၂၀၁၉၊ သြဂုတ်၂၀။
(အီရင်အီဂန်၊ ပရိုက်ဗေစီအရာရှိချုပ်၊ မူဝါဒရေးရာနှင့် ဒေးဗစ်ဘေ့ဇာ၊ ထုတ်ကုန်စီမံခန့်ခွဲမှုဒါရိုက်တာ)
အက်(ပ)နှင့် ဝက်(ဘ) ဆိုက်အများအြပားမှာ အခမဲ့ဖြစ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ယင်းတို့မှာအွန်လိုင်းကြော်ငြာမှ အထောက်အပံ့ရနေသောကြောင့်ပင်။ ကိုယ်ရောင်းချနေ သော ကုန်နှင့်ပတ်သတ်၍သာ ပိုဂရုစိုက်ပုံရသောသူများထံသို့ ရောက်ရှိရန်အတွက်စီးပွားရေးလုပ်ငန်းများအနေဖြင့် ကြော်ငြာကဏ္ဍများနှင့်အခြားဝန်ဆောင်မှုများပါသော ယင်းတို့၏ဝက်(ဘ) ဆိုက်များပေါ်မှ လူများ၏အပြန်အလှန်တုံ့ပြန်မှုများနှင့်ပတ်သက်သည့် ဒေတာများကိုမကြာမကြာမျှဝေလ့ရှိကြသည်။ ဤသည်မှာ အင်တာနက်မည်မျှအလုပ်လုပ်သည်ကိုပြသခြင်းဖြစ်သည်။ သို့သော် စမတ်ဖုန်းတလုံးရှိသော လူတိုင်းတွင်အက်(ပ) ၈၀ကျော်ရှိပြီး ထိုအထဲမှ၄၀ခန့်ကိုလစဉ်လတိုင်းအသုံးပြုနေသောအခြေအနေတွင် လူတွေအတွက်မည်သူတွင် သူတို့နှင့်ပတ်သတ်သော သတင်းအချက်အလက်ရှိသနည်းဆိုသည်နှင့် ဤသတင်းအချက်အလက်ကို ဘာအတွက်အသုံးပြုသနည်းဆိုသည်ကို မျက်ခြည်မပျက်ရန်မူ တကယ့်တကယ်တွင်ခက်ခဲနိုင်ပါသည်။ အသုံးများနေပြီဖြစ်သော်လည်း အမြဲတစေကောင်းစွာနားမလည်နိုင်သေးသော ဤအလေ့အထများအား ပိုမိုထင်လင်းစေရေးအတွက်အကူအညီပေးရန်ယနေ့အချိန်တွင် ကျွနု်ပ်တို့ကသင်၏ဖေ့(စ)ဘုတ်ပြင်ပလှုပ်ရှားမှုအား ကြည့်ရှုရန်နှင့် ထိန်းချုပ်ရန်နည်းလမ်းသစ်တခုကို မိတ်ဆက်ပေးနေပါသည်။ ဖေ့(စ)ဘုတ်ပြင်ပလှုပ်ရှားမှု (Off- Facebook Activity) က အက်(ပ) များနှင့်ဝက်(ဘ)ဆိုက်များအကြောင်းအနှစ်ချုပ်တခုကိုသင့်အားတွေ့မြင်စေသည်။ အကယ်၍သင်အလိုရှိပါက ယင်းကသင့်လှုပ်ရှားမှုနှင့်ပတ်သက်သည့်သတင်းအချက်အလက်ကို ကျွနု်တို့ထံပို့ပေးပြီး သင့်အကောင့်မှ ဤသတင်းအချက်အလက်ကို ရှင်းလင်းပေးပါသည်။ ဤသည်မှာဖေ့(စ)ဘုတ်ပေါ် မ မှပိုမိုပွင့်လင်းမြင်သာမှုနှင့်ထိန်းချုပ်မှုကို မကြာသေးမီက ကျွနု်တို့၏ ကြော်ငြာစာကြည့်တိုက်အား ခေတ်မီမွမ်းမံမှုများ (Updates to our Ad Library) ၊ “ဤကြော်ငြာကိုဘာ့ကြောင့်ကျွန်တော်မြင်နေရသလဲ” အား ခေတ်မီမွမ်းမံမှုများ (Update to “Why am I seeing this ad”) နှင့် “ဘာ့ကြောင့်ဤပို့(စ) ကို ကျွန်တော်မြင်နေရသလဲ (Why am I seeing this post) ဟုခေါ်သည့် အစီအစဉ်သစ်တခု စတင်မှုတို့နှင့်အတူ လူအများအားပေးအပ်သည့်နောက်ထပ်နည်းလမ်းဖြစ်သည်။
ဖေ့(စ) ဘုတ်ပြင်ပလှုပ်ရှားမှုဆိုသည်မှာအဘယ်နည်း
ရှူးဖိနပ်ပုံစံသစ်တခုတွင် စိတ်ဝင်တစားရှိသော သူများအားကြော်ငြာများပြသလိုသည့် အဝတ်အစားဝက်(ဘ)ဆိုက်တခုကို စိတ်ကူးကြည့်ပါ။ သီးသန့်ကရိယာတခုပေါ်မှ တစုံတဦးက ဤရှူးဖိနပ်များအားကြည့်ရှုခဲ့ကြောင်းပြောသည့် သတင်းအချက်ကိုဖေ့(စ)ဘုတ်သို့ သူတို့ကပေးပို့နိုင်သည်။အကယ်၍ ဤကိရိယာမှ သတင်းအချက်အလက်သည် တစုံတယောက်၏ဖေ့(စ)ဘုတ်အကောင့်နှင့် လိုက်ဖက်မှုရှိခဲ့လျှင် ကျွန်ုတို့က ဤရှူးဖိနပ်များနှင့်ပတ်သတ်သည့် ကြော်ငြာများအား ထိုသူကိုပြသနိုင်ပါသည်။ ဤအကြောင်း ပိုမိုရှင်းပြနိုင်ရန်အတွက်မှီငြမ်းစရာအချို့ကို ဤတွင်ပြင်ဆင်ပေးလိုက်ပါသည်။
ဖေ့(စ)ဘုတ်ပြင်ပလှုပ်ရှားမှု(Off- Facebook Activity) ကိုအသုံးပြု၍ ဖေ့(စ)ဘုတ်နှင့် အတူ အခြားအက်(ပ)များ၊ ဝက်(ဘ)ဆိုက်များကမျှဝေရယူထားသောဒေတာများအားသင်ကတွေ့မြင်ထိန်းချူပ်နိုင်ပါသည်။ သင့်အနေဖြင့်
– Facebook Pixel သို့မဟုတ် Facebook Login ကဲ့သို့သော ကျွန်ုပ်တို့၏ အွန်လိုင်းစီးပွားရေးလုပ်ငန်းကိရိယာများ (Business Tools) မှတဆင့် အခြားအက်(ပ)များ၊ ဝက်(ဘ)ဆိုက်များမှ ဖေ့(စ)ဘုတ်သို့ပေးပို့သော သတင်းအချက်အလက်အနှစ်ချုပ်တခုကိုတွေ့မြင်နိုင်သည်။
– သင်အလိုရှိပါက သင့်အကောင့်မှ ဤသတင်းအချက်အလက်ကို အဆက်အသွယ်ဖြတ်တောက်ပစ်နိုင်သည်။
– သင့်အကောင့်မှနောက်လာမည့် ဖေ့(စ)ဘုတ်ပြင်ပလှုပ်ရှားမှု (Off- Facebook Activity) ကိုအဆက်အသွယ်ဖြတ်ရန် ရွေးချယ်နိုင်သည်။ သင်သည်နောက်လာမည့် Off- Facebook activity အားလုံးကို၎င်း၊ သီးသန့်အက်(ပ)များနှင့် ဝက်(ဘ)ဆိုက်များသက်သက်ကို၎င်းအဆက်အသွယ်ဖြတ်တောက်ပစ်နိုင်သည်။
ကျွနု်ပ်တို့သည် Off- Facebook Activityကို အိုင်ယာလန်၊ တောင်ကိုရီးယားနှင့်စပိန်တို့ရှိ လူအများအတွက် ရရှိနိုင်အောင် တဖြည်းဖြည်းချင်းစတင်ပြုလုပ်နေပါသည်။ လာမည့်လများအတွင်းလူတိုင်းအတွက် ယုံကြည်စိတ်ချစွာ အလုပ်လုပ်နိုင်စေရန်ဤအစီအစဉ်ကိုနေရာအနှံ့ဆက်လက်ဖြန့်ကျက်သွားမည်ဖြစ်သည်။
(ယခုထုတ်ကုန်၏ နောက်ထပ် စကရင်ရှော့များပါဝင်လာစေရန်၂၀၁၉၊ သြဂုတ်၂၀ရက်၊ ၁၁:၄၀ AMPT တွင်ခေတ်မီအောင်မွမ်းမံပြင်ဆင်ခဲ့သည်။)
သင်၏ Off- Facebook Activity ကိုသင်ရှင်းလင်းပစ်လျှင်ဘာတွေဖြစ်မလဲ။
အကယ်၍သင်က သင့် Off- Facebook Activity ကိုရှင်းလင်းပစ်မည်ဆိုလျှင်ထိုအက်(ပ)များနှင့် ဝက်(ဘ)ဆိုက်များမှကျွန်ုပ်တို့ထံပေးပို့သောဒေတာများမှ သင်၏အမှတ်အသားသရုပ်ဖြစ်သော သတင်းအချက်အလက်များကို ကျွနု်ပ်တို့ကဖယ်ရှားပေးမည်ဖြစ်ပါသည်။ မည်သည့်ဝက်(ဘ) ဆိုက်သို့ သင်ဝင်ရောက်လည်ပတ်ခဲ့သည် သို့မဟုတ် ထိုနေရာတွင် သင်ဘာတွေလုပ်ခဲ့သည်ဆိုသည်ကို ကျွန်ုပ်တို့မသိပါ။ ထို့ပြင် ဖေ့(စ)ဘုတ်၊ အင်စတာဂရမ် သို့မဟုတ် မက်စင်ဂျာတို့ပေါ်တွင် သင့်ထံသို့ပို့သောကြော်ငြာများအား ပစ်မှတ်ထားရန် သင်အဆက်အသွယ်ဖြတ်တောက်ပစ်ခဲ့သောဒေတာတစုံတရာအားလည်း ကျွနု်ပ်တို့က အသုံးပြုမည်မဟုတ်ပါ။
ဤအချက်က သင်၏စီးပွားရေးလုပ်ငန်းပေါ်တွင် ထိခိုက်မှုအချို့ရှိနိုင်သည်ဟု ကျွန်ုပ်တို့ မျှော်လင့်မိသော်လည်း လူအများအား သူတို့၏ဒေတာများအပေါ် ထိန်းချုပ်ခွင့်ပေးခြင်းမှာ ပို၍အရေးပါကြောင်း ကျွန်ုပ်တို့ယုံကြည်ပါသည်။
Off- Facebook Activity သို့သင်ဝင်ရောက်ကြည့်ရှု့သည့်အခါတွင် သင်ပုံမှန်အသုံးပြုသောဝက်(ဘ)ဆိုက်များနှင့် အက်(ပ) များကိုသင်မြင်တွေ့ရပါလိမ့်မည်။ သို့ရာတွင် သင်မမှတ်မိသော ဝန်ဆောင်မှုအချို့ကိုလည်း သင်မြင်တွေ့နိုင်ပါလိမ့်မည်။ ဥပမာအားဖြင့် သင်ဝင်ရောက်ကြည့်ရှ့ခြင်းမပြုခဲ့သည့် ဝက်(ဘ) ဆိုက်တခုသည် သင့်ဖုန်းပေါ်တွင်ပေါ်လာနိုင်ပါသည်။ အကြောင်းမူ မိတ်ဆွေတစ်ယောက်ကယင်းကို သင့်ဖုန်းပေါ်တွင်ကြည့်ရှုခဲ့သောကြောင့်ဖြစ်သည်။
သို့မဟုတ်ပါက သင့်အနေဖြင့် အိမ်သုံးကွန်ပျူတာကို သင့်အပေါင်းအဖော်နှင့် ကလေးသူငယ်များနှင့် အတူ မျှဝေအသုံးပြုခြင်းကြောင့်ဖြစ်ပါသည်။ လူအများ မေးမြန်းနိုင်သောယေဘုယျမေးခွန်းများအား ဖြေဆိုအကူအညီပေးနိုင်ရန် ကျွနု်ပ်တို့၏ အကူအညီပေးရေးဌာန (Help Center) တွင်နောက်ထပ်သတင်းအချက်အလက်များ တင်ပေးထားပါသည်။
ဤအရာကို ကျွန်ုပ်တို့မည်သို့တည်ဆောက်ခဲ့ပုံနှင့် နောက်လာမည့်အရာ
Off- Facebook Activity သည်ကရိယာ အမျိုးအစားသစ်တခုဖြစ်သဖြင့် ကျွန်ုပ်တို့အတွက် လိုက်ပါအသုံးပြုစရာ အခြားပုံစံမရှိပါ။ ကျွနု်ပ်တို့၏အင်ဂျင်နီယာအဖွဲ့များက ကျွန်ုပ်တို့၏စနစ်များအား ပုံစံပြန်လည်ရေးဆွဲခဲ့ကြပြီး သတင်းအချက်အလက်များ စီစဉ်ဆောင်ရွက်ရန် သူတို့အတွက်နည်းလမ်းသစ်တခုကို တည်ဆောက်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် လူအများ၊ ပရိုက်ဗေစီဆော်သြသူများ၊ မူဝါဒရေးဆွဲသူများ၊ ကြော်ငြာရှင်များနှင့် စက်မှုလုပ်ငန်းအုပ်စုများထံမှ အချက်အလက်များရရှိရန် လပေါင်းများစွာကြာ သုတေသနလုပ်ငန်းကိုလည်း ပြုလုပ်ခဲ့ပါသည်။ ကျွနု်ပ်တို့သင်ယူရရှိသည့် အချက်အလက်များအားတုန့်ပြန်သည့်အနေဖြင့် အရေးပါသောအပြောင်းအလဲများကို ကျွနု်ပ်တို့ပြုလုပ်ခဲ့သည်။ ဥပမာအားဖြင့် ကျွနု်ပ်တို့၏ထုတ်ကုန်ပစ္စည်းတိုးတက်ရေးအတွက် လပေါင်းများစွာပြုလုပ်ခဲ့ရာတွင် နောင်လာမည့် အွန်လိုင်းလှုပ်ရှားမှုကို တဦးချင်းစီးပွားရေးလုပ်ငန်းများမှ အဆက်အသွယ်ဖြတ်တောက်ရန် နည်းလမ်းတခုကိုတပြိုင်တည်းမလုပ်ရန် လူအများကတောင်းဆိုခဲ့ကြသည်။ ပရိုက်ဗေစီကျွမ်းကျင်ပညာရှင်တို့ထံမှလည်း အခြားနောင်လာမည့်လှုပ်ရှားမှုကို ပိတ်ထားစဉ်တွင် သီးခြားအက်(ပ) သို့မဟုတ် ဝက်(ဘ)ဆိုက် တခုကို ပြန်လည်ဆက်သွယ်နိုင်ရန် အရေးကြီးကြောင်းကြားသိခဲ့ရသည်။ ထို့ကြောင့်ပင် ကျွနု်ပ်တို့၏ ထုတ်ကုန်ထွက်ရှိမှုကြောင့် နှောင့်နှေးကြန့်ကြာသည့်တိုင် လူအများအနေနှင့် ပိုမိုကောင်းမွန်သောထုတ်ကုန်တခုရရှိနိုင်စေရန်အတွက် ဤရွေးချယ်မှုများကိုတည်ဆောက်ရန် ကျွန်ုပ်တို့ဆုံးဖြတ်ခဲ့ပါသည်။
“ ယူနီလီးဗား ၏ တာဝန်ယူမှု မူဘောင် အစိတ်အပိုင်းတခုအဖြစ် ကျွနု်ပ်တို့သည် ပိုမိုကောင်းမွန်သော ဒစ်ဂျစ်တယ် ဂေဟာစနစ်တခုကို ကျွန်ုပ်တို့၏လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ဖန်တီးသွားရန်သံဓိဌာန်ချထားပါသည်။ ဤ Off- Facebook Activity ကရိယာက လူအများကိုအွန်လိုင်းအတွေ့အကြုံတိုးတက်ကောင်းမွန်စေရန် အကူအညီပေးရင်း သူတို့ကိုယ်ပိုင်ဒေတာများအပေါ်ထိန်းချုပ်မှုနှင့် ပိုမိုကြီးမားသော ပွင့်လင်းမြင်သာမှုကို ဖြည့်ဆည်းပေးရန်ရည်ရွယ်ပါသည်။
ကျွနု်ပ်တို့သည် ဖေ့(စ)ဘုတ်ထံမှ ဤခြေလှမ်းကိုထောက်ခံပြီး သူတို့နှင့် စက်မှုလုပ်ငန်းလုပ်ကိုင်သူအားလုံးအား ဂေဟစနစ်ကိုကြော်ငြာရာတွင် ယုံကြည်မှုကို ပြန်လည်တည်ရေးခရီးတွင် ဆက်လက်လျှောက်လှမ်းရန် အားပေးတိုက်တွန်းလိုက်ပါသည်။”
-လူးဝစ်(စ)ဒီ ကိုမို၊ EVP Global Media, Unilever.
ဤဆောင်းပါးက ပွင့်လင်းမြင်သာမှုနှင့် ထိန်းချုပ်မှုအဆင့်သစ်တခုအား အမှတ်အသားပြုခြင်းဖြစ်ပြီး သည့်ထက်တိုးတက်ကောင်းမွန်ရန်လည်း ကျွနု်ပ်တို့က ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဤကဲ့သို့သော ကရိယာပစ္စည်းများအား မည်ကဲ့သို့ဆက်လက်တည်ဆောက်သွားမည်ဆိုသည်နှင့် ပတ်သက်၍ ပရိုက်ဗေစီကျွမ်းကျင်ပညာရှင်များ၊ မူဝါဒချမှတ်သူများနှင့် အခြားကုမ္ပဏီများနှင့်အတူ ပြောဆိုဆွေးနွေးမှုများကိုလည်း ကျွနု်ပ်တို့ကလက်ကမ်းကြိုဆိုပါသည်။