ဂျူးဆန့်ကျင်ရေး သမားလို့ ဖော်ပြတဲ့ ဖမ်းဆီးခံရသူ တစ်ဦီးဖြစ်ထင်ရှားတဲ့ ထရမ့်ဆန့်ကျင်ဝေဖန်ရေး သမားတစ်ဦီးကို စိတ်ပြင်းတဲ့ ထရမ့်ထောက်ခံသူ တစ်ဦီးက ဗုံးခွဲ သတ်ဖြတ်ဖို့ ကြိုးပမ်းမှုပါလို့ အာဏာပိုင်တွေက ဘာကြောင့် ပြောတာတာလဲဆိုတာ တွေကို ရှင်းပြနိုင်ပါသလား ။
အမုန်းတရားနဲ့ အကြောက်တရားတွေ ဖြစ်ပေါ်စေတဲ့ မစ္စတာ ထရမ့်နဲ့ သူ့လက်ထောက်တွေရဲ့ စိတ်မနှံ့သူတွေလို လှုပ်ရှားအောင် မောင်းနှင်ပေးတဲ့ မူပိုင်လုပ်ဟန်ကို နားလည်ဖို့ရာမှာ စိတ်ရောဂါအထူးကု ဆရာဝန် တစ်ယောက် ဖြစ်ဖို့ မလိုပါဘူး။ ဒါပေမယ့် စိတ်ပညာနဲ့ အာရုံကြောသိပ္ပံပညာတို့က ကျွန်တော်တို့လို အင်အားကြီးသူတွေရဲ့ စကားလုံး ခွန်အားကို ထိုးထွင်းမြင်နိုင်စေတဲ့ အရေးကြီးစွမ်းအားတချို့ပေးပါတယ်။

လွန်ခဲ့တဲ့ နှစ်က အတည်ပြုခဲ့တဲ့ ပိုလန်နိုင်ငံရဲ့ လေ့လာမှုတွေက ဆိုသလိုပဲ အမုန်းစကားနဲ့ ထပ်ဖန်တလဲလဲ ထိတွေ့နေရမှုဟာ အာဃာတ တရားကို ပွားများစေနိုင်တာ ကျွန်တော်တို့ သိကြပါတယ်။ အဲဒါက ပုဂ္ဂိုလ်တစ်ဦီးချင်းစီကိုနှုတ်အားဖြင့် ရန်လိုရန်စမှုတွေ အပေါ်မှာလည်း တန်ပြန်လှုပ်ရှားမှု မဲ့သွားစေနိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ လူမှုရေးအရ အထင်သေး ရှုတ်ချခံရလေ့ ရှိတဲ့ အပြုအမှုကို ဒါကနေ ပုံမှန်ဖြစ်အောင်လုပ်ပေးနေလို့ပါ။ တစ်ချိန်တည်းမှာ သူတို့ကို ထောက်ခံသူတွေကြား အမျက်ဒေါသနဲ့ အကြောင်းတရားတွေကို မီးထိုး ပေးတတ်တဲ့ ထရမ့်လို နိုင်ငံရေးသမားတွေဟာ ကော်တီဇာနဲ့ နော်အက်ဖီဒရင်းလို စိတ်ကျ ဟော်မုန်းတွေ တတ်လာအောင် လှုံ့ဆော်ပေးပြီး ခြမ်းခြောက်မှုကို တုန့်ပြန်ဖို့ အယ်ဒလာ ဆိုတဲ့ ဦီးနှောက်အစိတ်အပိုင်းနေရာကိုလည်း တွဲဆောင်တတ်ပါတယ်။ ဥပမာအနေနဲ့ ဘေးအန္တရာယ် တုန့်ပြန်ရေး လုပ်ငန်းစဉ်အပေါ် အဓိက စူးစိုက်လေ့လာတဲ့ စမ်းသပ်မှုကနေ ခြိမ်းခြောက်ပြောကြားတဲ့ စကားဟာ အယ်ဒလာကို တိုက်ရိုက် လှုံ့ဆော် ပေးနိုင်တယ်ဆိုတာ ပြသခဲ့ပါတယ်။ ဒီဟာက လူတွေအပေါ် သူတို့ရဲ့ စိတ်ခံစားမှုတွေကို ဖုန်းဆက်ပြောကြားဖို့နဲ့ လုပ်ဆောင်မှု မပြုခင် အရင် စဉ်းစားချင့်ချိန်ဖို့ ခက်ခဲစေပါတယ်။

အမေရိကဟာ သားကောင်ဖြစ်နေပြီး ခိုးဝင် ခြေသလုံး အိမ်တိုင်သမားတွေလို စဉ်းစားတွေးတောရေး ဘေးအန္တရာယ်တွေကလာတဲ့ ဖြစ်တည်နေဆဲ ခြိမ်းခြောက်မှု တစ်ခုနဲ့ “လုပ်ကြံဖန်တီးထားတဲ့ မနှစ်မြိုစရာ သတင်းတွေ” နဲ့ ဒို့တွေရင်ဆိုင်ကြုံတွေ့နေရပြီလို့ မစ္စတာထရမ့်က သူ့ထောက်ခံသူတွေကို သက်ဝင်ယုံကြည်သွား အောင်ပြုလုပ်ခဲ့တယ်။
ဂျူးဘုရားကျောင်း ပစ်ခတ်မှုတွေနဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေမှာ အဖမ်းအဆီးခံခဲ့ရတဲ့ လူတွေဟာ နားထောင်တတ်ကြပါသလား ။ ဉပမာ – ရောဘတ်ဘိုးဝါး(စ) ကိုပဲကြည့်ပါ။ သူဟာ ဗဟို အမေရိကသား ခိုးဝင်ခြေသလုံး အိမ်တိုင်သမားတွေကို တင်ပို့ရာမှာ ကူညီနေတဲ့ ဂျူးတွေကို အပြစ်ဖို့ခဲ့တယ်။ ကျူးကျော်ဝင်ရောက်သူတွေရဲ့ ဘေး အန္တရာယ်ကိုကာကွယ်တဲ့ နေရာမှာ သမ္မတ အနေနဲ့ လုံလုံလောက်လောက် သွားလာလုပ်ကိုင်နေတယ်လို့ သူယူဆပုံမရဘူး။ “ကျွန်တော့်ပြည်သူတွေ အစုလိုက် အပြုံလိုက် အသတ်ခံနေရတာကို ကျွန်တော်ထိုင်ပြီး ကြည့်မနေနိုင်ဘူး” လို့ လူသတ်မှုကျူးလွန်စေတဲ့ အမျက်ဒေါသဖြစ်မလာခင် အွန်လိုင်းပေါ်မှာ သမ္မတက ရေးခဲ့တယ်။ ဒါ့ပြင် CNN သတင်းဌာနကို ဗုံးတွေ စာတိုက်က ပို့ပေးတယ် လို့ အစွပ်စွဲခံရတဲ့ ဆီဇာဆေးယော့ ဂျုနီယာ ဟာလည်း သမ္မတရဲ့ စကားကိုပဲ့တင်ထပ်တဲ့ အနေနဲ့ တွင်စတာ မျက်နှာပေါ်မှာ “ မအောင်မြင်တဲ့ CNN ရဲ့ မဟုတ်တမ်းတရား စကားတွေကို သူထက်ပို့တဲ့ အလိမ်အညာ ကလိမ်အကျစ်ဝါဒဖြန့်ချီချက်က ဘိုင်းဘိုင်လုပ်သွားခဲ့တာပဲ” လို့ ရေးခဲ့သေးတယ်။
ဒါပေမယ့် ဒီလိုတွေ သွေးထိုး လှုံ့ဆောင်တဲ့ အပြောအဟောကြောင့်တော့ အကြမ်းဖက်မှုဖြစ်တဲ့ အထိရောက်အောင် အထိခိုက်ခံရမှာ မဟုတ်ပါဘူး။

ပရင့်စတန် တက္ကသိုလ်က စိတ်ပညာရှင် သူန်ဖစ်(စ) နဲ့ လုပ်ဖော်ကိုင်ဘက်တွေက လှုမှုအသိုက်အဝန်းအပြင်ဘက်က အုပ်စုတစ်စုရဲ့ မယုံ သံသယ ဖြစ်မှုဟာ အမျက်ဒေါသနဲ့ အကြမ်းဖက်မှုဖြစ်ပွားစေတဲ့ တွန်းဆော်မှုတွေနဲ့ ဆက်စပ်နေကြောင်း ပြသခဲ့ တယ်။ လူမှုအဖွဲ့အစည်းတစ်ခုဟာ စီးပွားရေးအခက်အခဲကိုရင်ဆိုင်ရတဲ့အခါနဲ့ လူတွေအနေနဲ့ ပြင်ပလူတွေကို သူတို့အလုပ်အကိုင်တွေအတွက် ပြိုင်ဘက်တွေအဖြစ်မြင်လာအောင် သွေးဆောင်ခံရတဲ့အခါမျိုးတွေမှာ ဒီအချက်ဟာအထူးသဖြင့် မှန်ကန်ပါတယ်။

ဟားဘတ်တက္ကသိုလ်က စိတ်ပညာရှင်တစ်ဦးဖြစ်သူ မီနာဆီကာရာနဲ့ ဒီလေ့လာချက်ကိုပူးတွဲရေးသားသူတွေက “အစုအဖွဲ့တစ်ခုဟာ ခံစစ်အနေအထားမှာ‌ရောက်နေရပြီး ခြိမ်းခြောက်ခံရတယ်လို့ ခံစားနေရတဲ့အခါ အကြမ်းဖက်မှုအပါအဝင် ဘယ်အရာကိုမဆို တရားမျှတတယ်လို့ ယုံကြည်ဆပြုလာတယ်။
ဒီနေရာမှာ တစ်ခြားတစ်ခုရှိပါသေးတယ်။ အဲ့တာကတော့မစ္စတာထရမ့်အနေနဲ့ သူမနှစ်သက်တဲ့လူတွေအပေါ် အကြမ်းဖက်မှုဖြစ်မြောက်အောင်လုပ်တတ်တယ်ဆိုတာပါ။ သူက ဒီလူတွေကို လူ့ဂုဏ်သိက္ခာကင်းမဲ့အောင် လုပ်ပါတယ်။ “သူတို့ဟာလူတွေမှမဟုတ်တာပဲ” လို့ သူကဆိုလေရဲ့။

အစုအဖွဲ့တစ်စုဟာခြိမ်းခြောက်ခံရတယ်လို့ ခံစားနေရတယ်လို့ ခံစားနေရတဲ့အခါ ဒီစိတ်အခြေအနေမှာတခြားအစုအဖွဲ့ကလူတွေနဲ့ပတ်သတ်လို့ လူထက်နိမ့်ကျတယ်လို့တွေးထင်မိဖို့နဲ့ သူတို့အပေါ်စာနာမှုနဲနဲပါးပါး လောက်မှမထားဖို့ အများကြီးလွယ်ကူစေတယ်လို့ ဒေါက်တာဆီကာရာနဲ့ တခြားသူတွေရဲ့သုတေသနပြုချက်က ပြသနေပါတယ်။ ဒါဟာအကြမ်းဖက်မှုကို ဖြစ်ပေါ်စေတဲ့ စိတ်ဓာတ်ရေးရာ အခြေနေနှစ်ခုပါ။

ဒေါက်တာဖစ် (စ) နဲ့လုပ်ဖော်ကိုင်ဘက်တစ်ဦးတို့ရဲ့၂၀၁၁ခုနှစ်လေ့လာချက်တစ်ခုက ကိုယ့်ကိုယ်ကို တခြားလူတစ်ယောက်ရဲ့နေရာမှာ စစ်ကြည့်နိုင်စွမ်းနဲ့တစ်ခြားလူကိုစိတ်ဓါတ်‌ရေးရာ ပြုစုကုသမှုရထိုက်တဲ့လူသားတစ်ယောက်အဖြစ် သဘောထားနိုင်စွမ်းဖြစ်တဲ့ “လူမှုရေးအသိအမှတ်ပြုမှု” အပေါ်လေ့လာကြည့်ရှုခဲ့ကြတယ်။ ဒီလေ့လာချက်မှာပါဝင်တဲ့သူတွေဟာ မူးယစ်ဆေးဆွဲသူတွေနဲ့ အိမ်‌ခြေယာခြေမဲ့သူတွေနဲ့ပတ်သတ်လို့ စာနာမှုလုံးဝမရှိတာ၊ အဲ့ဒီလူတွေဘယ်လိုတွေးထင်ကြမလဲ၊ ဘယ်လိုခံစားကြရမလဲဆိုတာကိုစဉ်းစားဖို့ခဲယဉ်းတာတွေ တွေ့ရပါတယ်။ ဦးနှောက်ကိုရိုက်တဲ့ MRI ကို အသုံးပြုကြည့်တဲ့အခါ လူ့ဂုဏ်သိက္ခာနှိမ့်ချဆက်ဆံခံရသူ အစုအဖွဲ့ဝင်တွေဟာ ပုံမှန်လူမှု‌ရေးအသိအမှတ်ပြုမှုရဲ့ဂရက်ရိုက်ခက်မှုအဖြစ်ကိုယ့်ဦးနှောက်ကို ကိုယ်လှုံ့ဆော်မှုမပြုနိုင်တဲ့ပုံရိပ်တွေကိုတွေ့ရကြောင်း၊အဲ့ဒီအစားမုန်းတီးရွံရှာမှုခံစားချက်တွေနဲ့ပတ်သတ်တဲ့ဦး‌နှောက်နေရာဖြစ်တဲ့ သူတို့ရဲ့အင်ဆူလာအစိတ်အပိုင်းကိုသာလှုံ့ဆော်မှုပြုနိုင်ကြောင်းတွေ့ရတယ်လို့အဲ့ဒီသုတေသီတွေကပြသခဲ့ကြပါတယ်။

ဒေါက်တာဖစ်(စ) က “ဒီလူတွေဟာ စိတ်ဖိစီးမှုအောက်မှာနေရတဲ့အခါ၊ သက်တူရွယ်တူအဆင့်တန်းတူတွေရဲ့ ဖိအားပေးမှုတွေခံရတဲ့အခါ ဒါမှမဟုတ်အာဏာပိုင်ပုဂ္ဂိုလ်တွေဆီက ဒီလိုသတ်မှတ်ဖို့ထောက်ခံချက်ရတဲ့အခါ သူတို့အနေနဲ့ သူတို့ရဲ့အာဏာတတွေအ‌ပေါ်မှာ သူတို့စိတ်ကိုပြုစုပျိုးထောင်တာ၊ ပြုမူလုပ်ဆောင်တာတွေ လုပ်ကြလိမ့်မယ်လို့ သိပ္ပံပညာနဲ့ သမိုင်းကပြသနေတယ်လို့ရေးသားခဲ့ပါတယ်။

ဒါကြောင့်မို့လို့သမ္မတ ထရမ့်လို့ လူတစ်ဦးက သူ့ရန်ဘက်သူ့ပြိုင်ဘက်တွေအပေါ် လူ့ဂုဏ်သိက္ခာကျဆင်းအောင်နိမ့်ချဆက်ဆံတဲ့အခါမှာ သူ့အနေနဲ့ စာနာမှုလုံးဝမထားနိုင်တော့တာ၊ သူတို့ကိုစိတ်ဓာတ်ရေးရာ ကာကွယ်စောင့်ရှောက်မှုလုံးဝမပေးနိုင်တော့တာ၊ သူတို့အပေါ်ထိခိုက်နစ်နာအောင်လုပ်ဖို့ဝန်မလေးတော့တာ တွေ့ရပါတယ်။
သင့်အနေနဲ့ ရုပ်ခန္ဓာအရ အကြမ်းဖက်မှုကို လှုံ့ဆော်ပေးနိုင်တဲ့ နိုင်ငံရေးစကားရဲ့ စွမ်းအားနဲ့ပတ်သတ်လို့ သံသယတစ်စုံတရာ သင့်မှာရှိနေသေးတယ်ဆိုရင် ၁၉၆၀ ခုနှစ်များအစောပိုင်းကာလက အာဏာပိုင်ပုဂ္ဂိုလ်တစ်ဦးကို နာခံဖို့အသင့်ရှိနေတဲ့ လူအစုအဖွဲ့တစ်စုရဲ့ စိတ်ဆန္ဒရှိမှုအပေါ် လေ့လာဆည်းပူးခဲ့တဲ့ ယေး (လ) တက္ကသိုလ်က စိတ်ပညာရှင် စတဲန်လေ မီ (လ) ဂရမ်ရဲ့ ဂန္ဏဝင်စမ်းသပ်မှုကို ထည့်သွင်းစဉ်းစားကြည့်လိုက်ပါ။

အဲ့ဒီစမ်းသပ်မှုမှာ ပါဝင်သူတွေဟာ တခြားပါဝင်သူတစ်ဦးကို လျှပ်စစ်ရှော့တိုက်တာလုပ်ပေးဖို့ ခိုင်းစေခံရပေမဲ့ အဲ့ဒီရှော့ဟာအတုအယောင်ဖြစ်တာကိုတော့ သူတို့မသိကြရဘူး။ ပါဝင်သူအားလုံးရဲ့၆၅ ရာခိုင်နှုန်းကသူတို့ကိုပြောထားတဲ့အတိုင်း လုပ်ခဲ့ကြပြီး ရှော့အများဆုံးတိုက်ခဲ့ကြတယ်။ တကယ်လို့သာ ဒီရှော့တွေက အစစ်အမှန်သာဆိုရင်ခံရတဲ့သူတွေဟာ သေသွားနိုင်ပါတယ်။ ဒီမှာကောက်ချက်ဆွဲလို့ရတာက ကျွန်တော်တို့အနေနဲ့ တခြားလူတွေအပေါ်မှာ ကြောက်မက်ဖွယ်ရာထိခိုက်နာကျင်မှုပြုဖို့ အာဏာပိုင်ရဲ့လွှမ်းမိုးခိုင်းစေမှုကို အမိန့်လေးတစ်ခုရရုံနဲ့ အလွယ်တကူလုပ်နိုင်တယ်ဆိုတာပါပဲ။

ကဲ- အခုသမ္မတ ထရမ့်ကသာ တကယ်တမ်းသူ့နောက်လိုက်တွေကို လက်နက်တပ်ဆင်ပေးဖို့အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ရင် ဘာတွေဖြစ်မလဲစဉ်းစားကြည့်ပါအုံး။ လန့်သွားသလား။ လန့်မယ်ဆိုလဲလန့်သင့်ပါတယ်လေ။
မှတ်ချက်- ရစ်ချတ်အေဖရိုင်းမင်းသည် ဝေး(လ) ကော်နဲ(လ) ဆေးကောလိပ်( Weill Cornell Medical Collage ) မှ ဆေးခန်းဆိုင်ရာဆေးအထူးကုပညာပါမောက္ခ၊ ကောလိပ်၏စိတ်ဘက်ဆိုင်ရာဆေးဝါးဗေဒဆေးခန်းညွှန်ပြရေးမှူးနှင့် သဘောထားအမြင်ဆောင်းပါးရေးသားသူတစ်ဦးဖြစ်ပါသည်။ဤဆောင်းပါးပုံနှိပ်မှုမှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ၁ရက်ထုတ် နယူးယောက်တည်းဖြတ်မှု၊ စာမျက်နှာ A ၂၅တွင်ဖော်ပြပါရှိခဲ့သည်။ ခေါင်းစဉ်မှာ “The Neuroscience o f Hate Speech” ဖြစ်သည်။

Reference : The News York Times

%d bloggers like this: