သူငယ်ချင်းတို့ရေ…
လူမှုကွန်ရက်တွေပေါ်မှာ လူအများစိတ်ဝင်စားမှုပေါ် မူတည်ပြီး ဖန်တီးရေးသားထားတဲ့ သတင်းမှားတွေ အမျိုးမျိုးတွေ့ရတတ်ပါတယ်။ သတင်းတုတွေမှာ ဖော်ပြလေ့ရှိတာက တရားဝင် သတင်းမီဒီယာတွေ၊ page၊ website တွေမှာဖော်ပြလေ့ရှိတဲ့ သတင်းအရေးအသားပုံစံတိုင်း အသွင်ယူရေးသားလေ့ရှိပါတယ်။ ဒီလိုသတင်းတုတွေနဲ့ ပတ်သက်ပြီး တွေးပြီးမှယုံရဲ့ တွေ့ရှိချက်လေးကို ဖော်ပြပေးလိုက်ပါတယ်။
ဒီသတင်းကတော့ “လတ်တလောဖြစ်ပေါ်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး သာ/ယဉ် ဝန်ကြီးအား ဒေါ်အောင်ဆန်းစုကြည် ခေါ်ယူတွေ့ဆုံ”ခဲ့တယ်ဆိုတဲ့ သတင်းဟာ အွန်လိုင်းပေါ်မှာ တော်တော်လေး ပျံ့နှံ့နေတာကို တွေ့ရပါတယ်။
(၁) ဒီသတင်းနဲ့ ပတ်သက်ပြီး တရားဝင်သတင်းမီဒီယာတွေနဲ့ တရားဝင်သတင်းနှင့်ပြန် ကြားရေးပေ့ချ်တွေမှာ လည်း ဖော်ပြထားတာမရှိပါဘူး၊
(၂) သတင်းမီဒီယာတွေမှာ တွေ့ရအတိုင်း သတင်းရေးသားသူနာမည်ကို အလွယ်တကူထည့်သွင်းရေးသားထား တာကို တွေ့ရပါတယ်၊
(၃) လူအများစိတ်ဝင်စားတဲ့ သတင်းအချက်တွေနဲ့ သတင်းတစ်ပုဒ်လုံးကို လုပ်ကြံဖန်တီးထားခြင်းဖြစ်ပါတယ်။
သူငယ်ချင်းတို့လည်း…
လူမှုကွန်ရက်ပေါ်မှာ သတင်းတစ်ပုဒ်ကို ဖတ်ရတဲ့အခါ သတင်းအရင်းမြစ်ကို တရားဝင် သတင်းမီဒီယာတွေမှာ လည်း ဖော်ပြထားခြင်း ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်။ ဒီလိုတိုက်ဆိုင်စစ်ဆေးကြည့်မှသာ လုပ်ကြံဖန်တီးထားတဲ့ သတင်းမှားတွေရဲ့ အန္တာရယ်ကနေကင်းဝေးကြမှာပါ။