Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>သီတဂူဆရာတော်အား စံပြအနေနဲ့ တရားစွဲရန် စီစဉ်နေတယ် ဆိုတဲ့ အချိန်ကိုက် သတင်းတု
နိုင်ငံရေးဘာသာရေး

သီတဂူဆရာတော်အား စံပြအနေနဲ့ တရားစွဲရန် စီစဉ်နေတယ် ဆိုတဲ့ အချိန်ကိုက် သတင်းတု

သူငယ်ချင်းတို့ရေ….

နိုင်ငံရေးနဲ့ ဘာသာရေး ရောထွေးနေတဲ့ နိုင်ငံရေး အခြေအနေနဲ့ ဆူပူမှုကို အစပျိုးတဲ့ အချိန်ကိုက်မှာပဲ သတင်းတုတွေကို ဖြန့်တဲ့သူတွေလဲ ဖြန့်နေကြပါပြီနော်။

ဒီတခေါက် ပြန့်နေတဲ့ သတင်းတုကတော့ “သီတဂူဆရာတော်အား စံပြအနေနဲ့ တရားစွဲရန် စီစဉ်နေတယ်ဟု တမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြောကြား” ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။

ဒီသတင်းတုကိုတော့ “အမှန်အကန် ဘက်မလိုက် သတင်းမီဒီယာ” က တင်ထားတာဖြစ်ပြီးတော့ ခုချိန်မှာ မူရင်းသတင်းတုကို ရှာလို့မရတော့ပေမယ့် Screenshot တွေနဲ့ ပြန်ပြီးတော့ အထင်မှားမှုတွေဖြစ်အောင် လုပ်နေဆဲပါပဲ။ ဒီလိုသတင်းတုတွေကို share ပြီးတော့လဲ အမုန်းစကားပြောဆိုနေတာမျိုးတွေကို တွေ့ရပါတယ်။

ပုံမှန်အားဖြင့် ပြဿနာဖြစ်ပြီး ဆူဆူပူပူဖြစ်နိုင်တဲ့ သတင်းတွေကို သတင်းသမားတွေကလိုက်ပြီး သူ့ထက်ငါ အရင် တင်ကြစမြဲပါ။ ဒီသတင်းတုကတော့ လူပြောများပြီး ပြဿနာြဖစ်နိုင်တဲ့သတင်းဖြစ်ပါတယ်။ ဒီလိုသတင်းကို ဘယ်သတင်းဌာနကမှ တင်ထားခြင်းမရှိတဲ့အပြင် အစိုးရ တရားဝင် ဝန်ကြီးဌာနတွေမှာလဲ တင်ထားခြင်းမရှိပါဘူး။ ဒါကြောင့်ပဲ သတင်းအတုပါလို့ လုံးဝကို ပြောဆိုလို့ရတဲ့ အခြေအနေပါ။

သူငယ်ချင်းတို့လဲ သတင်းတစ်ပုဒ်ကို ဖတ်တာနဲ့ လက်တလော ပေါ်ပင်ဖြစ်နေတဲ့ အကြောင်းအရာလား။ ဟုတ်တယ် ဆိုရင်တော့ သတင်းအစစ် ဟုတ်မဟုတ်ကို တရားဝင် သတင်းမီဒီယာနဲ့ တရားဝင် ကြေငြာချက်တွေကို တချက် ပြန်စစ်ကြည့်ဖို့ လိုပါမယ်နော်…….။

%d bloggers like this: