သူငယ်ချင်းတို့ရေ….
ဒီတစ်ခါမှာတော့ ဓာတ်ပုံအတုတွေအသုံးပြုပြီး ရေးသားထားတဲ့ သတင်းပုံစံမျိုးတွေအကြောင်း တွေးပြီးမှယုံက ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ သတင်းတုပြုလုပ်သူတွေဟာ ဓာတ်ပုံတွေကို photoshop ဆော့ဖ်ဝဲလ်အသုံးပြုပြီး လက်ရာ ကျွမ်းကျင်ရင် ကျွမ်းကျင်သလောက် ဓာတ်ပုံတွေဟာအသက်ဝင်တတ်ပါတယ်။ ဒီအသက်ဝင်လာတဲ့ဓာတ်ပုံအတုတွေကပဲ သတင်းအတုလား၊ အစစ်လား ထင်ယောင်ထင်မှားဖြစ်စေတတ်တာကြောင့် သူငယ်ချင်းတို့ သတိပြုမိအောင် နောက်ထပ် သတင်းတစ်ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။
ဒီတစ်ခါမှာတော့ “ကာလုံအစည်းအဝေးပြုလုပ်ပြီး ခြေဥမူဘောင်ကော်မရှင်အဖွဲ့မှ အချုပ်အခြာအာဏာထိပါးမှု များနှင့် ပတ်သက်ပြီး မဖြေရှင်းနိုင်လျှင် အာဏာပြန်သိမ်းမည်ဆိုပြီး NLD ပါတီကို အမိန့်ချမှတ်လိုက်တယ်” ဆိုတဲ့ သတင်းဟာ သတင်းတု တစ်ပုဒ်သာဖြစ်ပါတယ်။
(၁) သတင်းပါ ဓာတ်ပုံဟာ လိုအပ်သလို photoshop နဲ့ ပြုလုပ်ထားတာဖြစ်ပြီး
(၂) သတင်းပါ အကြောင်းအရာ ဓာတ်ပုံတွေဟာ ၂၀၁၈ ခုနှစ် ဇွန်လမှာ ဖော်ပြခဲ့ဖူးတဲ့ သတင်းမှားကို ပြန်လည်ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါတယ်။
သူငယ်ချင်းတို့လည်း…
ဒီလို ဓာတ်ပုံအတုတွေ၊ သတင်းတုတွေဟာ နေ့စဉ်နဲ့အမျှ facebook ပေါ်မှာပျံ့နှံ့နေတာဖြစ်ပါတယ်။ မသင်္ကာစရာကောင်းတဲ့ သတင်းတုတွေ၊ ဓာတ်ပုံတုတွေကို တွေးပြီးမှယုံကို ပေးပို့စစ်ဆေးလို့ ရသလို ကိုယ်တိုင်လည်း google image search မှာ တိုက်ဆိုင်စစ်ဆေးကြည့်လို့ရတယ်ဆိုတာ သတိပေးလိုက်ပါတယ်နော်။