Home>>သတင်းအတုစစ်ဆေးခြင်း>>တိုင်းရင်းသား>>ဉီးဝှေ့တင်သေဆုံးကြောင်းထုတ်ပြန်သည့် AA ကြေညာချက်အတုဖြစ်
တိုင်းရင်းသားနိုင်ငံရေးလူမျိုးရေး

ဉီးဝှေ့တင်သေဆုံးကြောင်းထုတ်ပြန်သည့် AA ကြေညာချက်အတုဖြစ်

သူငယ်ချင်းတို့ရေ ………
ဒီညနေပိုင်းမှာ တက်လာတဲ့သတင်းလေးတစ်ခုဟာ လူသိများနေသလို၊ လူအများစိတ်ဝင်းတစားရှိနေတာကို တွေ့ရပါတယ်။ တွေးပြီးမှယုံ ကိုလည်း အဲ့သတင်းမှန်၊ မမှန်ကို သူငယ်ချင်းတစ်ယောက်က စစ်ဆေးပေးဖို့လာပို့ထားတာလဲရှိပါတယ်။

အဲ့သတင်းက AA တပ်မတော်မှ ဖမ်းဆီးထားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင် သေဆုံးခြင်းနှင့် ပတ်သက်၍ မိသားစုဝင်များနှင့်အတူ ဝမ်းနည်းကြေကွဲရပါကြောင်း ထုတ်ပြန်ကြေညာချက် ဆိုတဲ့ ကြေညာချက် ပဲဖြစ်ပါတယ်။

ဒီကြေညာချက်ကို တွေးပြီးမှယုံ ကနေစစ်ဆေးကြည့်တဲ့အခါ ကြေညာချက်မှာပါတဲ့ ရက်စွဲဟာ တန်ဆောင်မုန်းလပြည့်နေ့၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာ (၁၅) ရက်နေ့ဆိုပြီး ရေးထားတာကိုတွေ့ရပါတယ်။ အမှန်တကယ် တန်ဆောင်မုန်းလပြည့်နေ့ဟာ နိုဝင်ဘာလ(၁၁) ရက်နေ့ဖြစ်ပါတယ်။ ကြေညာချက်မှာ ရေးထားတယ့် ရက်စွဲဟာ မှားယွင်းနေကြောင်း တွေ့ရပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့တွင် AA မှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်မှာ စစ်တပ်နှင့် သုံ့ပန်းချင်းလဲလှယ်လိုကြောင်း ထုတ်ပြန်ခဲ့သည့် ကြေညာချက်ပဲဖြစ်ပါတယ်။

ဒါကြောင့် ယခု သူငယ်ချင်းတို့ဆီ ရောက်နေတဲ့ ဦးဝှေ့တင် သေဆုံးသည် ဆိုသည့် ကြေညာချက်မှာ အတုဖြစ်တယ်ဆိုတာကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ကြေညာချက်အတုကို တင်တဲ့ အကောင့်တစ်ခုဟာ တစ်နာရီအတွင်း Share 133 ရှိနေတာကိုလည်းတွေ့ရပါတယ်။ သတင်းတုသတင်းမှား ဖန်တီးသူတွေဟာ သူငယ်ချင်းတို့ စိတ်ဝင်စားမှုများသည့် အကြောင်းအရာ၊ လက်လှမ်းမမီနိုင်တဲ့ အကြောင်းအရာများကို အမြဲ သတင်းတု၊ သတင်းမှားများ ဖန်တီးနိုင်တာကို သူငယ်ချင်းတို့အနေနဲ့ သတိမလွတ်ရအောင် တွေးပြီးမှယုံက မျှဝေပေးလိုက်ပါတယ်နော်။ သူငယ်ချင်းတို့ရဲ့ သူငယ်ချင်းတွေလဲ သတင်းတု၊ သတင်းမှားတွေကို သတိထားမိအောင် ဒီသတင်းလေးကိုပြန်လည်မျှဝေပေးပါဦးနော်

%d bloggers like this: