Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>KNU နဲ့ တပ်မတော် ပူးပေါင်းပြီး AA ကိုအပြတ်တိုက်မယ် ဆိုတဲ့ လုပ်ကြံသတင်းတု
နိုင်ငံရေးလူမျိုးရေး

KNU နဲ့ တပ်မတော် ပူးပေါင်းပြီး AA ကိုအပြတ်တိုက်မယ် ဆိုတဲ့ လုပ်ကြံသတင်းတု

သူငယ်ချင်းတို့ရေ…….
ဒီနေ့အတွက် Fake News Alerts ကတော့
“ကရင် KNU တပ်က တပ်မတော် နဲ့ပူးပေါင်းပြီး AA ကိုအပြတ်တိုက်မယ် ဟုသတင်းထုတ်ပြန်” ဆိုတဲ့ သတင်းတု ပဲ ဖြစ်ပါတယ်။

ဒီသတင်းကို KNU ရဲ့ တရားဝင် သတင်း website, Facebook Page အပြင် အခြား ယုံကြည်ရတဲ့ သတင်းဌာနတွေကနေ တင်ထားတာ မရှိပါဘူး။
ယခု သတင်းတုကို တင်ထားတဲ့ Website ဟာဆိုရင်လဲ “သိစေချင်” “JustNowMyanmar” စသဖြင့် သတင်းပေါင်းစုံ တင်နေတဲ့ website တွေဖြစ်နေပါတယ်။

သတင်းအရေးအသား ပိုင်းပြောရမယ်ဆိုရင်တော့ KNU စစ်ဗိုလ်နဲ့ စစ်မေ တွေရဲ့ ပုံတွေနဲ့ သတင်းလို့ ယူဆလို့ မရတဲ့ စာတပိုဒ် ကိုသာ ထပ်ခါထပ်ခါ သုံးပြီး တင်ထားတာကို တွေ့ရပါတယ်။  သေချာတဲ့ သတင်းရင်းမြစ်ကို ဖော်ပြမထားပဲ (1.4.2019) ရက်နေ့က Facebook Post တစ်ခုရဲ့ screenshot အပိုင်းအစလေး တစ်ခုကိုလဲ ယူသုံးထားပါသေးတယ်။

သတင်းရင်းမြစ်မရှိဘူး၊ သတင်းရေးသားသူ မပါဘူး၊ ရေးသားထားတဲ့ ပုံစံဟာ သတင်းပုံစံ ဖြစ်မနေဘူး ဆိုတာနဲ့တင် ဒါဟာ သတင်းတုပါလို့ တပ်အပ်ပြောဆိုနိုင်နေပါပြီ။  ဒါဟာ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ပဋိပက္ခကို ပိုမိုအားပေးစေနိုင်ပြီး တိုင်းရင်းသားအချင်းချင်းကြားမှာလဲ သွေးကွဲမှုတွေ ဖြစ်စေနိုင်တဲ့အပြင် ဒေသခံ တိုင်းရင်းသားတွေ အတွက် ပိုမို စိုးရိမ်စရာတွေ ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် တွေးပြီးမှယုံရဲ့ သူငယ်ချင်းတွေအနေနဲ့ သတင်းတစ်ပုဒ်ကို တွေ့တဲ့အခါမှာ မလိုလားအပ်တဲ့ အဖြစ်အပျက်တွေ ပြဿနာတွေမဖြစ်ရအောင်… သတင်းက ဘယ်ကလာသလဲ ဆိုတာကို သတိထားကြည့်ဖို့လိုပါမယ်။ မသေချာရင်တော့ တွေးပြီးမှယုံရဲ့ Chat box ကိုလာရောက်ပြီး မေးမြန်းနိုင်ပါတယ်နော်။

%d bloggers like this: