သူငယ်ချင်းတို့ရေ…
သတင်းမှားတွေကို ဘယ်လိုရပ်တန့်မလဲ ဒါမှမဟုတ် သတင်းမှားတွေကို ဘယ်လိုစစ်ဆေးမလဲ? စတဲ့အချက်တွေနဲ့ ပတ်သက်လို့ သိရှိအောင်လို့ ဖော်ပြပေးလိုက်ပါတယ်နော်။ လူမှုကွန်ယက်စာမျက်နှာတွေမှာ အထူးသဖြင့် လူသုံးများတဲ့ Facebook မှာ သတင်းပြန်နှံ့တာ လွယ်ကူကြပါတယ်။ ဒီလိုပဲ သတင်းမှားတွေ၊ သတင်းတုတွေဟာလဲ ပြန့်နှံ့လွယ်ကြပါတယ်။ သူငယ်ချင်းတို့အနေနဲ့ သတင်းမှားတွေ သတင်းတုတွေ မယုံမိရအောင်၊ အခုဖော်ပြပေးလိုက်တဲ့ အချက်လေးကို သိရှိထားရင် သတင်းမှားတွေကို ဘယ်လိုစစ်ဆေးရမလဲဆိုတာ ပိုမိုလွယ်ကူစေပါတယ်။
Consider the Source
သတင်းအရင်းအမြစ်ကိုစစ်ဆေးပါ တင်တဲ့သတင်း အရင်းအမြစ်ဟာ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေရှိနေတဲ့အရာလား။ သတင်းအရင်းအမြစ်ရဲ့ ရည်ရွယ်ချက်တွေ၊ တင်နေတဲ့ သတင်းတွေကို စစ်ဆေးဖို့လိုပါတယ်။
Read Beyond
သတင်းတခုကိုဖတ်ရင် သတင်းခေါင်းစဉ်ပဲ မဖတ်ပဲ See more ဆိုတာကိုပါ နှိပ်ပြီး သတင်းတပုဒ်လုံးကိုဖတ်ဖို့လဲ လိုပါတယ်။
Check the author
သတင်းရေးသားတဲ့သူတွေကိုသေချာကြည့်ဖို့လိုပါတယ်။ သတင်းရေးသားသူနာမည်ဟာ အမြဲတမ်းသတင်းရေးနေတဲ့သူလား၊ သတင်းသမားအစစ်တွေလားဆိုတာကိုပါ စစ်ဆေးဖို့လိုပါတယ်။
Supporting the sources?
သတင်းတွေမှာပါတဲ့ လင့်ခ်တွေကိုလည်း ဝင်ကြည့်ဖို့လိုပါတယ်။ သတင်းမှာပါတဲ့ လင့်ခ်တွေကို အစစ်ဟုတ်မဟုတ်ကိုလဲ စစ်ဆေးဖို့လိုပါတယ်။
Check the date
သတင်းတင်တဲ့ ရက်စွဲကိုသေချာစစ်ဆေးပါ။ တချို့သတင်းမျှဝေသူတွေဟာ သတင်းအဟောင်းတွေကို ယခုဖြစ်နေသလိုနဲ့ ပြန်လည်မျှဝေတာတွေကိုလဲ တွေ့ရပါတယ်။ ဒါကြောင့် သတင်းဖတ်တဲ့အခါမှာ ရက်စွဲကိုကြည့်ဖို့လဲအရေးကြီးပါတယ်။
Is it a joke?
သတင်းတခုဟာ ထူးဆန်းနေတဲ့သတင်းလား၊ သရော်ထားတဲ့သတင်းလား၊ နောက်ပြောင်ရေးထားတဲ့သတင်းလားဆိုတာကိုပါ ကြည့်ဖို့လိုပါတယ်။
Check your biases
သတင်းတခုဟာ ဘက်လိုက်မှုပါတဲ့သတင်း ဟုတ်မဟုတ်စစ်ဖို့လိုပါတယ်။
Ask the Experts
သတင်းတခုကို သံသယဖြစ်ပြီဆိုရင် ကျွမ်းကျင်တဲ့သတင်းစစ်တဲ့သူတွေကို မေးဖို့လိုအပ်ပါတယ်။