Home>>ဆောင်းပါး>>မဟာဗျူဟာမြောက် ဂျင်းထည့်ခြင်း
ဆောင်းပါး

မဟာဗျူဟာမြောက် ဂျင်းထည့်ခြင်း

သူငယ်ချင်းတို့ရေ…

7Day Daily ရဲ့ နောက်ထပ်ဆောင်းပါးလေးတစ်ပုဒ်ကို တွေးပြီးမှယုံရဲ့ သူငယ်ချင်းတို့အတွက် လေ့လာလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ မဟာဗျူဟာမြောက် ဂျင်းထည့်ခြင်းဆိုတဲ့ သတင်းဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
“ဂျင်းနိုင်ငံရေး သည် သတင်းအချက်အလက်များနှင့် လှမ်းသောကျေးလက် တွင် အောင်မြင်သည့်သဘောဖြစ်သည်” ဆက်လက်ပြီး 7Day Daily ရဲ့ ဆောင်းပါးလေးကို အပြည့်အစုံဖတ်လို့ရအောင် အောက်ကလင့်ခ်လေးမှာ ဝင်ကြည့်လိုက်နော်။

Byလင်းဆက်ငြိမ်းချမ်းOn Mon, 2019-07-29 03:42Issue No.No. 2192, Monday, July 29, 2019

လိုင်းကားပေါ်ကိုယ့်ကိုယ် ကိုယ် အထိုင်ချပြီး မကြာမီ တစ်နေ့တာ ခေါင်းခဲခဲ့သမျှ မျက်လုံးက အလို လိုလေးလာသဖြင့် မှိတ်ချလိုက်သည်။ အိပ်ချင်နေသောမျက်လုံးက မှိတ်ပြီးသိပ်မကြာလိုက်အသိစိတ်သည်လည်း တံခါးပိတ်သွားသည်ဟု ထင်၏။

အသိတစ်ချက် ပြန်အဝင် အိပ်ချင်မူးတူးဖြင့် ကြည့်လိုက် တော့ ကွန်ကရစ်တောအုပ်အ လွန် သန်လျင်မြို့သို့ပင်ရောက် ပြီ။ အချိန်က ည ၆ နာရီဝန်းကျင်။ အမှောင်ကစတင်အရိပ်ထိုးနေပြီ မို့ အစိမ်းရောင်ရှုမျှော်ခင်းများ သည်ပင် မှိုင်းညို့နေသလို။ မြင် ရ၊ ကြည့်ရသိပ်မလန်းသလို မျက် လုံးက နောက်ထပ်အိပ်ချင်သေး ကြောင်း သတင်းပို့နေသဖြင့် မျက်လုံးကို ပြန်မှိတ်လိုက်သည်။ ကျွန်တော်သွားနေတာက သား နှင့်မယားနေထိုင်ရာ သုံးခွမြို့ဆီ။

နောက်တစ်ကြိမ်ထပ်နိုးလာ တော့ သုံးခွမြို့နယ်အစ ပုလဲ ကျေးရွာသို့ပင်ရောက်ပြီ။ ကား ပေါ်တွင် ခရီးသည်အလွန်ဆုံးရှိမှ ၁၀ ယောက်ကျော်သာကျန်တော့ သည်။ ခေါင်းကလန်းနေပြီမို့ ကျွန်တော့်ရှေ့နှစ်ခုံကျော်တွင် လက်သီးလက်မောင်းတန်းနေ သောအသံကို နားစွင့်မိသည်။ လက်သီးလက်မောင်းတန်းနေသူ က အသက်(၃၅)ဝန်းကျင်အရွယ်။ ကျန်နားထောင်သူနှစ်ဦးက အ သက်(၃၀)ဝန်းကျင်အရွယ်။

‘‘စဉ်းစားကြည့်ဗျာ။ ကာရာ အိုကေဆိုင်မှာ သီချင်းဆိုတာ တောင် သီချင်းအပုဒ်ရေအလိုက် အခွန်ကောက်မယ်တဲ့’’။ လက်သီး လက်မောင်းတန်းနေသူ၏ ပေါက် ကွဲဆပြင်းနေသာအသံကို ကြား ရသဖြင့် ကျွန်တော်မျက်လုံးပြူး သွားသည်။

ကျွန်တော်သိထားသောသ တင်းက ကေတီဗီများတွင် ဆိုနေ သောသီချင်းများကို ဂီတအစည်း အရုံးက မူပိုင်ခွင့်ဥပဒေအရ အနု ပညာကြေး ကောက်ခံမည့် သ တင်း။ ပုဂ္ဂလိက FM များတွင် သီ ချင်းအသုံးပြုခကောက်ခံနေသလို မျိုး။ ထိုသို့အနုပညာကြေး ကောက်ခံရန်မှာလည်း အခုချက် ချင်းမဟုတ်။ အခုမှ အိုင်ဒီယာရ သည့်သဘောမျိုးမို့ ကြာဦးမည့် သဘော။ ယင်းအနုပညာကြေး ကောက်ခံမှုမှာ မည်သည့်အခွန် နှင့်မျှမဆိုင်။ အစိုးရနှင့်လည်း မဆိုင်။ သီချင်းတစ်ပုဒ်ကို ဖန်တီး လိုက်သော အရေး၊ အတီး၊ အဆို နှင့် ဂီတအစည်းအရုံးနှင့်သာ သက်ဆိုင်သည့်ကိစ္စ။

သို့သော် ယခုကြားနေရတာ က ကာရာအိုကေတွင် မိမိဆို သော သီချင်းအပုဒ်ရေအတိုင်း အခွန်ဆောင်ရတော့မည်တဲ့။ အ စိုးရနှင့် ပြည်သူကို တိုက်ပေး သော အလိမ်အညာဂျင်းသတင်း က လူမှုကွန်ရက်ပေါ် ချက်ချင်းဆို သလို လှမ်းဂျင်းထည့်ပုံရသည်။ နားထောင်နေသူတစ်ဦးက ထို ဂျင်းသတင်းအပေါ် သိပ်မသင်္ကာ။ ‘‘အဲဒါတော့ မဖြစ်နိုင်ဘူးထင် တယ်’’

‘‘ဒီမှာဖြစ်နိုင်လို့ ဖေ့စ်ဘွတ်ခ် မှာ သတင်းပါနေပြီ’’

လက်သီးလက်မောင်းတန်း နေသူက ဖုန်းဖေ့စ်ဘွတ်ခ်ကို ဖွင့် ပြကာ ထိုသို့ဆိုလိုက်တော့ နား ထောင်နေသူနှစ်ဦးက ဘာမှ မပြောနိုင်။ သူတို့နှစ်ဦး၏ စိတ်ထဲ ဖေ့စ်ဘွတ်ခ်ထဲပါလာလျှင် အ ကုန်မှန်သည်ဟု ယူဆကြပုံရ သည်။

‘‘ခင်ဗျားတို့ ဘယ်ပါတီမဲပေး ခဲ့သလဲ’’ ဟု လက်သီးလက်မောင်း တန်းနေသူက ထပ်မေးတော့ သူ တို့နှစ်ဦးက ‘‘အမေစုကို’’ ဟု ပြန် ဖြေသံကြားရသည်။

‘‘ကဲ..အခုခင်ဗျားတို့တွေ့ပြီ မဟုတ်လား။ ခင်ဗျားတို့အားကိုး တကြီးမဲပေးခဲ့တဲ့အမေစုက သီ ချင်းဆိုတာတောင် အခွန်ကောက် မယ်ဆိုတော့ နောက်ဆို ချေးပါ ရင်တောင် အခွန်ကောက်ဦး မလားပဲ။ ကျွန်တော်တို့အစိုးရ လက်ထက် ခင်ဗျားတို့ကို ဘာအ ခွန်ကောက်ခဲ့လဲ။ ကျွန်တော်တို့ က ပြည်သူကို အခွန်ကောက်ပြီး ဒုက္ခမပေးဘူး….’’ ဟု လက်သီး လက်မောင်းတန်းနေသူက ထပ် ဟောသည်။

သိုက်တူးကန်ကျေးရွာနှင့် သုံးခွမြို့ကြားတွင် နားထောင်သူ ရွာသားနှစ်ဦးဆင်းသွားသည်။ သူ တို့စိတ်ထဲ အတုအယောင်သတင်း ကို အမှန်ဟုယူဆသွားကြပုံလည်း ရသည်။ သူတို့ဆီကနေတစ်ဆင့် ရပ်ထဲရွာထဲနောက်ထပ်ဘယ်နှ ယောက်ဆီ သတင်းမှားက ထပ် ပွားဦးမည်လဲမသိ။ ပြီးတော့ အ ခွန်ကောက်ခြင်းသည် နည်းမှန် လမ်းမှန်လုပ်ငန်းစဉ်ဖြစ်ပြီး ယင်း အခွန်ငွေများကို နိုင်ငံ့အသုံးစရိတ် အဖြစ် ပြန်အသုံးချသည်ကိုရော သူတို့ သိမှသိပါလေစဟုလည်း တွေးကြည့်ကာ သက်ပြင်းချမိ သည်။

လက်သီးလက်မောင်းတန်း သူက ဂျင်းသတင်းကို အမှန်ဟု ယူဆပြီး ပြောခြင်းလား၊ မှားမှန်း သိလျက်လိမ်လည်ဝါဒဖြန့်ခြင်း လားတော့မသိ။ ထိုပုဂ္ဂိုလ်မှာ မည်သူမည်ဝါလဲမသိ။ သို့သော် သူ၏လုပ်ရပ်က အောင်မြင်သည့် သဘောရှိသည်။ ဂျင်းနိုင်ငံရေး သည် သတင်းအချက်အလက် များနှင့် လှမ်းသောကျေးလက် တွင် အောင်မြင်သည့်သဘောဖြစ် သည်။

အထူးသဖြင့် လူမျိုးဘာသာ အသုံးချအောက်လမ်းနိုင်ငံရေး သည် ၂၀၁၅ ရွေးကောက်ပွဲမတိုင် မီကစလို့ ကျေးလက်ဒေသများသို့ မဟာဗျူဟာမြောက်စိမ့်ဝင်ခဲ့သ လို အထိုက်အလျောက်အောင် မြင်မှုလည်းရခဲ့သည်။ ထို့ကြောင့် ပင် ထင်ရာမြင်ရာများဖြင့် ဂျင်း နိုင်ငံရေးသည် ယနေ့ထိတိုင် ဒုက္ခ ပေးနေဆဲဖြစ်သည်။

ဥပမာ- ၂၀၁၈ ခုနှစ်နိုဝင် ဘာ ၂၃ ရက်က ပျော်ဘွယ်မြို့ နယ်ကျေးလက်ဖွံ့ဖြိုးရေး လွှတ် တော်ရန်ပုံငွေနှင့်ပတ်သက်၍ လူ ထုတိုင်ပင်ဆွေးနွေးပွဲတွင်ဖြစ် သည်။ လူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ သည့် ရုပ်သံဖိုင်၌ ပြည်ခိုင်ဖြိုးအ မတ်ဦးတင်စိုး၏ ဟောပြောမှုက ဖျားလောက်ဖွယ်ရာ။

‘‘ကြံ့ခိုင်ရေးက လွှတ်တော် ကိုယ်စားလှယ်တွေက ပြည်သူလူ ထုရဲ့ဆင်းရဲမွဲတေမှုကို လွှတ် တော်မှာ မေးခွန်းမေးတယ်။ အ ဆိုတင်တယ်။ မဲခွဲတော့ NLD က ကန့်ကွက်တယ်။ ခင်ဗျားတို့ ကြီး ပွားချမ်းသာမယ့်ကိစ္စကို NLD အစိုးရက လိုက်ပိတ်ပင်နေတဲ့ကိစ္စ ကို ပြောချင်တာ။ နေပြည်တော် ကြီး ဘယ်သူတည်သွားသလဲ။ အမြန်လမ်းမကြီးဘယ်သူဖောက် သွားလဲ။ ဦးသန်းရွှေပဲ ဖောက် သွားတာလေ။ တစ်နိုင်ငံလုံးမှာ သိန်း ၆,၀၀၀ ပဲ ကုန်တယ်လေ။ ကွန်ကရစ်လမ်းရော၊ တံတား ရော အပြီးအစီး။ အခုဒီအစိုးရက နိုင်လွန်ကတ္တရာလမ်းလေးခင်း တယ်။ ခြောက်လက်မထု၊ လေး လက်မထုလေးခင်းတာကို တစ် မိုင်ကို သိန်းပေါင်း ၂၇,၀၀၀ တဲ့။ ကွာသွားတဲ့ ၂၁,၀၀၀ က ဘယ် ရောက်သွားလဲသိလား။ ရခိုင်မှာ ရှိတဲ့ ကုလားတွေ အိမ်ဆောက် ပေးနေတာလေ’’

ထည့်လိုက်သည့်ဂျင်းက မည်သည့်အချက်အလက်မှမပါ။ အတုံးလိုက် အတစ်လိုက်တွေ ချည်းဆိုတော့ ပါးစပ်အဟောင်း သားဖြင့် နားထောင်ရသည်အထိ ဖြစ်ရသည်။ ထိုသို့သောဂျင်းမှာ ပြည်သူဘယ်နှဦးကို အဟုတ်ကြီး ထင်အောင် ဆွဲဆောင်နိုင်ခဲ့သလဲ တော့မသိ။

ဟော..အခုလည်းထပ်လာ ပြန်ပြီ။ ဒီတစ်ခါဂျင်းကြီးက မည် သည့်ပရိယာယ်မျှမပါ။ တည့်ကို ထည့်သည့်ဂျင်းအမျိုးအစားဟု ဆိုရမည်လားမသိ။ ဇူလိုင် ၂၃ ရက်နံနက်ပိုင်းကဖြစ်သည်။

ပြည်ခိုင်ဖြိုးတာဝန်ရှိသူများ ၏ လှုပ်ရှားမှုများကို ဖော်ပြနေ သော Competitor အမည်ရှိ လူ မှုကွန်ရက်စာမျက်နှာမှနေ၍ ‘‘နေ ပြည်တော်စည်ပင်ရိပ်သာတွင် နေထိုင်သည့် လွှတ်တော်ကိုယ် စားလှယ်တစ်ဦး အရက်သေစာ မူးယစ်ပြီး ၎င်းအခန်းတွင် ဗုံး ထောင်ထားသည်ဟု ရဲစခန်းကို သတင်းပို့ခဲ့’ ခေါင်းစဉ်ဖြင့် တင် လိုက်သော ဂျင်းသတင်းဖြစ် သည်။

ဇူလိုင် ၂၃ ရက်နံနက် ၉ နာ ရီတွင် မန္တလေးတိုင်းဒေသကြီးမဲ ဆန္ဒနယ်အမှတ်(၉)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦး မောင်မောင်ဆွေ(ခ)ကိုဆွေက အမှတ်(၁)မြို့မရဲစခန်းသို့ တိုင် ကြားခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ ဝင်များ လာရောက်စစ်ဆေးရာ ထူးခြားမှုမရှိကြောင်း၊ သောက် စားမူးယစ်ပြီး ဖုန်းဆက်တိုင်ကြား ခြင်းဟု မျက်မြင်သက်သေများက ဆိုကြောင်းစသည်ဖြင့် ရေးသား ခဲ့ခြင်းဖြစ်သည်။

သောက်စားမူးယစ်ပြီးဖုန်း ဆက်သည်ဟု စွပ်စွဲထားသော လွှတ်တော်အမတ်၏ အတည်ပြု ချက်မပါ။ ရဲစခန်းအတည်ပြုချက် လည်းမပါသော အခြေအမြစ်မရှိ သည့်သတင်း။ နေပြည်တော်တွင် လွှတ်တော်ကျင်းပနေသည့်အ ချိန်။ အထူးသဖြင့် ပြည်ထောင်စု လွှတ်တော်သို့ အခြေခံဥပဒေပြင် ဆင်ရေးပူးပေါင်းကော်မတီ၏ အ စီရင်ခံစာတင်သွင်းပြီးစအချိန်။ ပြီးတော့ ဒီချုပ်လွှတ်တော်ကိုယ် စားလှယ်တစ်ဦးကို မူးယစ်ရမ်း ကားနေသူအဖြစ် ပုံဖော်ထား ခြင်း။

ထို့အပြင် အဆိုပါဂျင်းသ တင်းကို မှတ်ချက်ပြုမျှဝေသူအ ချို့က အမျိုးသားလွှတ်တော်အ မတ်ဦးမောင်မောင်ဆွေကို ပုဂ္ဂိုလ် ရေးတိုက်ခိုက်ရုံတင်မက ၎င်း၏ မိခင်ပါတီ NLD ကိုတိုက်ခိုက်ရုံ တင်မက NLD ကိုမဲပေးခဲ့သော ပြည်သူများကို ‘သောက်ပိန်း ၁၂ သန်းတို့ရေ’ ဟူ၍ ပြည်သူကိုပါ စော်ကားသောအကောင့်လည်း ရှိကြောင်း တွေ့ရသည်။

Competitor လူမှုကွန်ရက် စာမျက်နှာကို တာဝန်ခံသူမှာ ဦး သိန်းစိန်အစိုးရလက်ထက်သမ္မတ ရုံးအရာရှိတာဝန်ထမ်းခဲ့သူ ဦး အောင်ပိုင်မင်း၊ ဒီချုပ် အစိုးရ တက်ချိန်တွင် ရာထူးမှနုတ်ထွက် ခဲ့သူဖြစ်ကြောင်း မီဒီယာတို့ကဆို သည်။

ယင်းသတင်းမှာ မည်သို့ သောရည်ရွယ်ချက်များရှိလေသ နည်း။ အကြောင်းမဲ့တော့မဖြစ် တန်ရာ။ ပြည်သူများကြား ခဏ တဖြုတ်ယုံသွား၊ လန့်သွားလည်း မနည်းဘူးဆိုသည့် အချိုးမျိုး လား။ ဂျင်းလိုလို၊မသိလို့မှားမိတာ လိုလိုဖြင့် ခြိမ်းခြောက်သည့်သ ဘောမျိုးလားမသိ။

နေပြည်တော်တွင် ဗုံးလန့် ပြီး နောက်တစ်ရက် ဇူလိုင် ၂၄ ရက်နံနက်က ရန်ကုန်၊ သင်္ဃန်း ကျွန်းမြို့နယ်အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ရုံးရှေ့၌ အမှန်အကန် ဗုံးတစ်လုံးကို တွေ့ရှိခဲ့သည်။ ယ ခုဆောင်းပါးရေးနေသည့် ဇူလိုင် ၂၈ ရက်နံနက်ထိတိုင် ဗုံးအမျိုး အစားနှင့် ဗုံးလက်သည်မိ၊ မမိ ကို ပြည်သူများမသိသေး။ သေချာ တာက ဒီချုပ်ရော ပြည်သူကိုပါ လူသတ်လက်နက်ပြကာ ခြိမ်း ခြောက်လိုက်ခြင်းဖြစ်သည်။

သို့သော် သင်္ဃန်းကျွန်းဗုံးနှင့် ပတ်သက်သည့် နောက်ဆက်တွဲ ဂျင်းသတင်းတော့ လူမှုကွန်ရက် ပေါ် တက်မလာသေးဟုထင်၏။ ယခုကဲ့သို့ ဗုံးအထားခံရခြင်းမှာ သင်္ဃန်းကျွန်းမြို့နယ်မှ ဒီချုပ်ပါ တီဝင်တို့၏ လုံခြုံရေးအမြင်အား နည်းခြင်းကြောင့်ဖြစ်ပြီး အစိုးရ ဆိုသည်မှာ လုံခြုံရေးအမြင်အား ကောင်းရန်လိုကြောင်းဆိုသည့် ပုံစံမျိုး ဂျင်းသတင်းတစ်ပုဒ်မကြာ ခင် ထပ်တက်မလာဟုမည်သူပြောနိုင်မည်နည်း။။

(ဆောင်းပါးရှင် လင်းဆက်ငြိမ်းချမ်းသည် နိုင်ငံရေးနှင့် မျက်မှောက်ရေးရာ ဆောင်းပါးများ ရေးသားနေသူဖြစ်သည်)

credit# 7Day Daily

%d bloggers like this: