Home>>ပညာပေး>>မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ သတင်းထုတ်ပြန်ချက် ၁၅/၂၀၁၉
ပညာပေး

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ သတင်းထုတ်ပြန်ချက် ၁၅/၂၀၁၉

သူငယ်ချင်းတို့ရေ…

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကနေ အွန်လိုင်းပေါ်က သတင်းအတု သတင်းမှားတွေကို ဖော်ပြနေတဲ့ အွန်လိုင်းဝက်(ဘ်)ဆိုဒ်တွေနဲ့ ပေ့ချ်တွေ ဒုတိယအကြိမ် ထုတ်ပြန်ချက်ကို သူငယ်ချင်းတို့ သိရှိရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ သတင်းထုတ်ပြန်ချက် ၁၅/၂၀၁၉
.
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်၊ ကြာသပတေးနေ့။
.
“သတင်းအတု/ အယောင်များ၊ သတင်းမှားများ နှင့် သတင်းခိုးကူးနေသည့် အွန်လိုင်းဝက်(ဘ်)ဆိုဒ်များ၊ ဆိုရှယ်မီဒီယာ ပေ့ချ်များအား ဒုတိယအကြိမ် ကြေညာခြင်း”

.68343074_2876487182366318_1981967123219480576_n

၁။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့ သတင်းထုတ်ပြန်ချက် အမှတ် (၇/ ၂၀၁၉) အရ သတင်းခိုးကူးမှုများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
.
၂။ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့ ပြန်ကြားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့သော “မီဒီယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တတိယအကြိမ် မဏ္ဍိုင် (၄) ရပ် အလုပ်ရုံဆွေးနွေးပွဲ”တွင် သဘောတူညီချက် (၁၃) ချက်မှ အမှတ်စဉ် (၁၀) တွင် “ သတင်းအတု/အယောင်များ၊ သတင်းမှားများ ရေးသားဖြန့်ဖြူးနေမှုများနှင့် ပတ်သက်၍ သတင်းမီဒီယာများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ဖော်ထုတ်ပြီး ပြည်သူလူထုသို့အသိပေးဖြန့်ဝေ သွားရန်” ဟု ပါရှိသည်။
.
၃။ ၂၀၁၉ ခုနှစ်၊ မေလ (၂၇) ရက် နေ့ကလည်း သတင်းအတု/အယောင်များ၊ သတင်းမှားများနှင့် သတင်းခိုးကူး နေသည့် အွန်လိုင်း ဝက်(ဘ်)ဆိုဒ်များ၊ ဆိုရှယ်မီဒီယာပေ့ချ်များအား ကြေညာပြီးဖြစ်သည်။
.
၄။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် အဘက်ဘက်မှ စိစစ်ပြီးနောက် သတင်းခိုးယူနေသည့် ဝက်(ဘ်)ဆိုဒ် နှင့် ဆိုရှယ်မီဒီယာပေ့ချ်များ၏ အမည်စာရင်းအား ဒုတိယအကြိမ် ကြေညာလိုက်ပါသည်။ ထပ်မံရရှိမည့် သတင်းခိုးကူးသည့် အွန်လိုင်း ဝက်(ဘ်)ဆိုဒ် နှင့် ဆိုရှယ်မီဒီယာပေ့ချ်များကိုလည်း ဆက်လက်ကြေညာမည်ဖြစ်သည်။
.
#credit မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

%d bloggers like this: