Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>“KIA ဗိုလ်ချုပ် လဇိန်ဘောက် အိမ်သာအတွင်းသေဆုံးလျက် တွေ့ရှိ” ဆိုတဲ့ သတင်းတု
နိုင်ငံရေးလူမျိုးရေး

“KIA ဗိုလ်ချုပ် လဇိန်ဘောက် အိမ်သာအတွင်းသေဆုံးလျက် တွေ့ရှိ” ဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ …..

ဒီတစ်ခါမှာတော့ သတင်းတုဖြစ်ကြောင်း ပြန်လည်ဖော်ပြပေးချင်တဲ့ အကြောင်းအရာက Breaking new လို့ ခေါင်းစဉ်တပ်ထားပြီး “KIA ဗိုလ်ချုပ် လဇိန်ဘောက် KIA လိုင်ဇာ နိုင်ငံခြားဆက်ဆံရေးရုံး အိမ်သာအတွင်း လုပ်ကြံခံရ” ဆိုတဲ့ သတင်းတုပဲ ဖြစ်ပါတယ်။

ဒီသတင်းကို တွေးပြီးမှယုံ က စစ်ကြည့်လိုက်တဲ့ အခါမှ KIA ဗိုလ်ချုပ် လဇိန်ဘောက်ဟာ ၂၀၀၄ ခုနှစ်ကတည်းက သေဆုံးတာဖြစ်ကြောင်း တွေ့ရှိရပါတယ်။ မူရင်းသတင်းကိုတော့ The Irrawaddyမှာဖော်ပြထားတာပါ။

သတင်းတုကို တင်ထားတဲ့ သူက သတင်းအပြည့်အစုံရေးထားတာမဟုတ်ပဲ Breaking News လို့ခေါင်းစဉ်တပ် စာတိုလေးရေးပြီး တင်ထားတာပါ။ ဒါဟာ စနောက်ချင်လို့ပဲ ဖြစ်ဖြစ် အမှန်တကယ်ပဲ သတင်းမှားတွေ ပျံ့နှံ့စေချင်လို့ပဲ ဖြစ်ဖြစ် တွေးပြီးမှယုံရဲ့ သူငယ်ချင်းတွေအနေနဲ့ သတင်းမှားတွေကို အားပေးတဲ့သူ ပိုပြီးပြန့်နှံ့စေတဲ့သူ မဖြစ်ရအောင် သတိထားဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

%d bloggers like this: