သူငယ်ချင်းတို့ရေ……
အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး ထွက်လာတဲ့ သတင်းတု တစ်ခုကတော့ AA အဖွဲ့က လူ၃ ဦးကိုသတ်ဖြတ်တယ် ဆိုတဲ့ သတင်းဓါတ်ပုံ အတုဖြစ်ပါတယ်။ ဒီသတင်းတုကိုတော့ တပ်မတော်စစ်သတင်းများ နှင့် တပ်မတော်ချစ်မြတ်နိုးသူများ ဆိုတဲ့ Facebook Page ကနေ တင်ထားတာဖြစ်ပြီးတော့ ပျံ့နှံ့မှုကတော့ Like (693),Comment (144), Share (400) ရှိနေပါပြီ။
ဒီသတင်းဓါတ်ပုံတုကို တွေးပြီးမှယုံက စစ်ကြည့်လိုက်တဲ့အခါမှာ ၂၀၁၃ ခုနှစ်က Signalfire ဆိုတဲ့ website မှာတင်ထားတဲ့ အိန္ဒိယလူထုစစ် ပိုင်းဖြတ်စများ ဆိုတဲ့ သတင်းမှ သတင်းဓါတ်ပုံကို ယူသုံးထားတာ ဖြစ်နေပါတယ်။
စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပဋပက္ခဖြစ်နေတဲ့ အခြေအနေမှာ ယုံကြည်ရတဲ့ သတင်းဌာနတွေက ထုတ်ပြန်တဲ့ သတင်းတွေကို အလေးထားပြီး ဖတ်စေချင်ပါတယ်။ မတည်မငြိမ် ဖြစ်နေတဲ့ အခြေအနေကို ခုတုံးလုပ်ပြီး သတင်းတု/သတင်းမှားတွေ ဖြန့်ဝေနေတဲ့ သတင်းဌာန ယောင်ယောင် Page တွေ Account တွေကိုတော့ တွေးပြီးမှယုံရဲ့ သူငယ်ချင်းတွေ အနေနဲ့ သတိထားဖို့လိုနေပါပြီ။