Home>>ဆောင်းပါး>>မြန်မာနိုင်ငံမှ ပိုမိုအချိတ်အဆက်မိလာသော အစစ်အမှန်မဟုတ်သည့် ပြုမူလုပ်ဆောင်မှုများအား ဖြုတ်ချပစ်ခြင်း
ဆောင်းပါး

မြန်မာနိုင်ငံမှ ပိုမိုအချိတ်အဆက်မိလာသော အစစ်အမှန်မဟုတ်သည့် ပြုမူလုပ်ဆောင်မှုများအား ဖြုတ်ချပစ်ခြင်း

နာသီနီယမ် ဇလဲချား၊ ဆိုက်ဘာလုံခြုံရေး မူဝါဒ အကြီးအကဲ။

ယနေ့အချိန်တွင် ဖေ့(စ)ဘုတ်နှင့် အင်စတာဓရမ်ပေါ်ရှိ မြန်မာနိုင်ငံမှ ပိုမိုအချိတ်အဆက်မိလာသော အစစ်အမှန် မဟုတ်သည့် ပြုမူလုပ်ဆောင်မှုများတွင် ပါဝင်နေသည့်အတွက် အကောင့်နှင့် ပေ့(ဂျ်) များစွာကို ကျွန်ုပ်တို့ ဖယ်ရှားပစ်ခဲ့သည်။ ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အများပြည်သူအား ကြိုးကိုင်ချယ်လှယ်ရန် အသုံးပြုမခံရစေလိုသောကြောင့် ဤသို့သော လုပ်ဆောင်မှုမျိုးကို စစ်ဆေးကြည့်ရှု၍ ရပ်ဆိုင်းပစ်ရန် အဆက်မပြတ်လုပ်ကိုင်လျှက်ရှိပါသည်။ ယင်းတို့တင်လိုက်သော အကြောင်းအရာကို မဟုတ်ဘဲ ယင်းတို့၏ လုပ်ဆောင်မှုအပေါ် အခြေခံသည့် ဤပေ့(ဂျ်) များ၊ ဂရုများ နှင့် အကောင့်များအား ကျွန်ုပ်တို့ဖယ်ရှား ပစ်နေပါသည်။ ပြီးခဲ့သည့် နှစ်အတွင်းတွင် ဤလုပ်ဆောင်မှုမျိုးတွင် ပါဝင်ပတ်သက်နေသဖြင့် မြန်မာနိုင်ငံမှ အခြားကွန်ရက်သုံးခုကို ကျွန်ုပ်တို့က ဖြုတ်ချပစ်ခဲ့သည်။

ဤအလွဲသုံးစားပြုမှုကို အမြစ်ဖြတ်ဖယ်ရှားရာတွင် တိုးတတ်မှုရှိသော်လည်း ယခင်က ကျွန်ုပ်တို့ဆိုခဲ့ သကဲ့သို့ ဤကိစ္စမှာ ဆက်လက်တည်ရှိနေဆဲ စိန်ခေါ်မှုတရပ်ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ရှေ့ရောက်ရင် အဆက်မပြတ်တိုးတတ်စေရေးအတွက် ကတိပြုထားခဲ့ပြီးဖြစ်သည်။ ဆိုလိုသည်မှာ ပိုမိုကောင်းမွန်သော နည်းပညာ တည်ဆောက်ခြင်း၊ ဝန်ထမ်းများပို၍ ငှားရမ်းထားရှိခြင်းနှင့် လုံခြုံရေး ကျွမ်းကျင်သူများနှင့် အခြားကုမ္ပဏီများ ပို၍ အနီးကပ်ပူးပေါင်းလုပ်ကိုင်ခြင်းများ ဖြစ်သည်။
ယခုအချိန်အထိ ကျွန်ုပ်တို့ရှာဖွေတွေ့ရှိခဲ့သည်။

ယနေ့တွင် ဖေ့(စ) ဘုတ်အကောင့် ၈၉ ခု ၊ ဖေ့(စ) ဘုတ် ပေ့(ဂျ်) ၁၀၇ ခု၊ ဖေ့(စ) ဘုတ် ဂရု ၁၅ ခုနှင့် အင်စတာဂရမ် အကောင့် ၅ ခုကို မြန်မာနိုင်ငံတွင်းမှ အစပြုလာသည့် အချိတ်အဆက်မိသော မစစ်မှန်သည့် ပြုမူလုပ်ဆောင်မှုများတွင် ပါဝင်နေသည့်အတွက် ကျွန်ုပ်တို့က ဖယ်ရှားပစ်ခဲ့သည်။ ဤလုပ်ဆောင်မှုများ၏ နောက်ကွယ်မှလူများသည် ယင်းတို့၏ အကြောင်းအရာကို မြင့်တင်ရန် ပါဝင်ပတ်သက်မှုကို တိုးမြင့်ရန်နှင့် Group နှင့် Page များကို စီမံခန့်ခွဲရန်အတွက် အကောင့်တုများကို အသုံးပြုကြသည်။ ထိုအထဲမှ အချို့ကို ကျွန်ုပ်တို့၏ အလိုအလျောက် စိစစ်ဖယ်ရှားသည့် စနစ်များက မလှုပ်ရှားနိုင်အောင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ယင်းတို့က တရားဝင်သတင်းနှင့် ဖျော်ဖြေရေးအကြောင်းအရာများကို မကြာခဏပြောင်းလဲ ဖော်ပြလေ့ရှိပြီး ရာဇဝတ်မှု၊ လူမျိုးစု ဆက်ဆံရေး၊ ထင်ပေါ်ကျော်ကြားသူများနှင့် စစ်တပ်ရေးရာများအပါအဝင် နိုင်ငံတွင်းနှင့် ဒေသတွင်း အကြောင်းအရာများအား တင်ခဲ့ကြသည်။ ဤလုပ်ဆောင်မှု နောက်ကွယ်မှ လူများက သူတို့၏ သရုပ်သဏ္ဍန်အစစ်ကို ဖုံးကွယ်ရန် ကြိုးစားခဲ့ကြသော်လည်း ယင်းတို့ထဲမှ အချို့သည် မြန်မာစစ်ဖက်နှင့် ပတ်သက်သော လူပုဂ္ဂိုလ်များနှင့် ချိတ်ဆက်မှုရှိကြောင်း ကျွန်ုပ်တို့၏ စုံစမ်းစစ်ဆေးမှုက တွေ့ရှိခဲ့ရသည်။

• Facebook နှင့် Instagram ပေါ်ရှိ အတုများ – Facebook အကောင့် ၈၉ ခု၊ Facebook Page 107 ခု၊ group 15 ခုနှင့် Instagram Account ၅ ခု။

• လိုက်ပါကြည့်ရှုသူများ – ဤ Page များထဲမှ တခု သို့မဟုတ် တခုထက်ပိုသော Page များကို အကောင့်ပေါင်း ၉၀၀၀၀၀ ခန့်က လိုက်ပါကြည့်ရှုကြပြီး Group တခုတွင် အနည်းဆုံး အကောင့်ပေါင်း ၆၇၀၀၀ ခန့်က ပူးပေါင်းပါဝင်နေကြကာ တခု သို့မဟုတ် တခုထက်ပိုသော ထို Instagram အကောင့်များကို လူပေါင်း ၄၀၀ ခန့်က လိုက်ပါကြည့်ရှုကြသည်။

• ကြော်ငြာထည့်ခြင်း – အမေရိကန်ဒေါ်လာနှင့် ရုရျားရူဘယ်(လ) တို့ဖြင့် ပေးချေရသော Facebook နှင့် Instagram ကြော်ငြာမျာအတွက် အမေရိကန် ဒေါ်လာ ၁၂၀၀ ထက်လျော့နည်းသည်။
ဤဒေသအတွင်း သံသယရှိသော အချိတ်အဆက်မိမိလှုပ်ရှားနေသည့် မစစ်မှန်သောပြုမူလုပ်ဆောင်မှုများ အတွင်း ကျွန်ုပ်တို့၏ အတွင်းပိုင်းစုံစမ်းစစ်ဆေးကြည့်ရှုချက်အရ ဤအကောင့်များကို ကျွန်ုပ်တို့က ဖော်ထုတ် တွေ့ရှိခဲ့သည်။

အောက်တွင်ဤ Page များထဲမှ အချို့က တင်ထားသောအကြောင်းအရာ နမူနာများကို ဖော်ပြထား ပါသည်။
– ရွှေမှုံရတီ ( Myanmar Media Watch)
– အာဖဂန် နစ္စတန် ( မြန်မာ မွတ်စလင်သတင်း )
– စက်လှေနစ်မြုပ်မှုမဟုတ် ( သတင်းရပ်ဝန်း)
– သက်တမ်းရင့် ကုက္ကိုပင်ကြီး ( တိုင်းရင်းသားဒေသ သတင်းများ)
– ဗုဒ္ဓဘာသာမှန်ရင် ကျော်မသွားနဲ့ ( တအောင်းသတင်းများ စုစည်းမှု)

စစ်စစ် ကျွန်ုပ်တို့ လုံခြုံရေးအဖွဲ့၏ လုပ်ဆောင်နေဆဲ စုံစမ်းစစ်ဆေးမှုများမှာ မြန်မာနိုင်ငံအတွင်းရှိ ကျွန်ုပ်တို့၏ လူမှုအသိုက်အဝန်းအား လုံခြုံစိတ်ချရစေရန် အကူအညီပေးရေးအတွက် ကျွန်ုပ်တို့ လုပ်ဆောင် နေသော လုပ်ငန်း၏ အစိတ်အပိုင်းတခုသာ ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် အမုန်းစကားနှင့် သတင်းမှားဖြန့်ချီနေမှုကို ကိုင်တွယ်ခြင်း၊ ပိုမိုကောင်းမွန်သော လက်နက် ကိရိယာများ နှင့် နည်းပညာ တည်ဆောက်ခြင်း၊ ကျွန်ုပ်တို့၏ မိတ်ဖက်ဖွဲ့များနှင့် အစီအစဉ်များအား ပိုမိုနက်ရှိုင်းအောင် ပြုလုပ်ခြင်းနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ခြင်းတို့ကိုလည်း ဆက်လက်လုပ်ဆောင်နေပါသည်။

#credit source

%d bloggers like this: