Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>လူရွှင်တော် ဖိုက်စတားအဖွဲ့ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်မှ ခေါ်ယူသတိပေးတယ်ဆိုတဲ့ သတင်းမှား
နိုင်ငံရေး

လူရွှင်တော် ဖိုက်စတားအဖွဲ့ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်မှ ခေါ်ယူသတိပေးတယ်ဆိုတဲ့ သတင်းမှား

သူငယ်ချင်းတို့ရေ…

လူမှုကွန်ရက်စာမျက်နှာ တစ်ခုဖြစ်တဲ့ ဖေ့ဘွတ်(စ်)ပေါ်မှာ ပေ့ချ်(စ်)တွေဟာ နာမည်အမျိုးမျိုးနဲ့ မြောက်များစွာရှိကြပါတယ်။ ဒီလိုပေ့ချ်(စ်)တွေကနေ သတင်းတွေကို အလွယ်တကူ ဖတ်လို့ရသလို၊ သတင်းမှားတွေကို သေချာမစစ်ဆေးပဲ ဖော်ပြကြရင်လည်း ဖေ့ဘွတ်(စ်) အသုံးပြုသူတွေဆီကို အလွယ်တကူ ပြန်နှံ့လွယ်ကြပါတယ်။ ဒီလို သတင်းမှားတွေနဲ့ ပတ်သက်လို့ တွေးပြီးမှယုံရဲ့ တွေ့ရှိချက်လေးကို ဖော်ပြပေးလိုက်ပါတယ်။

ဒီတစ်ခါလည်း “လူရွှင်တော်ဖိုက်စကားအဖွဲ့ကို ဝန်ကြီးချုပ်မှ ခေါ်ယူသတိပေးတယ်ဆိုတဲ့” ခေါင်းစဉ်နဲ့ သတင်းမှားဟာ အွန်လိုင်းပေါ်မှာ တော်တော်လေး ပြန့်နှံ့နေတာတွေ့ရပါတယ်။ ဒီသတင်းမှားဟာ အချိန်ကိုက် လုပ်ကြံဖန်တီးထားခြင်းတာဖြစ်ပါတယ်။

Untitled design (1)

(၁) ၁၀.၈.၂၀၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သော သက်ကြီးလူရွှင်တော်များအား ကူညီထောက်ပံ့ရန်အတွက် ဖျော်ဖြေပွဲမှာ လူရွှင်တော်ဖိုက်စကားဖျော်ဖြေတင်ဆက်မှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်က ခေါ်ယူသတိပေးခဲ့ခြင်းမရှိသလို၊
(၂) ဒေါ်အောင်ဆန်းစုကြည်မှလည်း ညွှန်ကြားခဲ့ခြင်းမရှိပါဘူး၊
(၃) သတင်းပါဓာတ်ပုံတွေဟာ ၁၄.၈.၂၀၁၉ ရက်နေ့တွင် သက်ကြီးလူရွှင်တော် ရန်ပုံငွေဘောလုံးပွဲ ကြိုတင်ပြင်ဆင်မှု ပြုလုပ်နိုင်ရန် ရန်ကုန်တိုင်းဝန်ချုပ်နှင့် တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံတွေသာ ဖြစ်ပါတယ်၊
(၄) ဒီသတင်းမှားနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလူရွှင်တော်အသင်းရဲ့ ပြန်ကြားရေး ဦးကောင်းကျော်ကလည်း ဂျင်းသတင်း(သို့)သတင်းမှားသာ ဖြစ်ကြောင်း သူ့ရဲ့ကိုယ်ပိုင်ဖေ့ဘွတ်(စ်) စာမျက်နှာမှာလည်း ပြန်လည်တုန့်ပြန်ထားတာ တွေ့ရပါတယ်။

Untitled design (2)

သူငယ်ချင်းတို့လည်း…

ဒီလိုသတင်းအချက်အလက်တွေမပြည့်စုံပဲ လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေကို တွေ့ရင်အလွယ်တကူမယုံ ကြည်မိဖို့ တိုက်တွန်းလိုက်ပါတယ်နော်။ ကိုယ်တိုင်သတင်းတွေကို မစစ်ဆေးနိုင်ရင် တွေးပြီးမှယုံကို ပေးပို့စစ်ဆေးလို့ရပါတယ်နော်။

%d bloggers like this: