Home>>သတင်းအတုစစ်ဆေးခြင်း>>တိုင်းရင်းသား>>TNLA နယ်မြေစခန်းတစ်ခုကို တပ်မတော်မှ ရှင်းလင်းရေး ပြုလုပ်တယ်ဆိုတဲ့ သတင်းမှား
တိုင်းရင်းသားနိုင်ငံတကာ

TNLA နယ်မြေစခန်းတစ်ခုကို တပ်မတော်မှ ရှင်းလင်းရေး ပြုလုပ်တယ်ဆိုတဲ့ သတင်းမှား

သူငယ်ချင်းတို့ရေ…

သတင်းမှားဆိုတာ မိမိတို့သုံးစွဲနေတဲ့ လူမှုကွန်ရက်တွေမှာပါ တွေ့ရလေ့ရှိတတ်ပါတယ်။ ဒီလိုသတင်းမှားတွေကို တကယ်ယုံကြည်မိပြီး ပြန်လည်ကိုးကားတာ၊ အချက်အလက်အနေနဲ့ အသုံးပြုတတ်ကြပါတယ်။ သတင်းမှားပြုလုပ်တဲ့သူတွေဟာ ဓာတ်ပုံတွေကို အသုံးပြုပြီး သတင်းခိုင်မာအောင်လို့ ပြုလုပ်တတ်ပါတယ်။

ဒီသတင်းကတော့ “TNLA နယ်မြေစခန်းတစ်ခုကို တပ်မတော်မှ ရှင်းလင်းရေး ပြုလုပ်” ဆိုပြီး သတင်းတစ်ပုဒ်တွေ့ရလို့ တွေးပြီးမှယုံက စစ်ဆေးကြည့်လိုက်တဲ့အခါ သတင်းတုဖြစ်နေတာကို တွေ့ရပါတယ်။

(1)

(၁) သတင်းပါဓာတ်ပုံဟာ အမေရိကန်နိုင်ငံက အီရတ်နိုင်ငံ ISIS တွေ ခြေကုတ်ယူထားတဲ့ ကျွန်းကို အမေရိကန်စစ်လေယာဉ်တွေက တိုက်ခိုက်ခဲ့တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။

(2)

သူငယ်ချင်းတို့လည်း… ဒီလို ဓာတ်ပုံတွေ အကြောင်းအရာတွေ ကိုက်ညီမှုမရှိတဲ့ သတင်းတွေကို အလွယ်တကူမယုံကြည်မိဖို့ တွေးပြီးမှယုံကနေ ဖော်ပြပေးလိုက်ပါတယ်။ google image search၊ reverse image search တို့မှာ ဓာတ်ပုံတွေကို တိုက်ဆိုင်စစ်ဆေးလို့ရပါတယ်နော်။

%d bloggers like this: