သူငယ်ချင်းတို့ရေ…
သတင်းမှားတွေဟာ လူ့အသိုင်းအဝိုင်း ပတ်ဝန်းကျင်တွက် မလိုလားအပ်တဲ့ အမှိုက်လိုပါပဲ။ ဒီလို သတင်းမှားတွေပြုလုပ်တွေသူဟာ စာဖတ်သူတွေ နားလည်မှုလွဲအောင် သူတို့ဖော်ပြလိုက်တဲ့ ပို့စ်ကို လူများအောင် စုစည်းတဲ့ပုံစံတွေနဲ့ အကြောင်းအရာမျိုးစုံ သတင်းမှားတွေ ပြုလုပ်တတ်ကြပါတယ်။ ဒါတွေဟာ ကောင်းတဲ့ လက္ခဏာရပ်တွေတော့ မဟုတ်ပါဘူး။
တစ်ခါလည်း “ဦးဝီရသူအား ဖမ်းပေးနိုင်သူကို ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ သိန်း ၃၀၀ ပေးမည်” ဆိုတဲ့ သတင်းမှားဟာ တချို့ group တွေ၊ page တွေမှာ ပြန်နှံ့နေတာ တွေ့ရပါတယ်။ တကယ်တော့ ဒီသတင်းဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းတစ်ခုပဲဖြစ်ပါတယ်။
သတင်းမှားမှာ ဖော်ပြထားတဲ့ သတင်းဓာတ်ပုံဟာ ဇွန် ၅ ၂၀၁၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တတိယ(၁)နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲတိုးတက်မှုအခြေအနေများ၊ သတင်းမီဒီယာ များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခြင်းနှင့် ပတ်သက်ပြီး သတင်းမီဒီယာတွေက ဖော်ပြထားတဲ့ပုံကို ယူသုံးထားတာဖြစ်ပြီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအနေနဲ့လည်း ပြောကြားခဲ့ခြင်းမရှိသလို၊ သတင်းမီဒီယာကြီးတွေကလည်း ဖော်ပြထားတာမရှိပါဘူး။
သူငယ်ချင်းတို့လည်း… ဒီလို လုပ်ကြံဖန်တီးထားတဲ့ အွန်လိုင်းပေါ်က သတင်းအမှိုက်တွေကို အလွယ်တကူ မယုံကြည်မိဖို့ တွေးပြီးမှယုံက မျှဝေပေးလိုက်ပါတယ်နော်။
ဦးဝီရသူနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြားခဲ့တဲ့ BBC Burmese ရုပ်သံဗွီဒီယိုကို ဖော်ပြပေးလိုက်တယ်နော်။