သူငယ်ချင်းတို့ရေ…
သတင်းတွေဖတ်ပြီဆိုရင် မှန်လား မှားလားဆိုတာ သတိကြီးကြီးထားပြီး ဝေဖန်ပိုင်းခြားဖို့လိုအပ်ပါတယ်နော်။ ဘာကြောင့်လည်းဆိုတော့ သတင်းမှားတွေဟာ နေ့စဉ်အသုံးပြုနေကြတဲ့ဖြစ်တဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အများဆုံး တွေ့ရတတ်လို့ပါပဲ။ ဒီလိုသတင်းမှားတွေကို website တွေ page တွေ group တွေကနေ အလွယ်တကူဖော်ပြတတ်ကြပါတယ်။ သတင်းမှားတွေကို စစ်ဆေးမယ်ဆိုရင် အချိန်တွေ နေ့ရက်တွေကလည်း အလွန်အရေးကြီးပါတယ်။
ဒီတစ်ခါတော့ ဝန်ထမ်းတွေကို SHWE THIT SAR ဆိုတဲ့ website ကနေ “ဝန်ထမ်းများကို လုံလောက်သည့်လစာနှင့်အဆောင်အယောင်ပေးနိုင်ရန် စီစဉ်မည်ဟု အတိုင်ပင်ခံပြော” ဆိုတဲ့ သတင်းမှားနဲ့ ပတ်သက်ပြီး တွေးပြီးမှယုံရဲ့ တွေ့ရှိချက်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
(၁) ဖော်ပြပါသတင်းမှားသည် ၂၀၁၈ ဇူလိုင် ၂၁ ရက်နေ့က သတင်းကို ယခုဖြစ်နေသယောင် ပြန်လည်ဖော်ပြထားခြင်းဖြစ်ပြီး
(၂) သတင်းမှားသည် မူရင်းသတင်းရင်းမြစ်ကို ဖျောက်ဖျက်ပြီး သတင်းဟောင်းကို ထင်ယောင်ထင်မှားဖြစ်အောင် ဖော်ပြထားခြင်းဖြစ်ပါတယ်။
(၃) ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားခရီးစဉ်အနေနဲ့ ဂျပန်နိုင်ငံတို့ ရောက်ရှိနေခြင်းဖြစ်ပါတယ်။
သူငယ်ချင်းတို့လည်း…
အချိန်တွေ နေ့ရက်တွေကို အလွယ်ဖျောက်ဖျက်ပြီး ဖော်ပြလေ့ သတင်းတု သတင်းမှားတွေ တွေ့တဲ့အခါ အလွယ်တကူမယုံကြည်ပဲ တရားဝင်သတင်းမီဒီယာတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီးမှ ယုံကြည်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။ အကယ်လို့ သတင်းတုတွေကို တိုက်ဆိုင်စစ်ဆေးဖို့ အချိန်မရတဲ့အခါ တွေးပြီးမှယုံကို ပေးပို့စစ်ဆေးလို့ရပါတယ်နော်။ ဒီသတင်းမှားကို စစ်ဆေးဖို့ ပေးပို့လာတဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်နော်။