Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>စစ်အသုံးစရိတ် တိုးတောင်းတယ်ဆိုတဲ့ သတင်းတု
နိုင်ငံရေး

စစ်အသုံးစရိတ် တိုးတောင်းတယ်ဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ…

လူမှုကွန်ရက်ပေါ်မှာ သတင်းစကားတွေက အကြောင်းအရာအမျိုးမျိုးရှိကြသလို အချက်အလက်မှားတွေနဲ့ သတင်းစကားတွေကလည်း နေ့စဉ်နဲ့အမျှ ပြန့်န့ှံနေကြပါတယ်။ ဒီလိုသတင်းအမှားတွေထဲကမှ သတင်းဟောင်းတွေကို ယခုဖြစ်နေသယောင် ပြန်လည်ကိုးကားဖော်ပြမှုတွေ မှတ်ချက်ပြု ပြောဆို ရေးသားမှုတွေလည်း ရှိတတ်ကြပါတယ်။

အခုလည်း “စစ်အသုံးစရိတ် သန်းပေါင်း-သုံးကုဋေနဲ့နှစ်သန်း ငါသိန်းကျော် တောင်းခံ” သတင်းခေါင်းစဉ်နဲ့ ဖော်ပြနေကြတာကို သူငယ်ချင်းတို့လည်း တွေ့ရှိပြီးဖြစ်မှာပါ။ ဒီသတင်းမှားနဲ့ ပတ်သက်ပြီး တွေးပြီးမှယုံရဲ့ တွေ့ရှိချက်ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Copy of Copy of Copy of Copy of Add a heading

(၁) ဒီသတင်းဟာ ၂၅ ရက် ဇူလိုင် ၂၀၁၈ ခုနှစ်က သတင်းကို ယခုဖြစ်နေသယောင် ပြန်လည်ဖော်ပြထားတဲ့ သတင်းမှားဖြစ်ပါတယ်။

Copy of Copy of Copy of Copy of Add a heading (1)

သတင်းတွေကို ကိုးကားတဲ့အခါဖြစ်စေ ပြန်လည်ကူးယူဖော်ပြတဲ့အခါဖြစ်စေ အချိန် နေ့ရက်တွေဟာလည်း သတင်းတစ်ခုအတွက် အလွန်အရေးပါတဲ့ အချက်တွေဖြစ်သလို၊ သတင်းအရင်းမြစ်တွေဟာလည်း အရေးကြီးပါတယ်။
သတင်းမှားတွေက အကြောင်းအရာ အချက်အလက်မှားတွေနဲ့ ဖော်ပြတတ်ကြသလို သတင်းဟောင်းတွေနဲ့ ယခုဖြစ်နေသယောင်ပြုလုပ်တတ်ကြတာကို သူငယ်ချင်းတို့အနေနဲ့ သိရှိပြီးဖြစ်မှာပါ။ ဒါပင်မယ့် တွေးပြီးမှယုံရဲ့ ဒီလိုသတင်းမှားတွေကို သတိပြုမိအောင်လို့ ဖော်ပြပေးလိုက်ပါတယ်နော်။

%d bloggers like this: