Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံတကာ>>တရုတ်ပြည်မှ ဝီဂါမွတ်ဆလင်များအား အာဏာပိုင်များမှ ညှဉ်းပန်းနှိပ်စက်နေပုံဆိုတဲ့ သတင်းဓါတ်ပုံ အတု
နိုင်ငံတကာဘာသာရေးလူမျိုးရေး

တရုတ်ပြည်မှ ဝီဂါမွတ်ဆလင်များအား အာဏာပိုင်များမှ ညှဉ်းပန်းနှိပ်စက်နေပုံဆိုတဲ့ သတင်းဓါတ်ပုံ အတု

သူငယ်ချင်းတို့ရေ……

ဒီကနေ့ Zaw Min Htike ဆိုတဲ့ Facebook Account ကန “ တရုတ်ပြည်မှ ဝီဂါမွတ်ဆလင်များအား အာဏာပိုင်များမှ ညှဉ်းပန်းနှိပ်စက်နေပုံများ ထွက်ပေါ်လာ..”ဆိုတဲ့ Caption နဲ့ လူတွေကို ရက်ရက်စက်စက် ညှဉ်းပန်းနေတဲ့ ပုံတွေ တတ်လာပါတယ်။
တွေးပြီးမှ ယုံကနေ သတင်းဓါတ်ပုံကို စစ်လိုက်တဲ့အခါမှ မမှန်ကန်ကြောင်းတွေ့ရပါတယ်။
သတင်းဓါတ်ပုံတွေဟာ ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့က Weifang City Labor Camp လို့ခေါ်တဲ့ အလုပ်သမားစခန်းတခုမှာ အလုပ်သမားတွေကို နှိပ်စက်တဲ့ နည်းတွေအကြောင်း အစီရင်စာ ထုတ်ခဲ့တုန်းက ပုံတွေကို ယူသုံးထားတာပါ။

ဒီသတင်းအတုဟာ ပိုစ့်တင်တဲ့ (၈) နာရီအတွင်းမှာ ပြန်လည်မျှဝေသူ (၂၀၀) ကျော်ရှိနေပါပြီ။ ဒီလို သတင်းဓါတ်ပုံအတုတွေကို ယူသုံးပြီး မမှန်မကန်တဲ့ ခေါင်းစဉ်တွေတပ်ပြီး သတင်းတုတွေကို ဖြန့်ဝေတဲ့ ပိုစ့်တွေ တွေ့တဲ့ခါ တွေးပြီးမှယုံရဲ့ သူငယ်ချင်းတွေအနေနဲ့ အလွယ်တကူ မယုံကြဖို့နဲ့ သတင်းတုကို မျှဝေပြီး သတင်းအချက်အလက် အမှားတွေကို ဖြန့်ဝေတဲ့သူမဖြစ်အောင် ဂရုပြုကြစေချင်ပါတယ်။

%d bloggers like this: