Home>>ဆောင်းပါး>>Tik Tok (သို့မဟုတ်) အမုန်းတွေ မီးညှိပေးနေတဲ့ လူမှုကွန်ရက် အပိုင်း (၁)
ဆောင်းပါး

Tik Tok (သို့မဟုတ်) အမုန်းတွေ မီးညှိပေးနေတဲ့ လူမှုကွန်ရက် အပိုင်း (၁)

သူငယ်ချင်းတို့ရေ…

ဟုတ်တယ် vs မဟုတ်ဘူး ပေ့ချ်ကနေ ဘာသာပြန်ပြီး ဖော်ပြထားတဲ့ ဆောင်းပါးလေးကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်နော်။
အိန္ဒိယနိုင်ငံမှာ Tik Tok ကို အပျော်သဘောအသုံးပြုရင်း အမုန်းတရားတွေ၊အမုန်းစကားတွေ ဖြန့်ဖြူးရာ လူမှုကွန်ရက်တစ်ခုဖြစ်လာပါတယ်။ မျိုးရိုးဇာတ်အနိမ့်အမြင့်ခွဲခြား ဆက်ဆံမှုတွေရှိတဲ့ အိန္ဒိယနိုင်ငံမှာ ဒီ app ဟာ ဘယ်လောက်အထိ အမုန်းတရားတွေကို ပွားများစေလဲ။မှုခင်းဖြစ်ရပ်တွေကို တိုးပွားစေသလဲဆိုတာကို ဗြိတိန်နာမည်ကြီး မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ WIRED က ဆောင်းပါးရေးသားဖော်ပြထားပါတယ်။

68957535_2135298700111506_2091095061025521664_n

အချိန်က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၂ရက် ည၈နာရီတွင် ဖြစ်သည်။ အသက်၂၈နှစ်အရွယ် ဗန်ကာတာရာမန်းသည် တောင်ပိုင်းအိန္ဒိယရှိ ရဲစခန်းတစ်ခုထဲသို့ လှမ်းဝင်လာသည် ။ ရဲစခန်းသို့လာရခြင်း၏ ရည်ရွယ်ချက်က သူ၏သူငယ်ချင်းဖြစ်သူ ဗီဂျေးကို လည်စည်းပုဝါဖြင့် လည်ပင်းညှစ်သတ်ခဲ့ခြင်းကို ဝန်ခံရန်ဖြစ်သည်။ အဆိုပါအိန္ဒိယတောင်ပိုင်း တမီးလ်နာဒူရှိ ရဲတပ်ဖွဲ့က ဗန်ကာတာရာမန်းအား ရှာဖွေနေသည်မှာ ရှစ်နာရီခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ သို့သော် လူသတ်မှုကြောင့်မဟုတ် ၅၆စက္ကန့်အချိန်ကြာမြင့်သည့် ဗီဒီယိုဖိုင်တစ်ခုအား Tik Tok တွင်တင်ခဲ့သောကြောင့်ဖြစ်သည်။

“မင်းတို့သတ္တိရှိရင် ငါတို့ကိုလာတိုက်ခိုက်လေ ဒါလစ်ခွေးမျိုးတွေရဲ့ မင်းတို့တွေဟာ အဖိုးတပြားသားမှမတန်တဲ့ ကောင်တွေ မင်းတို့အောက်တန်းစားတွေကို အသေသတ်ပစ်မယ်” လို့ အရက်မူးနေတဲ့ ဟန်ပန်နဲ့ အော်ကြီးဟစ်ကျယ် ပြောသလို သရုပ်ဆောင်ထားတဲ့ ဗန်ကာတာရာမန်းက ဒီဆယ်လ်ဖီ ဗီဒီယိုထဲမှာပြောပါတယ်။ ဒီဗီဒီယိုကို လူသတ်မှုမတိုင်ခင်တစ်ရက်အလိုမှာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဗီဒီယိုကို ရိုက်ဖို့ မြှောက်ပေးခဲ့တဲ့သူကတော့ ဗန်ကာ ရဲ့ သူငယ်ချင်း (အခုအသတ်ခံလိုက်ရတဲ့) အသက် ၁၈နှစ်အရွယ် ဗီဂျေးပဲဖြစ်ပါတယ် ။

ဒီဗီဒီယိုရဲ့ ရည်ရွယ်ချက်ဟာ ဒါလစ်မျိုးနွယ်မှာပါဝင်တဲ့ လူတွေကို စော်ကားထားတာပဲဖြစ်ပါတယ်။ ဒါလစ်မျိုးနွယ်ဆိုတာကတော့ အိန္ဒိယဟင်ဒူမျိုးနွယ်တွေရဲ့ ဇာတ်နိမ့်ဇာတ်မြင့်မျိုးရိုးအဆင့်အတန်းမှာ မျိုးရိုးနိမ့်တယ်လို့ သတ်မှတ်ထားကြတဲ့မျိုးနွယ်တွေပဲဖြစ်ပါတယ်။ ဒါလစ်မျိုးနွယ်တွေဟာ အိန္ဒိယနိုင်ငံလူဦးရေရဲ့ ၁၇ရာခိုင်နှုန်း လောက်ရှိပြီး ၁၅မိနစ်တိုင်းမှာ တစ်ခါ သူတို့ဟာ ရာဇဝတ်မှုကျူးလွန်ခံရသူတွေဖြစ်ပါတယ်။
Photo credit- WIRED

68953260_2135298720111504_8193607869057204224_n

ဗန်ကာတာရာမန်းရဲ့ ဗီဒီယိုပျံ့နှံသွားတဲ့နောက် သူစော်ကားပြောဆိုထားတဲ့ ဒါလစ်မျိုးနွယ်က ဒေါသထွက်နေတဲ့ ရာချီတဲ့လူအုပ်ကြီးဟာ လမ်းတွေကိုပိတ်ဆို့လိုက်ပြီးတော့ အရေးယူပေးဖို့ အော်ဟစ်တောင်းဆိုကြပါတော့တယ်။ဗန်ကာတာရာမန်းဟာ ပန်းရံသမားတစ်ယောက်ဖြစ်ပြီးတော့ သလာဗီဒူဒေသမှာ သြဇာအာဏာကြီးတဲ့ ဗန်နီယာမျိုးနွယ်ကဖြစ်ပါတယ်။

ဗန်ကာတာရာမန်းကိုသတ်ဖို့ဖြတ်ဖို့ စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးဟာ တဖြည်းဖြည်းများပြားလာပြီး ဒီလူအုပ်ကြီးကို ဖြေလျှော့ပေးဖို့ ရဲတွေကလုံခြုံရေးရယူခဲ့ရပါတယ်။ “အခုလို သူ လာအဖမ်းခံလိုက်တာ တစ်ခုတော့ကောင်းပါတယ်။ လူအုပ်ကြီးရဲ့ဒေါသတွေနည်းနည်းတော့လျော့ သွားမယ်လို့ထင်ပါတယ်”လို့ တီရူတာနီ ရဲစခန်းက ဒုရဲအုပ်ဆာရာဗန်နန်က ပြောပါတယ်။

ဒီဗီဒီယိုကြောင့် အခုလောက်ထိ အုတ်အော်သောင်းနင်းဖြစ်သွားမယ်လို့ ထင်မထားတဲ့ ဗန်ကာနဲ့ဗီဂျေးတို့ဟာ ထွက်ပြေးကြပါတော့တယ်။ ဖေဖော်ဝါရီ ၂၂ရက်နေ့၊မနက် ၁၀နာရီအချိန်ထိ ဈေးပေါတဲ့ အရက်တွေသောက်နေကြရင်း သူတို့နှစ်ယောက်ဟာ ဒီလိုထွက်ပြေးရတဲ့ ကိစ္စ အတွက် တစ်ယောက်နဲ့တစ်ယောက်အပြစ်တင်ပြီး အငြင်းပွားကြပါတော့တယ်။ ငြင်းရင်းငြင်းရင်းနဲ့လည်း ထသတ်ကြပါတော့တယ်။

“ကျွန်တော်စည်းနေကျ လည်စည်းပုဝါကို သုံးပြီး သူ့ကို လည်ပင်းညှစ်သတ်ခဲ့တာပါ။ကျွန်တော် သူ့ခန္ဓာကိုယ်ကိုမှောက်လျက်လှန်လိုက်ပြီး သူ့ကိုမြေမြှုပ်ပေးခဲ့ပါတယ်”လို့ ဒုရဲအုပ်ဆာရာဗန်နန်က ဗန်ကာရဲ့ ဖြောင့်ချက်ပေးတဲ့စကားကို ပြန်လည်ပြောပြပါတယ်။ ဆာရာဗန်နန်ဟာ ဗန်ကာလာအဖမ်းခံတုန်းက သူ့ရဲ့ ဖြောင့်ချက်တွေကို နားထောင်မှတ်သားရတဲ့ ရဲအရာရှိဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာတော့ ဒီလို မီးမွှေးပေးတဲ့ ဗီဒီယိုကို ဖန်တီးပေးတဲ့ ဗီဂျေးကို အပြစ်ဆိုထားပါတယ်။ “သူကဒီအိုင်ဒီယာကို စတဲ့သူပဲ။ လူအုပ်ကြီးဖြစ်လာရတာသူ့ကြောင့်”လို့ ဗန်ကာ က ဒုရဲအုပ် ဆာရာဗန်နန်ဆီမှာ ထွက်ဆိုပါတယ်။
Photo credit- WIRED

69472319_2135298736778169_3579545282016182272_n

ဗီဂျေးသေဆုံးရတဲ့သတင်းကို လူအများကြီးတော့ သတိထားမိကြတာမဟုတ်ပါဘူး။ အိန္ဒိယရဲ့ ဝေးလံခေါင်သီတဲ့အရပ်တစ်ခုမှာ ဖြစ်သွားခဲ့တာကြောင့် လူဦးရေသန်း ၁၃၀၀ ကျော်တဲ့လူထုဟာ ဒီကိစ္စကို သတိမထားမိကြပါဘူး။ ဒါပေမယ့်ဘယ်လိုပဲဖြစ်ဖြစ် အမုန်းစကားတွေဖြည့်ထားတဲ့ ဗီဒီယိုတွေဟာ ဒီရေလိုပဲ Tik Tok ပေါ်မှာ စီးဆင်းနေတာကိုသက်သေပြသွားတဲ့ဖြစ်ရပ်တစ်ခုပါပဲ။ ဒါ့အပြင် Tik Tok ကုမ္ပဏီဟာလည်း ဒီပြဿနာတွေကို ဖြေရှင်းဖို့ ရင်ဆိုင်လာရပြီပဲ ဖြစ်ပါတယ် ။

ဇွန်လနဲ့ ဇူလိုင်လအတွင်း မျိုးရိုးဇာတ်ခွဲခြားတဲ့အမုန်းစကားတွေ၊ ခြိမ်းခြောက်ပြောဆိုမှုတွေ၊ အကြမ်းဖက်ပြောဆိုမှုတွေ၊ လှောင်ပြောင်သရော်မှုတွေ၊ တစ်ဖက်မျိုးရိုးကိုတိုက်ခိုက်စော်ကား ထားတဲ့ တမီးလ်ဘာသာစကားနဲ့ပြောထားတဲ့ ဗီဒီယိုတွေကို Tik Tok မှာ ဗီဒီယို ၅၀၀ကျော်တွေ့ရတယ်လို့ WIRED ကထုတ်ဖော်ခဲ့ပါတယ်။ အသုံးပြုသူတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာမျိုးရိုးတွေကို အလွန်အမင်း ချီးကျူးကြပြီးတော့ သူတို့မျိုးရိုးမဟုတ်တဲ့ အခြား မျိုးရိုးဇာတ်ခေါင်းဆောင်တွေကို စော်ကားပြောဆိုတဲ့ ဗီဒီယိုတွေတင်ကြပါတယ်။ ဒါတွေဟာ အမုန်းကြောင့်ဖြစ်တဲ့ ပြစ်မှုတွေကို လွယ်လင့်တကူ ဖြစ်လာ စေပါတယ်။

အိန္ဒိယနိုင်ငံရဲ့ မျိုးရိုးဇာတ်တည်ဆောက်ပုံက လူတွေရဲ့ သမိုင်းကြောင်းနဲ့အလုပ်အကိုင်တွေပေါ်မူ တည်ပြီးတော့ အလွှာအဆင့်အတန်းအလိုက် ခွဲခြားဆက်ဆံတဲ့စနစ်တစ်ခုဖြစ်ပါတယ်။ ဘုန်းကြီး ၊ စစ်သား၊ လယ်သမား ၊ ကုန်သည် ၊ အလုပ်ကြမ်းသမား ၊ ဒုက္ခသည် စသည်ဖြင့်ခွဲခြားထားတာဖြစ်ပါတယ်။ ဒါလစ်မျိုးနွယ်တွေက ရှေးယခင်တည်းက သူတို့ကို တခြားမျိုးရိုးကထိမိရင် မျိုးရိုးဇာတ်ပျက်တယ်ဆိုပြီး အယူရှိကြတဲ့ အမျိုးအနွယ်တွေ ဖြစ်ကြပါတယ်။ သူတို့ဟာ မျိုးရိုးဇာတ်အဆင့်အတန်းရဲ့ အပြင်ဘက်မှာ ရှိပြီးတော့ အမြဲတမ်းလည်း အနှိမ်ခံ၊အနှိပ်စက်ခံရတဲ့မျိုးရိုးတွေဖြစ်ပါတယ်။

Tik Tok အသုံးပြုသူတွေဟာ သူတို့ကိုယ်သူတို့ မျိုးရိုးဇာတ်အမြင့်ထဲက လာတဲ့သူတွေလို့ သတ်မှတ်ကြပြီး သူတို့မျိုးရိုးတွေရဲ့ သီချင်းတွေနဲ့ သီဆိုကခုန်တဲ့ဗီဒီယိုတွေတင်လေ့ရှိကြပါတယ်။ ဒီလို မျိုးရိုးဇာတ်ခွဲခြား ပြီးတင်တဲ့ဗီဒီယိုတွေက အခြားမျိုးရိုးဇာတ်တွေကို ဗိုလ်ကျတယ်လို့ အခြားမျိုးရိုးက လူတွေက ထင်တဲ့အတွက်ကြောင့် ဗိဒီယိုတွေကနေ လက်တွေ့ဘဝမှာ အကြမ်းဖက်မှုတွေလည်း ဖြစ်သွားနိုင်ပါတယ်။

“လက်တွေ့ကိုမဟုတ်ဘူး။ ကျွန်တော်တို့ကို လာထိရဲ့ကိုင်ရဲတဲ့သူတွေရဲ့ ခေါင်းတွေကိုပါဖြတ်ပစ်ရမှာ ”လို့သူ့ကိုယ်သူ နာဒါမျိုးရိုးကလို့ ကြွေးကြော်ထားတဲ့ လူတစ်ယောက်က ဗီဒီယိုထဲမှာပြောပါတယ်။ နာဒါမျိုးနွယ်က မျိုးရိုးဇာတ်အဆင့်အတန်းမှာ နိမ့်ကျတဲ့မျိုးနွယ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် စီးပွားရေးမှာတော့ အကွက်မြင်တဲ့မျိုးနွယ်တွေဖြစ်ပါတယ် ။ဒီဗီဒီယိုကို Like လုပ်တဲ့လူဦးရေဟာ ထောင်ပေါင်းများစွာရှိပြီးတော့ ဒီဗီဒီယိုအတိုငျး လိုကျသရုပျဆောငျသူတှကေ ၈၉ ယောကျထကျမနညျးရှိတာကိုတှေ့ရပါတယ်။

နောက်ထပ် အသုံးပြုသူတစ်ဦးကလည်း ၁၅စက္ကန့်စာ ဗီဒီယိုတစ်ခုကို တင်လိုက်ပါတယ်။ “မင်းတို့ ပါရိုင်ယာခွေးမျိုးတွေက လူတွေကိုနောက်ကျောဓားနဲ့ထိုးတဲ့ ကောင်တွေ။ ငါတို့လို သတ္တိရှိရှိနဲ့မျ က်နှာချင်းဆိုင်ရင်ဆိုင်ရဲလား။ မင်းတို့ပါရိုင်ယာတွေအကုန်လုံးကိုလိုက်ဖမ်ပြီးသတ်ပစ်လိုက် မယ်”

Tik-Tok ရဲ့အယ်ဂိုရစ်သစ်ကိုအသုံးပြုပြီး ဆွဲယူထားတဲ့ ဒီမျိုးရိုးအကြောင်းပြောထားတဲ့ ဗီဒီယိုတွေကို ရေတွက်လို့တောင်မရတဲ့အကောင့်ပေါင်းများစွာက ပြောဆိုနေကြတာကို WIRED ကတွေ့ရပါတယ်။ဒီ ဗီဒီယိုအတော်များများကို hashtags #ခံပြီး တင်ထားကြတာဖြစ်ပြီးတော့ #နာဒါ #ဗန်နီယာ #သီဗာ #ပါရိုင်ယာ စသည်ဖြင့် တင်ထားတာကိုတွေ့ရပါတယ်။ ဒီလိုအမုန်းစကားတွေပါတဲ့ တချို့ဗီဒီယိုတွေကိုဆိုရင် လူဦးရေသန်းချီ ဝင်ကြည့်ပြီးပါပြီ ။
Photo credit- WIRED

69119903_2135298760111500_6025759612148383744_n

ဒီလို အမုန်းတရားတွေပြည့်နေတဲ့ hashtag ဗီဒီယိုတွေလိုပဲ လူကြိုက်များတဲ့ ရုပ်ရှင်တွေ၊သီ ချင်းတွေကိုအသုံးပြုပြီး သူတို့ရဲ့မျိုးရိုးတွေ ဘယ်လောက်အထိမြင့်မြတ်တယ်ဆိုတာ ဖန်တီးထားတဲ့ ဗီဒီယိုတွေလည်း Tik-Tok ပေါ်မှာရှိနေပါတယ်။ ဒါ့အပြင် မျိုးရိုးဇာတ်မခွဲခြားတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် တုံ့ပြန် ဖန်တီးထားတဲ့ ဗီဒီယိုတွေလည်းရှိနေပါသေးတယ် ။

Tik-Tok ရဲ့ လူမှုညွှန်ကြားချက်တွေကို ချိုးဖောက်ထားတယ်လို့ယူဆရတဲ့ နမူနာဗီဒီယိုတွေကို WIREDက ကုမ္ပဏီကိုပို့ခဲ့ပါတယ်။ “Tik-Tok က လူတွေရဲ့ဖန်တီးနိုင်စွမ်းကို အားပေးကူညီဖို့ရည်ရွယ်တာပါ။ အမုန်းတရားတွေနဲ့ အကြမ်းဖက်မှုတွေ ဟာ ကျတော်တို့ပလက်ဖောင်းပေါ်မှာ နေစရာနေရာမရှိပါဘူး ။ကျတော်တို့ရဲ့ဗီဒီယိုတွေကိုထိန်းချုပ်ကွပ်ကဲတဲ့အဖွဲ့ဟာ၂၄နာရီ၊၇ရက်ပတ်လုံး ပြဿနာဖြစ်စေနိုင်တဲ့ ဗီဒီယိုတွေကို ဖြုတ်ချဖယ်ရှားနေပါတယ်။”လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ဒါပေမယ့်ပြောရေးဆိုခွင့်ရှိသူက သူတို့လည်းပဲ တခြားဆိုရှယ်မီဒီယာတွေလို စိန်ခေါ်မှုပေါင်းများ စွာရင်ဆိုင်နေရတယ်လို့ဝန်ခံပါတယ် ။ အဓိကကတော့ အမုန်းစကားတွေကို စောင့်ကြည့် ထိန်းချုပ်နေရတာဖြစ်ပြီး သူတို့အဖွဲ့ကလည်း ဒီအမုန်းစကားဗီဒီယိုတွေ ထဲက တချို့ကိုမြင်ပြီးပြီလို့ ဆိုပါတယ်။ “WIRED က ကျွန်တော်တို့ကိုမဆက်သွယ်ခင်ကတည်းက ကျွန်တော်တို့က ဒီဗီဒီယိုတွေကို ဖော်ထုတ်ခဲ့ပြီးပါပြီ။နောက်ပြီးတော့ ဖြုတ်ချဖို့လည်း လုပ်ဆောင်နေပါပြီ။ ဒါပေမယ့် တဆက်တည်းမှာပဲ ပိုကောင်းတဲ့နည်းလမ်းဖြစ်အောင်လုပ်ဖို့လည်း ဆောင်ရွက်နေပါတယ် ။

ဒါပေမယ့် လူထုကိုအရင်ကပေးမသိသေးတဲ့အိန္ဒိယနိုင်ငံက အမုန်းစကားတွေနဲ့ပတ်သက်တဲ့Tik Tok မှာကြုံနေရတဲ့အခက်အခဲတွေကို စာရင်းဇယားနဲ့တကွ WIRED ကို ပေးလိုက်ပါတယ်။၂၀၁၈ခုနှစ်၊ နိုဝင်ဘာ ၃၁ရက်နဲ့ ၂၀၁၉ခုနှစ် ဧပြီလ၁၉ရက် ၅လတာအတွင်း ကုမ္ပဏီဟာ အမုန်းစကားတွေနဲ့ ဘာသာရေးတွေအကြောင်းပြောထားတဲ့ ဗီဒီယို ၃၆၃၆၅ခု ကို စည်းကမ်းနဲ့မကိုက်ညီလို့ ဖြုတ်ချခဲ့ပါတယ်။နောက်ထပ် ဗီဒီယို ၁၂၃၀၉ခု ဟာလည်း အန္တရာယ်ရှိစေတဲ့အပြုအမူတွေနဲ့ အကြမ်းဖက်မှုတွေ ပါဝင်တဲ့အတွက်ဖြုတ်ချခဲ့ပါတယ်။ အမုန်းစကားနဲ့ အကြမ်းဖက်မှုတွေကြော င့် ဖယ်ချရတဲ့ဗီဒီယိုအရေအတွက်က အဖော်အချွတ်ညစ်ညမ်း ဗီဒီယိုအရေအတွက်ရဲ့ အဆ ၂၀အထိရှိနေပါတယ် ။

ဒီငါးလတာအတွင်း စောင့်ကြည့်ထိန်းချုပ်သူတွေဆီကို သတင်းပို့တဲ့(report) ဗီဒီယိုဟာ ၆သိန်းကျော် (၆၇၇၅၄၄)ရှိပြီး ဒီထဲကဆယ်ပုံတစ်ပုံစာရှိတဲ့ ဗီဒီယို၆သောင်းကျော်(၆၇၄၃၁)ကိုသာ Tik Tok ရဲ့ လမ်းညွှန်ချက်တွေနဲ့မကိုက်ညီလို့ဖြုတ်ချခဲ့တာဖြစ်ပါတယ်။ တင်ထားတဲ့ ဗီဒီယိုတွေရဲ့ ဝ.၀၀၀၀၆ ရာခိုင်နှုန်းပမာဏကသာ report ပြုလုပ်တဲ့ဗီဒီယိုအရေအတွက်ဖြစ်ပြီး၊အကောင့်တွေထဲက ၁.၀၁ရာခိုင်နှုန်းပမာဏရှိတဲ့အကောင့်တွေသာ report ပြုုလုပ်ခံရလို့ ဖယ်ရှားလိုက်တာဖြစ်တယ်လို့သိရပါတယ်။
Photo credit – WIRED
ဆက်လက်ဖော်ပြသွားပါမည်။

#credit : ဟုတ်တယ် vs မဟုတ်ဘူး

%d bloggers like this: