သူငယ်ချင်းတို့ရေ…
သတင်းတစ်ပုဒ်ကို ဖတ်မိတဲ့အခါ အကြောင်းအရာ အချက်အလက်တွေက အရေးကြီးပါတယ်။ ဒီအချက်အလက်တွေထဲမှာလဲ အချိန် နေ့ရက်တွေလည်း ပါဝင်ပါတယ်။ တချို့ ကသတင်းဟောင်းတွေကို ပြန်လည်ကိုးကားဖော်ပြကြတာရှိသလို၊ နေ့ရက် ခုနှစ်တွေကိုဖျောက်ပြီး ယခုဖြစ်နေသယောင် ပြန်လည်ကိုးကား ဖော်ပြတာမျိုးလည်း ရှိပါတယ်။
အခုလည်း “စက်တင်ဘာတွင်ကျင်းပမည့် မွတ်စလင် ပြည်လုံးကျွတ်ညီလာခံ ဖြစ်မြောက်ရေး NLD ပါဝင်ကူညီမည်” ဆိုတဲ့ သတင်းဟာ အွန်လိုင်းပေါ်မှာ တော်တော်ပြန့်နှံ့နေတာ တွေ့ရှိရပါတယ်။ ဒီသတင်းဟာ ၂၀၁၄ ကစပြီး ဖော်ပြခဲ့ကြသလို ၂၀၁၅၊ ၂၀၁၆ မှာ ဒီသတင်းကိုလည်း အကြိမ်ကြိမ် ပြန်လည်ကိုးကားဖော်ပြ ကြတာကို တွေ့ရှိရပါတယ်။ အခုလည်း ဒီသတင်းကို ၁၈ ရက်နေ့ နေ့စွဲနဲ့ နောက်တစ်ကြိမ်ပြန်လည် ကိုးကားဖော်ပြကြတာကို သတိပြုနိုင်စေရန်အတွက် တွေးပြီးမှယုံက ဖော်ပြပေးလိုက်ပါတယ်။
သူငယ်ချင်းတို့လည်း… ကိုယ်တွေ့ရှိရတဲ့ သတင်းတွေကို အချိန် နေ့ရက်တွေနဲ့ သတင်းအရင်းမြစ်တွေကို သေချာစီစစ်ပြီးမှ ယုံကြည်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။