Home>>သတင်းအတုစစ်ဆေးခြင်း>>တိုင်းရင်းသား>>စစ်ဘေးရှောင်စခန်းများတွင် အမျိုးသမီးများနှင့် ကလေးများသာရှိနေ၍ ကုလသမဂ္ဂအတွင်းရေး ဝေဖန် ဆိုတဲ့ သတင်းအတု
တိုင်းရင်းသားနိုင်ငံတကာ

စစ်ဘေးရှောင်စခန်းများတွင် အမျိုးသမီးများနှင့် ကလေးများသာရှိနေ၍ ကုလသမဂ္ဂအတွင်းရေး ဝေဖန် ဆိုတဲ့ သတင်းအတု

သူငယ်ချင်းတို့ရေ…

အွန်လိုင်းပေါ်မှာ သတင်းမှားတွေဟာ ပုံစံအမျိုးမျိုးနဲ့ ရှိတတ်ကြပါတယ်။ သတင်းမှာပါရှိတဲ့ အချက်အလက်တွေ၊ ဓာတ်ပုံအမှားတွေ၊ နေ့ရက် အချိန် အမှားတွေ သတင်းဟောင်းတွေကို ပြန်လည်ကိုးကား ဖော်ပြတတ်ကြပါတယ်။ အခုလည်း သတင်းတစ်ခုကို ဖန်တီးပြီး တခြားသတင်းဓာတ်ပုံတွေ အသုံးပြုထားတဲ့ သတင်းအတုကို တွေးပြီးမှယုံက ဖော်ပြပေးလိုက်ပါတယ်။

ဒီသတင်းကတော့ “ စစ်ဘေးရှောင်စခန်းများတွင် အမျိုးသမီးများနှင့် ကလေးများသာရှိနေ၍ ကုလသမဂ္ဂအတွင်းရေး ဝေဖန်” ဆိုတဲ့ သတင်းအတုတစ်ခုဟာ တော်တော်လေးပြန့်နှံ့နေတာ တွေ့ရပါတယ်။ သတင်းအတုဟာ Like ၁၀၀၀ ကျော် နဲ့ Share ၇၀၀ ကျော် ရှိတာကို တွေ့ရပါတယ်။ ဒီသတင်းမှာ RFA က ပြန်လည်ကိုးကား ထားတယ်ဆိုပင်မဲ့ RFA မှာလည်း ဖော်ပြထားတာ မတွေ့ရပါဘူး။

download (3)

(၁) သတင်းပါ ဓာတ်ပုံတွေဟာဆိုရင် Antonio GUTERRES ဓာတ်ပုံဟာ ၂၀၁၆ ခုနှစ် ဓာတ်ပုံသာဖြစ်ပြီး
(၂) နောက်ထပ် အမျိုးသမီးတွေဓာတ်ပုံတွေဟာ မေလ ၁၃ ရက်နေ့က ရန်ကုန်-စစ်တွေ ကားလမ်းမအနီး တိုက်ပွဲဖြစ်တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေတဲ့ DVB က သတင်းဓာတ်ပုံတွေ ဖြစ်ပါတယ်
(၃) ဒီသတင်းနဲ့ ပတ်သက်ပြီး RFA မှာလည်း ဖော်ပြထားတာ မရှိသလို
(၄) ကုလသမဂ္ဂအတွင်းရေးမှုမှလည်း ပြောဆိုထားခြင်းမရှိပါဘူး။

download (4)

သူငယ်ချင်းတို့အနေနဲ့လည်း ဒီလို သတင်းမှားတွေနဲ့ ဓာတ်ပုံတွေအသုံးပြုပြီး ပြုလုပ်ကြတဲ့ သတင်းတွေဟာ အွန်လိုင်းပေါ်မှာ တွေ့ဖူး မြင်ဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ သတင်းဓာတ်ပုံတွေ စစ်ဆေးတဲ့အခါ google image search မှာလည်း စစ်ဆေးလို့ရသလို reverse image search လို ဖုန်း application မှာလည်း စစ်ဆေးလို့ ရပါတယ်။

%d bloggers like this: