သူငယ်ချင်းတို့ရေ…
သတင်းမှားဆိုတာ မိမိပတ်ဝန်းကျင် ဒါမှမဟုတ် မိမိ အသုံးပြုနေတဲ့ အွန်လိုင်းစာမျက်နှာပေါ်မှာ အသုံးမတည့်တဲ့ သတင်းအမှိုက်ပါပဲ။ သတင်းမှားလို့ ပြောရင် ခေါင်းစဉ်အမျိုးမျိုး အကြောင်းအရာ အမျိုးမျိုးနဲ့ မိမိတို့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ သတိမမူမိပဲ ထိတွေ့ဆက်ဆံနေရတာဟာ ကောင်းမွန်တဲ့အရာတော့ မဟုတ်ပါဘူး။
သတင်းမှားတွေဟာ သရော်လှောင်ပြောင်ပြီး ရေးသားကြသလို၊ လုပ်ကြံဖန်တီးပြီး ထင်ယောင်ထင်မှားဖြစ်အောင် ဖေ့ဘွတ်စ်လူမှုကွန်ရက် စာမျက်နှာမှာ ရေသားကြတာကို အများဆုံးတွေ့ရတတ်ပါတယ်။
ဒီတစ်ခါလည်း “၂၀၂၀ မှာ NLD အနိုင်ရပါက တိုက်တစ်လုံး၊ ကားတစ်စီး ပိုင်ဆိုင်အောင် ဆောင်ရွက်ပေးမယ်” ဆိုတဲ့ သတင်းမှားဟာ ပြောကြားခဲ့ခြင်းမရှိတဲ့ အကြောင်းအရာတွေ လိုသလို ရေးသားပြီး သရော်လှောင်ပြောင်သလိုရေးသားထားပင်မဲ့ စာဖတ်သူတွေကို နားလည်မှုလွဲမှားအောင် ရေးသား ထားတာဖြစ်ပါတယ်။
သူငယ်ချင်းတို့လည်း… အွန်လိုင်းပေါ်မှာ တွေ့နေကျဖြစ်တဲ့ ဒီလိုသတင်းမှားတွေကို ဆန်းစစ်ပြီးမှ မျှဝေပေးဖို့အတွက် တွေးပြီးမှယုံ သတိပေးလိုက်ပါရစေနော်။