ပညာပေး

DeepFake

သူငယ်ချင်းတို့ရေ…

နည်းပညာတွေ တဖြည်းဖြည်းတိုးတက်လာတာနဲ့ သတင်းတု သတင်းမှားတွေကလည်း အဆင့်မြင့်လာပါတယ်။ ဒီလို အဆင့်မြင့်လာတာနဲ့ အမျှ သတင်းတွေကို ခွဲခြားစိပ်ဖြာဖို့ ခက်ခဲလာသလို သတင်းမှားတွေနဲ့ လူတွေကို အယုံသွင်းလို့ ပိုလွယ်ကူတတ်ပါတယ်။

ဒီနေ့ သူငယ်ချင်းတို့ကို ပြောပြချင်တာကတော့ DeepFake ဆိုတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။ ပုံမှန်တွေ့နေကျ သတင်းဓာတ်ပုံတွေကိုအသုံးပြုပြီး သတင်းမှားတွေ ဒါမှမဟုတ် သတင်းအချက်အလက်မှားတွေနဲ့ ပြုလုပ်တဲ့ သတင်းမှားတွေလို မဟုတ်ပဲ DeepFake ဆိုတာက AI ဆိုတဲ့ နည်းပညာကို အခြေခံထားပြီး ဗွီဒီယိုတွေကို ပြုလုပ်တာဖြစ်ပါတယ်။

DeepFake ကို ပြုလုပ်ဖို့ဆိုရင် ဓာတ်ပုံတွေ အမြောက်အများလိုအပ်ပါတယ်။ DeepFake ပြုလုပ်တဲ့သူတွေဟာ ထင်ပေါ်ကျော်ကြားတဲ့သူ(နိုင်ငံရေး၊ အနုပညာသမား) တွေ စသည်ဖြင့် လူများကို အဓိက ပစ်မှတ်ထားပြီး ပြုလုပ်လေ့ရှိပါတယ်။ DeepFake ဟာ ထင်ယောင်ထင်မှားဖြစ်အောင် နိုင်ငံရေးသမားတွေရဲ့ အဆိုအမိန့်တွေကို လိုသလို ပြုပြင်လို့ရသလို၊ အနုပညာသမားတွေနဲ့ ပတ်သက်ရင်လည်း အပြာဝက်ဆိုဒ်တွေ ဇာတ်ကားတွေအနေနဲ့ ပြုလုပ်ဖန်တီးလို့ရပါတယ်။ ဒီနည်းပညာနဲ့ဆို ဘယ်သူ့ကိုမဆို အပြာကား သရုပ်ဆောင်အဖြစ် ဖန်တီးလို့ရပါတယ်။

DeepFake ဆိုတာ အေအိုင်နည်းပညာနဲ့ ထင်ပေါ်ကျော်ကြားသူတွေရဲ့ ပုံရိပ် (သို့မဟုတ်) ဓာတ်ပုံတွေကို အသုံးပြုပြီး မိမိရဲ့ လှုပ်ရှားမှုတွေနဲ့ ပေါင်းစပ်ပြီး ဗွီဒီယိုဖန်တီးခြင်းဖြစ်ပါတယ်။ ဒီလို ဗွီဒီယိုတွေဟာ အတု အစစ် ခွဲခြားဖို့ ခက်ခဲသလို သတင်းမှားဖန်တီးသူတွေဟာ ရည်ရွယ်ချက်ရှိရှိ မကောင်းတဲ့ဘက်က ဝါဒဖြန့်မယ်ဆိုရင် ဆိုးဝါးတဲ့ သတင်းစကားတွေ ဖြစ်လာမှာဖြစ်ပါတယ်။

DeepFake နဲ့ ပတ်သက်ပြီး BBC Burmese ကနေ ဖော်ပြပေးခဲ့ဖူးတဲ့ ဗွီဒီယိုလေးကို တွေးပြီးယုံက ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်နော်။

#video credit BBC Burmese

%d bloggers like this: