Home>>ပညာပေး>>မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ သတင်းထုတ်ပြန်ချက်
ပညာပေး

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ သတင်းထုတ်ပြန်ချက် ၁၀/၂၀၁၉
၂၀၁၉ ခုနှစ်၊ မေလ (၂၇) ရက်၊ တနင်္လာနေ့။

“သတင်းအတု/ အယောင်များ၊ သတင်းမှားများ နှင့် သတင်းခိုးကူးနေသည့် အွန်လိုင်းဝက်(ဘ်)ဆိုဒ်များ၊ ဆိုရှယ်မီဒီယာ ပေ့ချ်များအား ကြေညာခြင်း”

၁။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့ သတင်းထုတ်ပြန်ချက် အမှတ် (၇/ ၂၀၁၉) အရ သတင်းခိုးကူးမှုများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
၂။ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့ ပြန်ကြားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့သော “မီဒီယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တတိယအကြိမ် မဏ္ဍိုင် (၄) ရပ် အလုပ်ရုံဆွေးနွေးပွဲ”တွင် သဘောတူညီချက်
(၁၃) ချက် ရရှိခဲ့ပါသည်။
၃။ အဆိုပါသဘောတူညီချက် (၁၃) ချက်အနက်၊ အချက်အမှတ် (၁၀) ပါ “သတင်းအတု/အယောင်များ၊ သတင်းမှားများ ရေးသားဖြန့်ဖြူးနေမှုများနှင့်ပတ်သက်၍ သတင်းမီဒီယာများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ
ကဖော်ထုတ်ပြီး ပြည်သူလူထုသို့ အသိပေးဖြန့်ဝေသွားရန်” ဆိုသောအချက် ပါဝင်ပါသည်။
၄။ အထက်ပါအချက်များကြောင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် “သတင်းခိုးယူမှု စောင့်ကြည့်ရေး အဖွဲ့” က ပေးပို့လာသည့် သတင်းခိုးယူနေသည့် ဝက်(ဘ်)ဆိုဒ်များ၊ ဆိုရှယ်မီဒီယာပေ့ချ်များကို စိစစ်ပြီး
မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနတွင် မှတ်ပုံတင်ထားခြင်း ရှိ/ မရှိ ကိုလည်း စိစစ်ခဲ့ပါသည်။
၅။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် အဘက်ဘက်မှ စိစစ်ပြီးနောက် အွန်လိုင်းမီဒီယာများတွင် သတင်းခိုးယူနေသည့် ဝက်(ဘ်)ဆိုဒ် နှင့် ဆိုရှယ်မီဒီယာပေ့ချ်များ၏ အမည်စာရင်းများကို ကြေညာလိုက်ပါသည်။

၁. Pho Thu Taw
၂. Dagaung
၃. Myanmar Daily Feed
၄. မြန်မာ့သတင်းဦး သတင်းထူးများ @ ThaDinSar-1
၅. မြန်မာ့သတင်းစုံ (Myanma Tadinsone)
၆. ZeeKwat-ဇီးကွက်
၇. Shwe Wiki
၈. Shwe Mon
၉. Yuyalay
၁၀. ApannPyay
၁၁. ACHITLWINPYIN
၁၂. Lwin Pyin
၁၃. လှတောသား Hlataw.com
၁၄. တိုလီမိုလီကုမ္ပဏီ
၁၅. Thadinhtoo
၁၆. သမီးလေးဖတ်ဖို့ Knowledge
၁၇. Myanmar Breaking News
၁၈. MyanmarLive လတ်တလောမြန်မာသတင်းများ
၁၉. TawThu တောသူ
၂၀. Apyo Lay (ဖြစ်ရပ်မှန်သတင်းထူးများဟု အမည်ပြောင်းထားသည်)
၂၁. Nanmalgyi
၂၂. Focus Myanmar – Latest Updates in Myanmar
၂၃. Lat Khat Than
၂၄. Burmese.asia – Media News & Entertainment
၂၅. သုတကြယ် Thutastar
၂၆. Daily Feed
၂၇. Myanmar News Plus
၂၈. AchitlwinPyin – news Daily Time
၂၉. The Lifestyle Myanmar
၃၀. Beautiful Myanmar
၃၁. OK သတင်းစုံ

ထပ်မံရရှိမည့် သတင်းခိုးကူးသည့် အွန်လိုင်းဝက်(ဘ်)ဆိုဒ် နှင့် ဆိုရှယ်မီဒီယာပေ့ချ်များကိုလည်း ဆက်လက်ကြေညာ သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဝက်(ဘ်)ဆိုဒ်လင့်ကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

%d bloggers like this: