သူငယ်ချင်းတို့ရေ…
သတင်းကို ဖော်ပြကြတဲ့အခါ ဓာတ်ပုံတွေဟာလည်း လူတွေရဲ့ စိတ်ဝင်စားမှုကို အလွယ်တကူ ဖမ်းယူနိုင်ပါတယ်။ ဒီလိုသတင်းဓာတ်ပုံတွေကိုပဲ လိုအပ်သလိုပြုပြင်ပြီး သတင်းမှားတွေပြုလုပ်တတ်ကြပါတယ်။
အခုလည်း ဖော်ပြထားတဲ့ သတင်းဓာတ်ပုံလေးနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ဒီဓာတ်ပုံဟာ လွန်ခဲ့တဲ့နှစ်အစောပိုင်းတွေမှာ နိုင်ငံခြားအွန်လိုင်းစာမျက်နှာတွေကနေ “၄ နှစ်အရွယ်ရှိ ကလေးတစ်ဦး ဆီးရီးယားနဲ့ ဂျော်ဒန်နယ်စပ် သဲကန္တာရကို ဖြတ်သန်းလာတယ်” လာဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ တော်တော်လေး ပြန့်နှံ့ ခဲ့ပါတယ်။ ဒီသတင်းဓာတ်ပုံဟာ ပြန်လည်ပြုပြင်ထားပြီး ဖော်ပြထားတဲ့ ဓာတ်ပုံတစ်ပုံပဲ ဖြစ်ပါတယ်။
တကယ်တော့ ကလေးတစ်ယောက်တည်း ဖြတ်သန်းလာတာမဟုတ်ပါဘူး။ သူ့မိသားစုတွေအပါအဝင် တခြားစစ်ဘေးရှောင် မိသားစုဝင်တွေလည်း ပါဝင်ပါတယ်။ ဒီဓာတ်ပုံဟာ ဆီးရီးယားစစ်ပွဲကြောင့် အိမ်တွေကို စွန့်ခွာပြီး အိမ်နီးချင်းနိုင်ငံတွေဖြစ်သည့် ဂျော်ဒန်၊ တူရကီ၊ လက်ဗ်နွန်၊ အီရတ် ဒုက္ခသည်စခန်းတွေမှာ ပြောင်းရွေ့နေထိုင်နေတဲ့ ဓာတ်ပုံဖြစ်ပါတယ်။
သူငယ်ချင်းတို့လည်း ဓာတ်ပုံတွေနဲ့ ဖော်ပြလာတဲ့ သတင်းတွေကို အလွယ်တကူ မယုံပဲ စစ်ဆေးပြီးမှ ပြန်လည်မျှဝေကြဖို့ ဖော်ပြပေးလိုက်ပါတယ်။
#photo
#credit