သူငယ်ချင်းတို့ရေ…
သတင်းမှားတွေပြုလုပ်သူတွေဟာ စွပ်စွဲရေးသားမှုတွေ၊ တဖက်သက် ဝေဖန်သုံးသပ်မှုတွေနဲ့ ထင်ယောင်ထင်မှား ဖြစ်အောင်ပြုလုပ်လေ့ရှိပါတယ်။ ဒီလို သတင်းတုတွေကို အလွယ်တကူမယုံကြည်ကြဖို့ တွေးပြီးမှယုံက ထပ်ပြီး အသိပေးလိုက်ပါတယ်နော်။
ဒီတစ်ခါလည်း “အင်းစိန်ရွာမ ဆရာတော်ကြီးထံ သူရဦးအောင်ကို သွားရောက်တောင်းပန်” တယ်ဆိုတဲ့ သတင်းအတုဟာ အွန်လိုင်းပေါ်မှား ပြန့်နှံ့နေတာတွေ့ရပါတယ်။
ဒီသတင်းတုကို page တွေ group တွေမှာလည်း အလွယ်တကူကိုးကားဖော်ပြနေကြတာ တွေ့ရပါတယ်။
(၁) သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက အင်းစိန်ရွာမ ဆရာတော်ကြီးထံ သွားရောက်တွေ့ဆုံး ခြင်းမရှိသလို
(၂) သာသနာရေးဝန်ကြီးရဲ့ တရားဝင် သတင်းစာမျက်နှာမှာလည်း ဖော်ပြထားခြင်းမရှိသလို၊ တရားဝင် သတင်းမီဒီယာတွေမှာလည်း ဖော်ပြထားခြင်းမရှိပါဘူး။
သူငယ်ချင်းတို့လည်း…
သတင်းတစ်ပုဒ်ကိုတွေ့တဲ့အခါ တရားဝင် သတင်းမီဒီယာတွေ၊ သတင်းနှင့်ပြန်ကြားရေး စာမျက်နှာတွေမှာ တိုက်ဆိုင်စစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်နော်။