Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>‘သမ္မတဟောင်း ဦးသိန်းစိန် စင်္ကာပူမှာ ကွယ်လွန်’ ဆိုတဲ့ သတင်းအတု
နိုင်ငံရေး

‘သမ္မတဟောင်း ဦးသိန်းစိန် စင်္ကာပူမှာ ကွယ်လွန်’ ဆိုတဲ့ သတင်းအတု

သူငယ်ချင်းတို့ရေ…
သတင်းမှားတွေက မရိုးရအောင်ကို ဖော်ပြတတ်ကြပါတယ်။ သတင်း တစ်ခုတွေ့တိုင်း သေချာလေ့လာကြည့်လို့ ရအောင် တွေးပြီးမှယုံက ဖော်ပြပေးနေပါတယ်။

ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ ဖေ့ဘွတ်အသုံးပြုနေတဲ့ သူငယ်ချင်းတို့အနေနဲ့ သတင်းမှားတွေဟာ တစ်ချိန်မဟုတ် တစ်ချိန်မှာ တွေ့ရတတ်ပါတယ်။ အခုလည်း “ဦးသိန်းစိန် ကွယ်လွန်သွားတယ်ဆိုတဲ့” သတင်းနဲ့ ပတ်သက်ပြီး တွေ့ရှိချက်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဦးသိန်းစိန် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ဓာတ်ပုံတွေဟာ group တွေ၊ page တွေ၊ website တွေမှ ပြန်လည်ကူးယူဖော်နေကြတာ တွေ့ရသလို၊ ထူးခြားသတင်းတွေ၊ သတင်းထူးတွေအနေနဲ့ ပြန်လည်ကူး ယူဖော်နေကြတာကို တွေ့ရပါတယ်။ တကယ်တော့ ဒီသတင်းဟာ သတင်းမှား တစ်ခုသာ ဖြစ်ပါတယ်။

(၁) ဒီသတင်းနဲ့ ပတ်သက်ပြီး တရားဝင် သတင်းမီဒီယာတွေမှာ ဖော်ပြကြတာ မရှိသလို၊
(၂) တရားဝင် သတင်းနှင့်ပြန်ကြားရေးတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
(၃) သတင်းပါ ဓာတ်ပုံတွေ Photoshop နဲ့ ပြုပြင်ထားသလို၊
(၄) ဒုတိယဗိုလ်ချုပ်ကြီး ဦးတင်ဦး ဈာပနက ဓာတ်ပုံတွေကို အသုံးပြုထားတာ ဖြစ်ပါတယ်။

တွေးပြီးမှယုံကနေ သတင်းမှား သတင်းတုတွေကို ဖော်ပြပေးလေ့ရှိသလို၊ သတင်းအသိပညာတွေလည်း ဝေမျှပေးလျက်ရှိပါတယ်။ သူငယ်ချင်းတို့အနေနဲ့ သတင်းမှားတွေကို တွေ့တဲ့အခါ ဒါမှမဟုတ် သံယဖြစ်စရာ သတင်းတွေကို တွေ့ရှိခဲ့ရင် ပေးပို့စစ်ဆေးလို့ရပါတယ်နော်။

%d bloggers like this: