Home>>သတင်းအတုစစ်ဆေးခြင်း>>တိုင်းရင်းသား>>ဟင်းသီးဟင်းရွက်ခူးနေတဲ့ အမျိုးသမီးတစ်ဦးကို AA တပ်ဖွဲ့ဝင်များမှ မုဒိန်းကျင့်တယ်ဆိုတဲ့ သတင်းမှား
တိုင်းရင်းသား

ဟင်းသီးဟင်းရွက်ခူးနေတဲ့ အမျိုးသမီးတစ်ဦးကို AA တပ်ဖွဲ့ဝင်များမှ မုဒိန်းကျင့်တယ်ဆိုတဲ့ သတင်းမှား

သူငယ်ချင်းတို့ရေ…

သတင်းတုတွေ ပြုလုပ်ကြတဲ့အခါ လူစိတ်ဝင်စားစေနဲ့ အကြောင်းအရာ၊ ဖြစ်စဉ်တွေပေါ် မူတည်ပြီး ရေးဖန်တီးလေ့ရှိပါတယ်။ ဒီလိုသတင်းတုတွေကပဲ သတင်းဓာတ်ပုံတွေကို လိုလို ဖြတ်တောက်ပြီး ခိုင်လုံတဲ့ သက်သေပုံစံနဲ့ လူတွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်တတ်ကြပါတယ်။ ဒီလိုသတင်းမှားတွေနဲ့ ပတ်သက်ပြီး တွေးပြီးမှယုံရဲ့ တွေ့ရှိချက်လေးကို ဖော်ပြပေးလိုက်ပါတယ်။

ဒီတစ်ခါသတင်းကတော့ “ဟင်းသီးဟင်းရွက်ခူးနေတဲ့ အမျိုးသမီးတစ်ဦးကို AA တပ်ဖွဲ့ဝင်များမှ မုဒိန်းကျင့်” တယ်ဆိုတဲ့ သတင်းတုဟာ လွန်ခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က တချို့ group တွေ၊ page ကနေ ဖော်ပြ ကိုးကားနေကြတာ တွေ့ရပါတယ်။

.png

(၁) သတင်းတစ်ခုလုံး လုပ်ကြံဖန်တီးထားတဲ့ သတင်းဖြစ်သလို
(၂) သတင်းပါ ဓာတ်ပုံဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့ RCSS နဲ့ SSPP တို့ တိုက်ပွဲဖြစ်ရာမှာ အသက် (၆၀) ကျော် အမျိုးသမီး ဒေါ်မာလွတ် သေဆုံးခဲ့သည့်ဓာတ်ပုံ(ဧရာဝတီ) ဖြတ်တောက်ပြီး ယူပြီးထားခြင်း ဖြစ်ပါတယ်။

download (2)

သူငယ်ချင်းတို့လည်း…

ဒီလို သတင်းဓာတ်ပုံတွေကို အလွယ်တကူဖြတ်တောက်ပြီး လိုသလို လုပ်ကြံဖန်တီးထားတဲ့ သတင်းတုတွေကို အလွယ်တကူ မယုံကြည်မိဖို့ တိုက်တွန်းလိုက်ပါတယ်။ ကိုယ်နဲ့ သိတဲ့ သူငယ်ချင်းတွေလည်း ဒီလို သတင်းမှားတွေကို ပြန်လည်ကိုးကားနေကြတာတွေ့ရင် အခု post လေးကို ရှယ်ပြီး ပြောပြပေးလိုက်ပါအုံးနော်။

%d bloggers like this: