သူငယ်ချင်းတို့ရေ….
သတင်းမှားတွေက ပုံစံအမျိုးမျိုးနဲ့ တွေ့ရတတ်ပါတယ်။ ဒီတစ်ခါလည်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒေါ်အောင်ဆန်းစုကြည်အမိန့်နဲ့ NLD နဲ့ မွတ်စလင်ဘာသာဝင်များကို တိုက်ခိုက်ရေးသား ပြောဆိုသော ဘယ်ဘုန်းကြီး၊ ဘယ်လူမျိုး ဘယ်ဘာသာဝင်ကိုမဆို၂၉၅ (က) ၅၀၅ ပုဒ်မတို့ဖြင့် အမှုဖွင့်ဖို့ အမိန့်ပေးထားတယ်ဆိုတဲ့ သတင်းမှားကို တွေးပြီးမှယုံက ဖော်ပြပေးလိုက်ပါတယ်။
(၁) သမ္မတရုံးသတင်းစာရှင်းလင်းပွဲကို ၇.၆.၂၀၁၉ (သောကြာနေ့) မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
(၂) ထိုသတင်းစာရှင်းလင်းပွဲမှာလည်း နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းမှားဖော်ပြထားသလို ပြောဆို ဖြေကြားခဲ့ခြင်း မရှိပါဘူး။
ဒီသတင်းနဲ့ ပတ်သက်ပြီး အပြည့်အစုံ နားထောင်လို့ရအောင် Eleven သတင်းမီဒီယာရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုလင့်ကို ဖော်ပြပေးလိုက်ပါတယ်နော်။
တွေးပြီးမှယုံရဲ့ သူငယ်ချင်းတွေလည်း ဒီလိုသတင်းမှားတွေကို အလွယ်တကူမယုံကြည်ကြဖို့ သတိပေးလိုက်ပါရစေနော်။