သူငယ်ချင်းတို့ရေ…
ဆရာတော် ဒေါက်တာနန္ဒာမာလာဘိဝိသံ ပါမောက္ခချုပ် တာဝန်မှ အနားယူခြင်းနဲ့ ပတ်သက်ပြီး သတင်းတုတွေ ပြန်နှံ့နေတာကို တွေ့ရှိရပါတယ်။ သတင်းမှားပြုလုပ်တဲ့သူတွေဟာ လူတွေစိတ်ဝင်စားမှုကို အဓိက ပစ်မှတ်ထားပြီး ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်လေ့ရှိပါတယ်။
ဒီလိုပြုလုပ်တဲ့သူတွေဟာ သတင်းခေါင်းစဉ်တွေ သတင်းဓာတ်ပုံတွေကို ပြုပြင်ပြီး သူတို့ရဲ့ထင်မြင်ချက်တွေ ယူဆချက်တွေကို သတင်းဖတ်ရှုသူတွေကိုပေးလေ့ရှိတယ်ဆိုတာ သူငယ်ချင်းတို့လည်း သတိပြုမိကြမှာပါ။
ဆရာတော် အနားယူခြင်းနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ တွေ့ရှိရတဲ့ သတင်းမှား သတင်းတုတွေကို ဖော်ပြပေးလိုက်ပါတယ်နော်…
(၁) ဦးသိန်းစိန်နှင့် နီးစပ်၍ ပါချုပ်ဆရာတော်ကို ရာထူးမှဖြုတ် (သတင်းမှား)
(၂) ပါချုပ်ဆရာတော်ကို အစိုးရက ဖိအားပေး၍ နှုတ်ထွက်ခိုင်း (သတင်းမှား)
(၃) နေပြည်တော်မှာ ကျင်းပတဲ့ ဒေါင်းပြတိုက်ဖွင့်ပွဲ မတက်ရောက် ပါချုပ်ဆရာတော်ကို NLD အစိုးရက ဖိအားပေး ခြိမ်းခြောက် (သတင်းမှား)
သတင်းမှန်
သူငယ်ချင်းတို့လည်း…
အွန်လိုင်းပေါ်မှာ စိတ်ဝင်စားစရာ သတင်းတစ်ခုကို တွေ့ပြီဆိုရင် အလွယ်တကူ မယုံကြည်ပဲ တရားဝင် သတင်းမီဒီယာတွေ၊ တရားဝင် ပြန်ကြားရေးပေ့ချ်/ဝက်ဆိုဒ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး သတင်းတွေကို ပြန်လည်ကိုးကားဖော်ပြကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။