Home>>ဆောင်းပါး>>“မည်သည့်ဓာတ်ပုံကိုမျှ အစစ်အမှန်တန်ဖိုးရှိသည်ဟု မယူဆနိုင်”
ဆောင်းပါး

“မည်သည့်ဓာတ်ပုံကိုမျှ အစစ်အမှန်တန်ဖိုးရှိသည်ဟု မယူဆနိုင်”

သူငယ်ချင်းတို့ရေ…

အွန်လိုင်းပေါ်မှာ တွေ့ရှိရတဲ့ သတင်းဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး Poynter က အိန္ဒိယ ကက်ရှမီးယားမှာ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဓာတ်ပုံအတုတွေ အဆက်မပြတ်ထွက်ပေါ်ခဲ့တာပတ်သက်တဲ့ သတင်းဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်။

အိန္ဒိယနိုင်ငံမှာ အကြမ်းတိုက်ခိုက်မှု တစ်ခုဖြစ်ပြီးနောက် ဆိုရှယ်မီဒီယာပေါ်တွင် ဓာတ်ပုံအတုများ ဖုံးလွှမ်းနေ
ကတ်ရှမီးယားမှ အဆက်မပြတ်ထွက်ပေါ်နေတဲ့ ဓာတ်ပုံအတုများ
Feb 21, 2019၊ Daniel Funke and Susan Benkelman

ဂျန်စီဂျေကော့(Jency Jocob) အနေဖြင့် ထိုအဖြစ်မျိုးကို ဘယ်တုန်းကမှ မတွေ့မမြင်ခဲ့ဖူးခဲ့ဘူး။ “၂၀၁၆ ခုနှစ် နိုဝင်ဘာလတည်းက အချက်အလက်စစ်ဆေးတဲ့အလုပ်ကို ကျွန်တော်တို့ လုပ်ခဲ့တာပါ”ဟု ဘွန်း(မ)လိုက်(ဗ) (Boom Live) ၏ ဦးဆောင်အယ်ဒီတာက တနလာၤနေ့တွင် တွစ်တာ၌ ရေးသားပြောဆိုခဲ့သည်။ “ဖြစ်ရပ်တစ်ခုက ဓာတ်ပုံအတု (fake image) ပုံသဏ္ဍာန်သစ်တွေနဲ့ ပတ်သက်တာတွေ ဒါလောက် အထူးသတိထား သင်ကြားပေးခဲ့တာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူးဗျာ”။

ဂျေကော့ ရည်ညွှန်းပြောကြားခဲ့သည့် ဖြစ်ရပ်မှာ ကတ်ရှမီးယားတွင်ဖြစ်ခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက် ဖြစ်ရပ်ဖြစ်သည်။ ထိုကတ်ရှမီးယားဒေသသည် အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဒေသတစ်ခုဖြစ်ပြီး အိန္ဒိယ၏ ပါကစ္စတန်နိုင်ငံနှင့် ဆက်လက်ဖြစ်ပွားနေဆဲ ပဋိပက္ခအတွက် အချက်အချာအကျဆုံး နေရာလည်းဖြစ်သည်။ ပါကစ္စတန်အခြေစိုက် စစ်သွေးကြွအုပ်စုတစ်ခုသို့ ဝင်ရောက်ခဲ့သော ဒေသခံဆယ်ကျော်သက် လူငယ်တစ်ဦး လုပ်ဆောင်အကောင်အထည်ဖော်ခဲ့သည့် အသေခံဗုံးခွဲမှုတစ်ခုအတွင်း အိန္ဒိယစစ်ရဲ ၄၀ သေဆုံးခဲ့ရကြောင်း ဝါရှင်တန်ပို့(စ) သတင်းစာက ဖော်ပြခဲ့သည်။

ထိုထိုက်မှုအပြီးတွင် ဖြစ်လေ့ဖြစ်ထရှိသော စက်ရပ်သတင်း(အထူးသတင်း)များ ထွက်ပေါ်လာသကဲ့သို့ ဆိုရှယ်မီဒီပေါ်တွင် သတင်းမှားများဖောင်းကားလာခဲ့သည်။ လုပ်ကြံပို့(စ)အတု၊ ဓာတ်ပုံအတုနှင့် ဗီဒီယိုအတုများမှာ ဖေ့(စ)ဘုတ်နှင့် ဝှပ်(တ)အက်(ပ) (WhatsApp) ကဲ့သို့သော လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့ခဲ့သည်။

အိန္ဒိယနိုင်ငံ၏ အချက်အလက်စစ်ဆေးရေး စီမံချက်ဖြစ်သည့် ဘွန်း(မ)လိုက်(ဗ) အနေဖြင့် လျှင်မြန်စွာပင် အလုပ်စတင်ခဲ့သည်။ တိုက်ခိုက်မှုဖြစ်ပြီး ၂၄ နာရီအတွင်းမှာပင် အသေခံဗုံးခွဲသမားနောက်မှာ ရပ်နေသည့် နိုင်ငံရေးသမား ရာဟူးဂန္ဒီ၏ ဖိုတိုရှော့လုပ်ထားသော ဓာတ်ပုံမှာ မမှန်ကန်ကြောင်းဖွင့်ချခဲ့သည်။ တွစ်တာ ကွန်ရက်နှစ်ခုက တိုက်ခိုက်မှုနှင့် ပတ်သက်၍ ရည်ရွယ်ချက်ရှိရှိ သတင်းမှားကို ကိုင်တွယ်ဖြန့်ဖြူးခဲ့ပြီး ဝှပ်(တ)အက်(ပ) ကွန်ရက်ဟောင်းတစ်ခုကလည်း စစ်တပ်လူမှုဖူလုံရေးရန်ပုံငွေတစ်ရပ်သို့ ပြည်သူများ ထည့်ဝင်လှူဒါန်းကြရန် အလှူခံခဲ့သည့် သတင်းစကားကို ဖြန့်ဝေပေးခဲ့သည်။

“ဒါဟာ (အင်မတန်မှ) မျက်လုံးပြူးစရာကောင်းတဲ့ အဖြစ်တစ်ခုပါပဲဗျာ” ဟု ဂျေကော့က ဒန်နီယယ်ဆံ ဝှပ်(တ)အက်(ပ) သတင်းစကားတစ်ရပ်တွင် ပြောကြားခဲ့သည်။ (ကျွန်တော်တို့အနေနဲ့) ဒီလို ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ပလူပျံနေတာမျိုး ဘယ်တုန်းကမှ မတွေ့ခဲဖူးပါဘူး”ဟု သူကဆိုပါသည်။

စင်စစ် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပတ်သက်သည့် ဆိုရှယ်မီဒီယာပေါ်မှ လှည့်ကွက်များမှာ ဖြစ်စဉ်တစ်ခုသာ ဖြစ်ပါတယ်။ သို့သော် လွန်ခဲ့သောအပတ်ကဖြစ်ခဲ့သော အသေခံဗုံးခွဲမှုအပြီးနောက်တွင် အိန္ဒိယနိုင်ငံ၏ ပင်မမီဒီယာထုတ်ဝေမှုများ၌ပင် အလွဲအမှားဓာတ်ပုံများကို စတင်ပုံနှိပ်ဖော်ပြလာခဲ့ပြန်သည်။

သတင်းသမားပေါင်းမြောက်များစွာက တိုက်ခိုက်ရေးဝတ်စုံဝတ် အကြမ်းဖက်သမားကို ဖော်ပြရည်ညွှန်းသည့် ဓာတ်ပုံတစ်ပုံကို တွစ်တာတွင်တင်ခဲ့ကြသည်။ ကိုယ်ပိုင်အချက်အလက်စစ်ဆေးရေး စီမံချက်ရှိသည့် အီကောနောမစ်တိုင်း(မ)(Economic Times)နှင့် အိန္ဒိယတူဒေး(India Today) သတင်းစာများပင် ဤဓာတ်ပုံကို ပုံနှိပ်၍လည်းကောင်း ဗီဒီယိုဖြင့်လည်းကောင်း ထုတ်ဝေဖြန့်ချီခဲ့သည်။ ဘွန်း(မ)လိုက်(ဗ) (Boom Live)က ဤသတင်းဌာနများအနေဖြင့် ယင်းဓာတ်ပုံကို ပထမဆုံးဘယ်လိုရခဲ့သလဲဆိုသည့် အချက်မှာ ရှင်းရှင်းလင်းလင်းမရှိခဲ့ကြောင်း သတင်းရေးသားဖော်ပြခဲ့သည်။

ဘွန်း(မ)က ဓာတ်ပုံပြောင်းပြန်ရှာဖွေစစ်ဆေးမှု နည်းနာတစ်ခုကို အသုံးပြု၍ ဤဓာတ်ပုံမှာ မမှန်ကန်ကြောင်း ဖွင့်ချပြခဲ့သည်။ သုံးစွဲသူများက ရဲယူနီဖောင်းဝတ် ခန္ဓာကိုယ်များပေါ်သို့လူတို့၏ခေါင်းများ တပ်ဆင်ပေးသည့် အက်(ပ) (App) တစ်ခုကို အသုံးပြုပြီး ဖန်တီးခဲ့သည့် အခြားဓာတ်ပုံများနှင့် ဤဓာတ်ပုံမှာ သိသိသာသာတူနေ ကြောင်း ယင်းကရှာဖွေတွေ့ရှိခဲ့သည်။

တွစ်တာလူမှုကွန်ရက်ပေါ်တွင် ဖြစ်စဉ် ၂၅ ခုဖြင့် ဘွန်း(မ) ဖွင့်ချပြခဲ့သော ကတ်ရှမီးယား တိုက်ခိုက်မှုနောက်ပိုင်း ထွက်ပေါ်လာသည့် ဓာတ်ပုံအလွဲများ၏ ကျော်ကြားမှုမှာ ကမ္ဘာတစ်လွှားမှ အခြားသတင်းသမားများ ရှာဖွေတွေ့ရှိသည့် အချက်နှင့် ကိုက်ညီနေကြသည်။ ဓာတ်ပုံအလွဲများမှာ တစ်ခါတစ်ရံတွင် မူရင်းထက်ပင် ပိုမိုပျံ့နှံ့တတ်ပေသည်။

အလွဲအမှား သို့မဟုတ် တမင်လုပ်ကြံဖန်တီသည့် ဓာတ်ပုံများမှာ ၂၀၁၇ ခုနှစ်က လန်ဒန်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုအပြီး ထွက်ပေါ်လာသည့် အကျော်ကြားဆုံး လှည့်ကွက်များအကြားတွင်ရှိကြောင်း ဖပ်(စ)ဒရပ်(ဖ) (First Draft) အတွက်ပေးပို့သော ၂၀၁၇ ဆောင်းပါးတွင် ဟန်နာဂိုင်း(Hannah Guy) က ရေးသားခဲ့သည်။ သုတေသနများအနေဖြင့် မူရင်းဓာတ်ပုံကို အလွဲအမှားဖြစ်အောင် ပြုလုပ်ဖြန့်ဝေမှုအပေါ် အများဆုံးအထူးပြု အာရုံစိုက်လေ့လာခဲ့သော်လည်း မိမိတို့မှာ ဤဓာတ်ပုံအလွဲများ မည်သို့ဖြန့်ဝေခဲ့သည်၊ အသုံးပြုသူများအပေါ် ယင်းတို့၏သက်ရောက်မှုများ ဘယ်လောက်ရှိသည်ဆိုသည့်အချက်နှင့် ပတ်သက်၍ များများစားစား မသိရှိကြကြောင်းလည်း သူမက ရေးသားခဲ့သည်။

လန်ဒန်တိုက်ခိုက်မှုနောက်ပိုင်းတွင် အကျော်ကြားဆုံးလှည့်ကွက်များထဲမှ တစ်ခုမှာ “တိုက်ခိုက်မှုပေါ် ဗြီတိသျှ၏ တကယ့်တုံ့ပြန်မှု” ကိုသရုပ်ဖော်ပြသည့် လန်ဒန်မြေအောက်ရထားပုံ အတုတစ်ခုပင်ဖြစ်သည်။ ဤပုံကို ဓာတ်ပုံထုတ်စက်တစ်ခုအား အသုံးပြုဖန်တီးခဲ့ခြင်းဖြစ်သည်။ နောက် ၂ နှစ် အကြာတွင်လည်း အတုလုပ်လှည့်ကွက်ထွင်သူများသည် ဆိုရှယ်မီဒီယာပေါ်မှ လူထောင်ပေါင်းများစွာကို လှည့်စားရန်အလို့ဌာ အဆင်သင့်ရနိုင်သော ဝက်(ဘ)ဆိုက်ကရိယာများ(Web tools)အား အသုံးပြုနေဆဲပင်။

သို့ဆိုလျှင် သတင်းမှားများအနေဖြင့် ဘာလုပ်ရမည်နည်း။
“ဒါဟာ စက်ရပ်သတင်း(အထူးသတင်း) အပေါ် ရူးသွပ်မှုစစ်စစ်ဖြစ်ပါတယ်”ဟု ဂျေကော့က ပြောသည်။ “ဘယ်ဓာတ်ပုံကိုမှ အစစ်အမှန်တန်ဖိုးရှိတယ်လို့ ယူဆလို့မရနိုင်ပါဘူး။ အစိုးရသတင်းရင်းမြစ်တွေကလာတဲ့ ဓာတ်ပုံတွေကိုတောင် အတည်ယူလို့မဖြစ်ဘူး” ဟု သူကဆိုပါတယ်။

Poynter.org

%d bloggers like this: