သူငယ်ချင်းတို့ရေ…
နေ့စဉ် လူမှုကွန်ရက်စာမျက်နှာဆိုတာ အသုံးပြုနေသူတွေအတွက် သတင်းအချက်အလက်တွေ စဉ်ဆက်မပျက်စီးဆင်းနေတဲ့ နေရာတစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒီလို လူမှုကွန်ရက်သတင်းတွေကိုလည်း မျက်စိမှိတ်ယုံကြည်လို့မရဘူးဆိုတာကို တွေးပြီးမှယုံရဲ့ သူငယ်ချင်းတွေလည်း သိရှိဖြစ်မှာပါ။
အခုလည်း “NLD ပါတီ လူကြီးတစ်ဦးထံမှ ပေါက်ကြားလာသော လျှို့ဝှက်သတင်း”ဆိုတဲ့ သတင်းတုဟာ အွန်လိုင်းပေါ်မှာ ပြန့်နှံ့နေတာကိုတွေ့ရှိရပါတယ်။ ဒီသတင်းဟာ Like ၁၀၀၀ ကျော်၊ Comment ၁၀၀၀ ကျော်၊ Share ၄၀၀၀ ကျော် ရှိပါတယ်။
(၁) ဒီသတင်းဟာ တိကျခိုင်မာမှုမရှိတဲ့ အချက်တွေနဲ့ ထင်ယောင်ထင်မှားဖြစ်အောင် အချက် (၄) ချက်နဲ့ ဖော်ပြထားပြီး
(၂) ၂၀၁၇ ခုနှစ်က သတင်းမှားကို ပြန်လည်ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါတယ်။
သူငယ်ချင်းတို့လည်း…
သတင်းတစ်ပုဒ်ကို ဖတ်မိတဲ့အခါ ဒါမှမဟုတ် ပြန်လည်ကိုးကားဖော်ပြတော့မယ် ဆိုရင် သတင်းပါအချက်အလက်တွေ တိုက်ဆိုင်စစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်။ အွန်လိုင်းပေါ်မှာ ဒီလို ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ထားတဲ့ သတင်းတွေဟာ စိတ်ဝင်စားမှုများတဲ့ သတင်းတွေပေါ် အခြေခံပြီး ဖန်တီးတတ်ကြတာကို သတိပြုမိဖို့ တိုက်တွန်းလိုက်ပါတယ်နော်။