Home>>ဆောင်းပါး>>သတင်းတု၊ သတင်းမှားတွေဒဏ်ခံနေရတဲ့ ဟောင်ကောင်
ဆောင်းပါး

သတင်းတု၊ သတင်းမှားတွေဒဏ်ခံနေရတဲ့ ဟောင်ကောင်

သူငယ်ချင်းတို့ရေ…

သတင်းတု သတင်းမှားတွေနဲ့ ပတ်သက်ပြီး 7Day Daily ဖော်ပြပေးထားတဲ့ သတင်းဆောင်းပါးလေးကို သူငယ်ချင်းတို့လည်း လေ့လာလို့ရအောင် ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

Byဟက်ကာOn Tue, 2019-07-30 03:43Issue No.No. 2193, Tuesday, July 30, 2019

တရုတ်တင့်ကားတွေ နယ်စပ်မှာရောက်နေပြီဆိုလား။ မဟုတ်ပါ။ ရဲတစ်ယောက်ရဲ့ လက်ညှိုးကို ဆန္ဒပြသူတစ်ယောက်က ကိုက် ဖြတ်လိုက်တဲ့ ပုံတွေကော။ ပုံအတု ကြီးပါ။ ဟောင်ကောင်နေပြည်သူ များသည် သတင်းတု၊ သတင်းမှား၊ မဟုတ်မမှန် ဝါဒဖြန့် ရန်တိုက် သတင်းများ၏တိုက်ခတ်မှုကို အ သည်းအသန်ခံနေကြရသည်။

ဟောင်ကောင်ဆန္ဒပြမှုများ တွင် ပြည်သူများစွာ ပါဝင်လာကြ ပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်မှုမှသည် ရုန်းရင်းဆန်ခတ် အဓိကရုဏ်းအသွင်သို့ မကြာမ ကြာ ပြောင်းလဲသွားသည်ဝယ် အွန်လိုင်းကောလာဟလများ၊ သို့ လော သို့လော ပြဿနာယောင် များ၊ အွန်လိုင်းဆရာကြီးဆိုသူတို့ ၏ ထင်မြင်ခန့်မှန်းချက်များ ကြောင့် အများပြည်သူတို့ စိတ် ရှုပ်ထွေးလာရပြီး အပြန်အလှန် မယုံကြည်မှုများ ပေါ်ပေါက်လာ စေခဲ့သည်။

၂၀၁၁ ခုနှစ်က တောင်ကိုရီး ယားတပ်ဖွဲ့ဝင်များ ချီတက်သည့် ဗီဒီယိုဖိုင်မှ မြင်ကွင်းတစ်ခုကို ပြုပြင်၍ တရုတ်တပ်များက ဟောင် ကောင်ဆန္ဒပြသူများကို နှိမ်နင်း ရန် ဝင်ရောက်လာပြီဟူ၍ မဟုတ် မမှန်ဖြန့်ချိသည့် ဓာတ်ပုံတုများ ကြောင့်လည်း ဆန္ဒပြမှုများ ပိုမို ကြီးထွားလာခဲ့ရပြီး ဟောင်ကောင် ပြည်သူများအကြားတွင် နိုင်ငံရေး ဝိဝါဒကွဲပြားမှုများကိုလည်း ပိုမို ပေါ်ပေါက်လာစေခဲ့သည်။

သတင်းတု၊ သတင်းယောင် မဟုတ်မမှန် ဝါဒဖြန့်မှုကို ခံရသော လူဦးရေမှာ အံ့သြတုန်လှုပ်ဖွယ် ရာပင်။

67291431_2388332278052484_425584581329027072_n

(ဟောင်ကောင်ရဲများက ဆန္ဒပြသော အမျိုးသမီးများကို သေနတ်ဖြင့်ပစ်သည်ဆိုသော သတင်းအမှားဖြစ်ကြောင်း AFP က ဖော်ထုတ်တင်ဆက်ထားမှု)

ဟောင်ကောင်ပြည်သူများ အား နှိမ်နင်းရန် တရုတ်တင့်ကား များ ချီလာပြီဟူသည့် လုပ်ကြံ သတင်းဗီဒီယိုဖိုင်တစ်ခုကို တစ်စုံ တစ်ဦးက တွစ်တာအကောင့်တစ် ခုတွင် တင်ခဲ့ရာ ခဏချင်းပင်လျှင် ကြည့်ရှုသူ ရှစ်သိန်းမျှ ရှိသွားခဲ့၏။ ယင်းသည် အဆိုပါအကောင့်တစ် ခုတည်းတွင် ကြည့်ရှုသူအရေအ တွက်မျှသာ ရှိသေး၏။ ထပ်မံ၍ မျှဝေသူတို့တွင် ကြည့်ရှုသူဦးရေ မပါသေးချေ။

ထို့ကြောင့် ဟောင်ကောင် အာဏာပိုင်များက လူမှုကွန်ရက် တွင် လက်ရှိပေါ်ပေါက်နေကြ သော သတင်းမှားများနှင့်ပတ် သက်၍ မဟုတ်မှန်ကြောင်း ချက် ချင်း ဆိုသလိုပင် ထုတ်ပြန်ကြေ ညာခဲ့ပြီး ထပ်ခကာ ထပ်ကာလည်း ထုတ်ပြန် ကြေညာခဲ့သည်။ ဟောင်ကောင်ရှိ အစိုးရရုံး အ ဆောက်အအုံများကို ကာကွယ် ရန် တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော်ကို ပြည်မမှ ခေါ် ယူသည်ဆိုခြင်းမှာလည်း မဟုတ် မှန်ကြောင်း၊ ကောလာဟလမျှ သာဖြစ်ကြောင်းကိုလည်း အကြိမ် ကြိမ်ဖြေရှင်းခဲ့ရသည်။

‘‘အဲဒီသတင်းတွေဟာ လုံးဝ မဟုတ်မှန်သလို လုံးလုံးကို မှား ယွင်းတဲ့ သတင်းတွေဖြစ်ပါတယ်’’ ဟု ဟောင်ကောင်အာဏာပိုင်တို့ က ရှင်းလင်းထုတ်ပြန်ခဲ့သည်။

ဟောင်ကောင်ရဲတပ်ဖွဲ့ သည်လည်း သတင်းတု၊ သတင်း ယောင်၊ မဟုတ်မှန်သတင်းတို့၏ ပစ်မှတ်ဖြစ်ခဲ့၏။ ဆန္ဒပြအမျိုးသ မီးတစ်ဦး၏မျက်နှာအား ဟောင် ကောင်ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်သည်ဆိုသော ဗီဒီယိုဖိုင်မှာ မဟုတ်မှန်ကြောင်းကို AFP သတင်းဌာနက ဖော်ထုတ်ကာ ကူညီဖြေရှင်းတင်ပြပေးခဲ့ကြရ သည်။

ဟောင်ကောင် မင်းသား၊ မင်းသမီးများ ဆန္ဒပြမှုတွင် ပါဝင် လာကြပြီဟူသော ဓာတ်ပုံအတု၊ သတင်းအတုကိုလည်း AFP သတင်းဌာနကပင် မဟုတ်မှန် ကြောင်း ဖော်ထုတ်တင်ပြပေးခဲ့ သည်။

‘‘ရဲတပ်ဖွဲ့နှင့်ပတ်သက်လို့ အဲဒီလိုမဟုတ်မမှန်သတင်းတွေ၊ ကောလာဟလတွေ ပြန့်သွားတာ ကြောင့် ပြည်သူလူထုနဲ့ ဟောင် ကောင်ရဲတပ်ဖွဲ့အကြားမှာ သပ် လျှိုသလိုဖြစ်ခဲ့ရပါတယ်’’ဟု ရဲ တပ်ဖွဲ့မှ ပြောကြောင်း AFP သတင်းဌာနမှ ဆိုသည်။

ပြည်သူအကြား ထိုးဖောက်သွေး ခွဲကြခြင်း

ဆန္ဒပြမှုနှင့် ရုန်းရင်းဆန်ခတ်ဖြစ်မှု ဗီဒီယိုများနှင့် ဓာတ်ပုံများကို သေသေချာချာ ရွေးချယ်တည်း ဖြတ်ပြင်ဆင်ထားကြပြီး လူအများ ကြည့်ရှုရာ လူမှုကွန်ရက်များတွင် လျင်မြန်စွာ ဖြန့်ချိခြင်းသာမျှမက Weibo (သို့မဟုတ်) WhatsApp ကဲ့သို့သော Chat ဂရု(ပ်)များတွင် ပါ ဖြန့်ချိကြသည်။

‘‘အဲဒီလို မဟုတ်မမှန်ရန် တိုက်ပေးတဲ့သတင်းတွေကြောင့် တစ်ဖက်ပိတ်အမြင်တွေ ဖြစ်လာ ကြပြီး ရင်ကြားစေ့ဖို့ အင်မတန် ခဲယဉ်းလာတတ်ပါတယ်’’ဟု သတင်းစာပညာပါမောက္ခနှင့် သတင်းတု၊ သတင်းမှား ကျွမ်းကျင်သူပညာရှင် မာဆာတိုကာဂျီမိုတို က ပြောသည်။

လူမှုကွန်ရက်ဂရု(ပ်)များ၊ Chat ဂရု(ပ်)များကို အခြေခံ၍ သတင်းမှားများ ပျံ့နှံ့နေစဉ်တွင် သတင်းမီဒီယာအချို့၏သတင်း တင်ဆက်မှုများကလည်း ပြဿနာကို မီးမွှေးသည့်နှယ်ဖြစ်တတ် သေးကြောင်း မစ္စတာ ကာဂျီမိုတို က ပြောပါသည်။

‘‘သတင်းဌာနတွေကတော့ ပြည်သူတွေအကြားမှာ ဘာသ တင်းတွေ ဘယ်လိုပျံ့နှံ့နေကြ တယ်၊ ဘယ်လိုတွေ ပြောဆိုနေ ကြတယ်ဆိုတာကို သတင်း ထောက်က ရိုးရိုးသားသားတင်ပြ တာပါပဲ။ ဒါပေမဲ့ ခုလိုသတင်းတု၊ သတင်းမှားတွေ အင်မတန်မှကို ပျံ့နှံ့တဲ့ခေတ်မှာ သတင်းဌာနတွေ ဟာ သေသေချာချာ စုံစမ်းအ တည်မပြုရသေးတဲ့ သတင်းတွေ ပြည်သူကို အရမ်းမတင်ပြသင့်ပါ ဘူး’’ဟုလည်း ပါမောက္ခ မာဆာ တိုကာဂျီမိုတိုက ပြောသည်။

သတင်းထောက်များကို အ ကျပ်ကိုင်၍ သတင်းထုတ်လွှင့် ခိုင်းခြင်းများရှိကြောင်းကိုလည်း သတင်းသမားများက ရှင်းပြကြ သည်။ ရဲအရာရှိတစ်ဦး၏လက် ချောင်းများအား ဆန္ဒပြသူတစ်ဦး က ပလိုင်ယာများဖြင့် ညှပ်သည် ဆိုသော သတင်းမှားတစ်ခုကို အ ကျပ်ကိုင်၍ ထုတ်လွှင့်ခိုင်းခြင်းခံခဲ့ ရကြောင်း ဟောင်ကောင်ပုဂ္ဂလိ က သတင်းထုတ်လွှင့်သူများ သမဂ္ဂက ယခုလအတွင်း ရှင်းလင်းချက်ထုတ်ပြန်ခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ စုံ စမ်းစစ်ဆေးမှုပြုလုပ်နေကြောင်း သက်ဆိုင်ရာ သတင်းဌာနက ဆို သည်။

များလွန်းတဲ့သတင်းတွေ

‘‘သတင်းတွေက မတန်တဆများပြားလွန်းတာကြောင့် သာမန် ပြည်သူတစ်ယောက်အနေနဲ့ ဘယ်ဟာက အစစ်၊ ဘယ်ဟာက အတု ဆိုတာကို ဆုံးဖြတ်ဖို့ အင်မတန် ခဲယဉ်းလာပါတယ်’’ ဟု ဆန္ဒပြသူ တစ်ဦးက ပြောသည်။

ယခုနှစ်များတွင် သတင်း အ စစ်အမှန်ဟုတ်၊ မဟုတ်ကို စိစစ် ပေးသော သတင်းဌာနကြီးများနှင့် လွတ်လပ်သောအဖွဲ့များ ကမ္ဘာ တစ်ဝန်းတွင် ပေါ်ပေါက်လာခဲ့ကြ သည်။

AFP သတင်းဌာန၏ Asia Fact-Check ဝန်ဆောင်မှုကလည်း ဟောင်ကောင်ဆန္ဒပြမှုများ နှင့်ပတ်သက်သည့် သတင်းတု၊ သတင်းမှားများကို တစ်ဒါဇင်မျှ မက ဖော်ထုတ်ပေးခဲ့သည်။ အင်္ဂ လိပ်ဘာသာဖြင် ဖော်ထုတ်တင် ပြပေးခဲ့ခြင်းဖြစ်သည်။

ဒေသခံ မီဒီယာအဖွဲ့အစည်း များကလည်း ဆန္ဒပြမှုနှင့်ပတ် သက်သည့် သတင်းတု၊ သတင်း မှားများကို ဖော်ထုတ်၍ တရုတ် ဘာသာဖြင့် တင်ပြပေးခဲ့ကြ သည်။

သို့ရာတွင် သတင်းမှန်စစ် ဆေးတင်ပြပေးမည့် အဖွဲ့များမှာ ကမ္ဘာနှင့်အဝန်းတွင် လိုအပ်နေဆဲ ပင်ဖြစ်၏။

‘‘ဘက်မလိုက်ဘဲ ယုံကြည် စိတ်ချရတဲ့ မီဒီယာတွေက အခုလို ကွဲနေတဲ့နှစ်ဖက်ကို ရင်ကြားစေ့ ပေါင်းကူးမပေးနိုင်ကြဘူးလား’’ ဟု ဟောင်ကောင်တွင် ကျောင်း လာတက်နေသူ တရုတ်ပြည်မမှ ကျောင်းသားတစ်ဦးက ပြော သည်။

ကိုးကား- Information over-load: Fake news war divides and confuses Hongkonger
(ဆောင်းပါးရှင် ဟက်ကာသည် နိုင်ငံရေး ၊ မျက်မှောက်ရေးရာနှင့် ဘာသာပြန်ဆောင်းပါးများ ရေး သားနေသူဖြစ်သည်။)

7Day Daily

%d bloggers like this: