Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ရန်ကုန်မြို့သစ် တစ်မြို့လျှင် ဗလီ ၄ လုံး ဆောက်လုပ်ရန် တရားဝင်ခွင့်ပြုလိုက်တယ်ဆိုတဲ့သတင်းမှား
နိုင်ငံရေးဘာသာရေး

ရန်ကုန်မြို့သစ် တစ်မြို့လျှင် ဗလီ ၄ လုံး ဆောက်လုပ်ရန် တရားဝင်ခွင့်ပြုလိုက်တယ်ဆိုတဲ့သတင်းမှား

သူငယ်ချင်းတို့ရေ…

သတင်းဟောင်းတွေ ဒါမှမဟုတ် သတင်းမှားတွေကို ပြန်လည်ကိုးကားဖော်ပြတတ်ကြပါတယ်။ ဒီလိုပြန်လည် ကိုးကားဖော်ပြတဲ့ နေရာမှာ တချို့တွေက မှန်လား မှားလားကို တိုက်ဆိုင်စစ်ဆေးမှု မလုပ်ပဲ အကျယ်တဝံ့ ကိုးကားဖော်ပြတတ်ကြသလို၊ အချိန်အခါလိုက်ပြီး သတင်းမှားတွေနဲ့ ပုံဖော်ရေးသားတတ်ပါတယ်။

ဒီတစ်ခါ ပြောပြချင်တာကတော့ သတင်းမှားဟောင်း တစ်ခုဖြစ်တဲ့ “ရန်ကုန်မြို့သစ် တစ်မြို့လျှင် ဗလီ ၄ လုံး ဆောက်လုပ်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်က တရားဝင် ခွင့်ပြုလိုက်တယ်”ဆိုတဲ့ သတင်းမှားကို လူတော်တော်များများက ပြန်လည်ကိုးကားဖော်ပြနေကြတာ တွေ့ရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး တွေးပြီးမှယုံရဲ့ တွေ့ရှိချက်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

Copy of Add a heading

သတင်းကတော့၂၀၁၈ မေ ၁၂ မှာ ဥပုပ်လအတွင်း ဒဂုံမြို့နယ်အပါအဝင် ခုနှစ်မြို့နယ်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ အချိန်မှီ ဝတ်ပြုဖို့အခက်အခဲရှိနေတဲ့ ကာလအတွင်း အိမ်တွေမှာ စုပေါင်းဝတ်ပြုခွင့်ကို မြန်မာနိုင်ငံ အစ္စလာမ်ဘာသာရေးအဖွဲ့ရဲ့ တာဝန်ရှိသူတွေနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တွေ့ဆုံခဲ့တဲ့ သတင်း ဖြစ်ပါတယ်။

Copy of Copy of Add a heading

ဒီလိုသတင်းမှားတွေကို ပြန်လည်ကိုးကားနေကြသူတွေ တွေ့ရင်လည်း တွေးပြီးမှယုံရဲ့ သူငယ်ချင်းတွေအနေနဲ့ တစ်ဆင့်မျှဝေပေး လိုက်ပါအုံးနော်။

%d bloggers like this: