သူငယ်ချင်းတို့ရေ…
အမြန်လမ်း ၁၆၅ မိုင် ဆွာချောင်းတံတား ကျိုးသွားပြီဆိုတဲ့သတင်းမှားနဲ့ ပတ်သက်ပြီး သတင်းမှားတွေထွက်ရှိနေတဲ့အပေါ် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး ဖေ့ဘွတ်ပေ့ချ်ကနေ တင်ထားတာကို ပြန်လည်ကူးယူဖော်ပြ ပေးလိုက်ပါတယ်နော်။
အမြန်လမ်းမကြီးတစ်လျောက်. ခရီးသွားလာနေသည့် ပြည်သူများ အတွက်. အမြန်လမ်းမတွင်ဖြစ်ပွားသည့် ထူးခြားဖြစ်စဉ် နှင့် ထိခိုက်ဒဏ်ရာရရှိ ဖြစ်စဉ်များကို. သိရှိစေရန်. အမြန်လမ်းမကြီးရဲတပ်ဖွဲ့ မှူးရုံးမှ အချိန်တပြေးညီ ထုတ်ပြန် အသိပေးလျက်ရှိပါသည်
သို့ ရာတွင်. ပြည်သူများ အထိတ်တလန့် စိတ်အနှောင့်အယှက် ဖြစ်စေရန်. လူ ပုဂ္ဂိုလ်တစ်ချို့ မှ. သတင်း အမှားများလုပ်ကြံ ဖော်ပြလျက်ရှိရာ. ယနေ့  ဇူလိုင်လ(၂၆) ရက် ညနေ တွင် လူမှုကွန်ယက် ၌ ဆွာချောင်းတံတား ၁၆၅ မိုင် ကျိုးကြောင်း. ဖော်ပြလျက်ရှိပါသည်
အဆိုပါ သတင်းသည်. မှန်ကန်မှု မရှိကြောင်းနှင့်  ပြည်သူများ စိုးရိမ် ထိတ်လန့် မှု မဖြစ်စေရန်. အသိပေးအပ်ပါသည်
( ယမန်နှစ် ဖြစ်စဉ်. ၂၀၁၈ ခုနှစ်သြဂုတ်လ ၂၈ ရက်ကို ပြန်လည်ဖော်ပြခြင်း မဟုတ်ပါ)