Home>>ဆောင်းပါး>>Tik Tok (သို့မဟုတ်) အမုန်းတွေ မီးညှိပေးနေတဲ့ လူမှုကွန်ရက် အပိုင်း (၃)
ဆောင်းပါးUncategorized

Tik Tok (သို့မဟုတ်) အမုန်းတွေ မီးညှိပေးနေတဲ့ လူမှုကွန်ရက် အပိုင်း (၃)

သူငယ်ချင်းတို့ရေ…
ဟုတ်တယ် vs မဟုတ်ဘူး ပေ့ချ်လေးကနေ Tik Tok (သို့မဟုတ်) အမုန်းတွေ မီးညှိပေးနေတဲ့ လူမှုကွန်ရက် အပိုင်း (၃) အဆက်လေးကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်နော်။
အသုံးပြုသူတွေအပျော်သဘောနဲ့ ဆော့ကစားလေ့ရှိတဲ့ Tik Tok ဟာ အိန္ဒိယနိုင်ငံမှာတော့ အမုန်းတရားတွေ၊အမုန်းစကားတွေ ဖြန့်ဖြူးရာ လူမှုကွန်ရက်တစ်ခုဖြစ်လာပါတယ်။ မျိုးရိုးဇာတ်အနိမ့်အမြင့်ခွဲခြား ဆက်ဆံမှုတွေရှိတဲ့ အိန္ဒိယနိုင်ငံမှာ ဒီ app ဟာ ဘယ်လောက်အထိ အမုန်းတရားတွေကို ပိုမိုပွားများစေလဲ။မှုခင်းဖြစ်ရပ်တွေကို တိုးပွားစေသလဲဆိုတာကို ဗြိတိန်နာမည်ကြီး မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ WIRED က ဆောင်းပါးရေးသားဖော်ပြထားပါတယ်။မြန်မာနိုင်ငံမှာလည်း Tik Tok အသုံးပြုသူတွေအများအပြားရှိ တာမို့ ဒီ လူမှုကွန်ရက်အကြောင်း ရေးသားထားတဲ့ ဆောင်းပါးကို Real or Not က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဆောင်းပါးက ရှည်တာမို့ ၃ပိုင်းခွဲပြီး တစ်ပတ်တစ်ကြိမ်တင်ပေးခဲ့ရာမှာမှာ ဒါက တတိယပိုင်း(နောက်ဆုံးပိုင်း)
ဖြစ်ပါတယ်။

69633207_2146640345644008_2252657385510273024_n

ကုမ္ပဏီဘက်ကတော့ သူတို့အနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အတူတွဲပြီးအလုပ်လုပ်ကိုင်ဖို့ဆန္ဒရှိတဲ့အကြောင်းပြန်လည်ချေပပြောဆိုပါတယ်။ဖေဖော်ဝါရီလတုန်းက လုံခြုံဘေးကင်းအင်တာနက်နေ့မှာ သူတို့ဟာ ဆိုက်ဘာငြိမ်းချမ်းရေးဖောင်ဒေးရှင်းဆိုတဲ့ အိန္ဒိယအဖွဲ့တစ်ဖွဲ့နဲ့ပူးပေါင်းပြီး အင်တာနက်အသုံးပြုသူတွေဘေးကင်းလုံခြုံရေးနဲ့နိုင်ငံတစ်ဝှမ်းကကျောင်းတွေမှာအွန်လိုင်းလုံခြုံရေးအတွက်ပိုစတာဖြန့်ဝေဖို့ကိစ္စတွေအတွက်စကားဝိုင်းဆွေးနွေးပွဲတွေပြုလုပ်ခဲ့သေးတယ်လို့ထောက်ပြပါတယ်။အင်တာနက်အသုံးပြုသူတွေဘေးကင်းလုံခြုံရေးအတွက် သူတို့ရဲ့ app ထဲမှာ ပါဝင်တဲ့အကြောင်းအရာနှစ်ခုကို မိတ်ဆက်ပေးခဲ့ပါ တယ်။ဒါပေမယ့် အဲဒီအကြောင်းအရာနှစ်ခုထဲက ပထမတစ်ခုက အိန္ဒိယမှာ လူဦးရေငါးသန်းကျော် လောက် သိပြီးသားအကြောင်းအရာချည်းဖြစ်နေပါတယ်။
ဒါပေမယ့်အဲဒီလို ဘေးကင်းလုံခြုံစိတ်ချ၊အင်တာနက်လူမှုဘဝဆိုတဲ့အကြောင်းအရာတွေကို Tik Tok က အသိပညာပေးဖို့ လုပ်နေတဲ့အချိန်မှာ သူတို့ရဲ့ app ပေါ်က အမုန်းစကားတွေဖြန့်ဝေနေတဲ့ပြဿနာဘယ်လောက်ကြီးနေလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းပြောမသွားပါဘူး။တမီးလ်ဘာသာစကားနဲ့ ပြောကြားထားတဲ့ အမုန်းစကားဗီဒီယိုဖိုင်တွေကို WIRED ကသုတေသနပြုလုပ်ခဲ့ပါတယ်။ Equality Labs ရဲ့အမှုဆောင်ဒါရိုက်တာ သမ်မိုဇီဆောင်ဒရာဂျန်က ဒီအမုန်းစကားတွေဟာ သိပ်ကိုပျံ့နှံလွန်းနေပြီလို့ပြောပါတယ်။

“ကျွန်မတို့က ဒီမျိုးရိုးဇာတ်ခွဲခြားပြောဆိုနေတဲ့Tik Tok ပေါ်က ဗီဒီယိုတွေကို မြောက်ပိုင်းအိန္ဒိယမှာလူတွေပြောနေတဲ့ မတူတဲ့ဘာသာစကားတွေနဲ့တောင်လေ့လာနေပါတယ်။
ဒါလစ်မျိုးနွယ်တွေနေထိုင်တဲ့ မြောက်ပိုင်းအိန္ဒိယမှာ ရှိတဲ့ ချာမာမျိုးနွယ်စုတွေနဲ့ပတ်သက်တဲ့ ဗီဒီယိုတွေဆိုရင် ပိုပြီးတော့ စိတ်ရှုပ်ထွေးစရာကောင်းတဲ့အမုန်းစကားတွေပါဝင်နေတယ်လို့ပြောပါတယ်။သူမနဲ့သူမ တစ်ဖွဲ့လုံးဟာ Tik Tok ပေါ်ကအမုန်းစကားတွေကို ဟင်ဒီ၊တမီးလ်၊တယ်လဂူ ဘာသာစကားတွေနဲ့ လေ့လာနေပြီး သုတေသနပြုလုပ်တာတွေ၊မှတ်တမ်းတင်စုဆောင်းတာတွေပြုလုပ်နေကြပါတယ်။ သူတို့ရဲ့သုတေသနဆိုင်ရာတွေ့ရှိချက်တွေကိုတော့ဒီနှစ်အကုန်မှာ ထုတ်ပြန်ကြေညာမယ်လို့ဆိုပါတယ်။
မျိုးရိုးဇာတ်ခွဲခြားတဲ့အမုန်းစကားပြဿနာတွေနဲ့လူနည်းစုကိုအကြမ်းဖက်ဖို့လှုံ့ဆော်ကြတဲ့ပြဿနာတွေဟာ Tik Tok တစ်ခုတည်းမှာတင်ဖြစ်နေတာမဟုတ်ပါဘူး။အခြားနိုင်ငံတွေမှာလိုပဲ အိန္ဒိယမှာလည်းအင်တာနက်မြန်နှုန်းတွေကောင်းလာတယ်၊ လူတိုင်းလက်လှမ်းမီတဲ့ အင်တာနက်ဈေးနှုန်းတွေဖြစ်လာတာရယ်ကြောင့် ဆိုရှယ်မီဒီယာကုမ္ပဏီတွေတော်တော်များများ ဟာလည်း အသုံးပြုသူတွေရဲ့တလွဲအသုံးချမှုတွေကြောင့် စောင့်ကြည့်ထိန်းချုပ်ရာမှာ အခက်အခဲတွေဖြစ်လာပါတယ်။

Photo Credit

70726270_2146640368977339_4535864461080133632_n
Equality Labs အဖွဲ့က တစ်နှစ်ကြာပြုလုပ်ထားတဲ့သုတေသနအရ Facebook ဟာလည်း သူတို့ရဲ့မူဝါဒကို ချိုးဖောက်တဲ့ အမုန်းစကားတွေပါဝင်တဲ့ပို့စ်တွေရဲ့ ၉၃ရာခိုင်နှုန်းကို ဖယ်ရှားဖို့ပျက်ကွက်ခဲ့တယ်လို့ဆိုပါတယ်။
အခြားသုတေသနတွေမှာလည်း Facebook မှာတက်နေတဲ့အကြောင်းအရာတွေက အစ္စလာမ်ဖိုဘီးယား လို့ခေါ်တဲ့ အစ္စလာမ်တွေကို​
​​​မုန်းအောင်ရေးသားနေတာတွေ အတော်များတယ်လို့ဆိုထားပါတယ်။
နောက်ပြီးတော့ အိန္ဒိယမှာ အင်တာနက်အသုံးကျယ်ပြန့်လာစဉ်ကတည်းက လူတွေအသုံးများတဲ့ App တစ်ခုလည်းရှိပါသေးတယ်။ ဒါကတော့ Whats App ဖြစ်ပါတယ်။Facebook ကပိုင်ဆိုင်တဲ့ ဒီ app ဟာ အိန္ဒိယမှာ အသုံးပြုသူ သန်း ၄၀၀ကျော်ရှိပါတယ်။ဒီ app မှာ သတင်းမှားတွေ၊အမုန်းစကားတွေ၊လှုံ့ဆော်မှု တွေက မနည်းမနောပါပဲ။

ကလေးသူခိုးလို့ Whats App မှာပျံ့နှံ့သွားတဲ့ ကောလာဟလသတင်းအမှားကြောင့်အိန္ဒိယက ကျေးရွာတွေမှာ ကလေးသူခိုးလို့စွပ်စွဲပြီး လူဖမ်းတာတွေ၊လူအုပ်နဲ့သေဒဏ်ပေးတာတွေဖြစ်ခဲ့ပါ တယ်။ဘီဘီစီသတင်းဌာနက ဒီကလေးသူခိုးကိစ္စဆိုပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့သွားတဲ့ ဗီဒီယိုရဲ့ အကြောင်းအရင်းကို စိစစ်လိုက်တဲ့အခါမှာတော့ ဒီဗီဒီယိုဟာ ပါကစ္စတန်နိုင်ငံက ကလေးသူငယ် လူမှုဖူလုံရေးအဖွဲ့တစ်ဖွဲ့က ရိုက်ကူးထားတာဖြစ်ပါတယ်။ဒါပေမယ့် အိန္ဒိယမှာတော့ ဒီဗီဒီယိုကို ကလေး ပြန်ပေးဆွဲတဲ့ ဗီဒီယိုလို့ထင်နေကြတာပါ။ကလေးတွေကို လုံခြုံအောင်ထားရမယ်ဆိုတဲ့ကလေးသူငယ် အဖွဲ့ရဲ့ ပေးချင်တဲ့ မက်ဆေ့ချ်ကို ဖျက်ပြီး ပြန်လည်ပြုပြင်ထားတဲ့ ဗီဒီယိုဟာ အိန္ဒိယမှာပျံ့နှံ့ခဲ့လို့ဖြစ်ပါတယ်။

ဒီဗီဒီယိုကို တစ်ယောက်နဲ့တစ်ယောက် Whats App မှာ Forward လုပ်ကြရာကနေတဆင့်၊ ကလေးတွေ ပျောက်မှာစိုးလို့ ကိုယ်ထူကိုယ်ထ ရပ်ရွာ ကင်းအဖွဲ့တွေဖွဲ့ကြပါတယ်။အဲဒီကင်းအဖွဲ့တွေက ကလေးသူခိုးလို့
မသင်္ကာတဲ့ လူဆယ်ယောက်လောက်ကို သတ်ပစ်လိုက်ကြပါတယ်။
ဒီလိုပြဿနာတွေဖြစ်သွားပြီးတဲ့နောက်၊ WhatsApp ဟာ Forward လုပ်လို့ရတဲ့ Message အရေအတွက်ကို ကန့်သတ်လိုက်ပါတယ်။ပညာရေးဆိုင်ရာ ပရိုဂရမ်အချို့ကို ပြုလုပ်လာပါတယ်။App သုံးနေရင်း မကျေနပ်တာတွေ၊ နစ်နာမှုတွေကိုတိုင်ကြားနိုင်တဲ့ အရာရှိတစ်ဦးကိုခန့်ထားလိုက်ပါတယ်။ဖေဖော်ဝါရီလမှာတော့ Tik Tok ဟာလည်း ဒီအတိုင်းပဲ လိုက်လုပ်လာပါတယ်။
“ဒီအမုန်းစကားအကြောင်းအရာတွေကိုဖယ်ရှားဖို့ အရာရှိတစ်ယောက်ကိုအိန္ဒိယအတွက်ခန့်ထားမယ်”လို့ဆိုလာပါတယ်။အဲဒီအရာရှိဟာ စောင့်ကြည့်ထိန်းချုပ်သူတွေနဲ့အတူအလုပ်လုပ်ရမှာဖြစ်ပြီးတော့နိုင်ငံတစ်ဝှမ်းမှာပေါ်လာတဲ့ တလွဲ အသုံးချမှုတွေကို ကိုင်တွယ်နိုင်ရမှာဖြစ်ပါတယ်။ဒီနှစ်အစပိုင်းမှာတော့ ဒီအရာရှိကိုခန့်ပြီးပြီလို့သိရပါ တယ်။
ဝေဖန်သူတွေကတော့ အိန္ဒိယမှာလာလုပ်တဲ့ နည်းပညာကုမ္ပဏီတွေဟာ တိုင်းပြည်ရဲ့ ရှုပ်ထွေးပွေလီလွန်းလှတဲ့ ရေခံမြေခံ အကြောင်းတရားတွေကိုသိနားလည်ထားဖို့က ပိုအရေးကြီးတယ်လို့ဆိုပါတယ်

Photo Credit

69873340_2146640385644004_41795069786718208_n
Tik Tok ကို App Store တွေမှာ ဖယ်ရှားလိုက်တဲ့အချိန်တုန်းကတရားရုံးကြားနာမှုတွေလုပ်တဲ့အခါမှာ ကုမ္ပဏီက လွတ်လပ်စွာပြောဆိုခွင့်နဲ့လူတွေရဲ့ဖန်တီးနိုင်မှုစွမ်းရည်ဘက်ကနေ ကာကွယ်ပြောကြားပါ တယ်။အခုအချိန်မှာတော့ app ဟာ တဖြည်းဖြည်းကြီးမားလာပြီဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ မူဝါဒကို အသေးစိတ်ပြန်လည်စဉ်းစားဖို့လိုလာပါပြီ။

ရဲအရာရှိ ဆာရာဗန်နန်ကလည်း ဒီလို အဓိပ္ပာယ်အမျိုးမျိုးထွက်စေတဲ့ Tik Tok ပေါ်က ဗီဒီယိုတွေဟာအပေါ် ယံကြည့်ရင်ထိခိုက်စရာမရှိဘူးထင်ရပေမယ့် အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေအများကြီးရှိလို့
စိတ်ပူစရာကောင်းတယ်လို့ဆိုပါတယ်။ “ခင်ဗျား သေနတ်တစ်လက်ကို စားပွဲခုံပေါ်တင်ထားတယ်ဆိုပါစို့။
ဒါက ခင်ဗျားကိစ္စပဲ။သိပ်အရေးမကြီးဘူး။ကျွန်တော်တို့အခုကြုံနေရတာက သေနတ်နဲ့အပစ်ခံထားရလို့ ရင်ဘတ်ပွင့်နေတဲ့လူတစ်ယောက်ကိုမြင်နေရတာပါ”လို့ ဆာရာဗန်နန်ကပြောပါတယ်။
သူဆိုလိုတာက သေနတ်ကို ဒီအတိုင်းထားရင်ပြဿနာမရှိပေမယ့် ပစ်လိုက်ရင်ပြဿနာရှိတယ်။
Tik Tok ပေါ်ကဗီဒီယိုတွေကလည်း သေနတ်တရမ်းရမ်းနဲ့ ပြနေသလိုပဲ အန္တရာယ်ရှိတယ်လို့ဆိုလိုတာပါ။

Tik Tok က အန္တရာယ်ရှိတယ်လို့ ဘယ်သူတွေက ဘယ်လိုပဲပြောနေပါစေ၊အိန္ဒိယမှုခင်းအဖွ့စည်းရဲ့ ဥက္ကဌဖြစ်တဲ့ မက်ဟာဗာ ဆိုမာ ဆန်ဒါရန်ကတော့ “ကျွန်တော်ကတော့ Tik Tok ကို အပြစ်မမြင်ချင်ဘူး။
ဒါဟာ ကျွန်တော်တို့လူ့အဖွဲ့အစည်းရဲ့ ရောင်ပြန်ဟပ်မှုတွေ၊အရိပ်တွေပဲ။အင်တာနက်အသုံးပြုသူတွေ များလာခြင်းရဲ့ပဲ့တင်သံတွေပဲ။ဒီလို အကြောင်းအရာမျိုးတွေကို စဉ်းစားဆုံးဖြတ်ရာမှာအရမ်းကိုခက်ခဲ ပါတယ်။ဒီလို တွေ့ဆုံပွဲတွေလုပ်တယ်၊စကားတွေပြောတယ်ဆိုတာမျိုးတွေလုပ်ရုံလောက်နဲ့ ကျွန်တော်တို့ဆီက မျိုးရိုးဇာတ် အနိမ့်အမြင့်ခွဲခြားတာတွေကို ခင်ဗျားတို့ နှိမ်နှင်းပစ်လို့မရပါဘူး။ ခင်ဗျားတို့အဲဒါကို ရှင်းရှင်းလင်းမြင်ဖို့လိုတယ်။တချို့လူတွေ၊ နိုင်ငံရေးသမားတွေက သူတို့ရဲ့
နိုင်ငံရေးအကျိုးအတွက် ဒီလိုမျိုးရိုးဇာတ်အနိမ့်အမြင့်ခွဲခြားတဲ့ တိုက်ပွဲတွေဖြစ်အောင်လုပ်ယူကြတာ။
ဒီလိုခွဲခြားမှုတွေမဖြစ်အောင် ရှင်းပစ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ပညာရေးစနစ်ပါပဲ။
လူမှုကွန်ရက်မှာ စောင့်ကြည့်ထိန်းချုပ်တယ်ဆိုတာက ပြဿနာရဲ့တစ်ဝက်လောက်ကိုတော့ ဖြေရှင်းလို့ ရမှာပေါ့”လို့ သုံးသပ်ပါတယ်။

69834453_2146640405644002_5751725911091183616_n
“Tik Tok အပါအဝင် လူမှုကွန်ရက်ပလက်ဖောင်းအများစုဟာ ကျွန်မတို့ရဲ့ ယဉ်ကျေးမှုဓလေ့တွေကို နားလည်ဖို့ရာမှာ အားနည်းချက်တွေရှိကြပါတယ်။ပေါက်ကွဲလွယ်တဲ့ကျွန်မတို့ လူ့အဖွဲ့အစည်းရဲ့သဘာဝကို နားမလည်ကြပါဘူး။ဒီ Social Network တွေထဲက တစ်ခုမှ ကျွန်မတို့ရဲ့ မျိုးရိုးဇာတ်ခွဲခြားတာတွေ၊ဘာသာရေးအစွန်းရောက်မှုတွေအကြောင်းကို ကျွမ်းကျွမ်းကျင်နားမလည်ကြပါဘူး”လို့ ဆောင်ဒရာဂျန်က ပြောပါတယ်။
အမုန်းတရားတွေ၊ဒေါသတွေပြည့်နေတဲ့ ဗီဒီယိုတွေဟာ တကယ့်ပြင်ပလက်တွေ့ကမ္ဘာကိုလည်း ရောင်ပြန်ဟပ်လာပါတယ်။ တမီလ်နာဒူခရိုင်၊ဒါမာပူရီကဆယ်ကျော်သက်တစ်ဦးဟာ Tik Tok ပေါ်မှာသူ့ရဲ့မျိုးရိုးဇာတ်ကိုလှောင်ပြောင်တဲ့သူကို ရင်ဆိုင်ဖို့ ကီလိုမီတာ ၂၀၀ကျော်ဝေးတဲ့ နေရာကို သွားရောက်ပါတယ်။
“ သတ္တိနည်းတဲ့ ပရိုင်ယန်မျိုးမို့လို့ Fake Account သုံးပြီးငါ့ကို ဆဲတာပေါ့။ငါကတော့ သတ္တိ ရှိတဲ့ ဗန်နီယာမျိုးနွယ်ဆိုတာအခုသက်သေပြလိုက်ပြီ။မင်းသတ္တိရှိရင်လာခဲ့။ငါအဲဒီမှာပဲရှိ နေမယ်”ဆိုတဲ့ဗီဒီယိုကို
အဲဒီလူငယ်က ဇွန်၂၇ရက်မှာ တင်လိုက်ပါတယ်။ဒီလို သူ့ရဲ့မျိုးရိုးရဲ့ကြီးကျယ်မြင့်မြတ်မှုကိုပြောထားတဲ့ ဗီဒီယိုကို တင်ပြိးသိပ်မကြာခင်မှာပဲ လူဦးရေ ၁၂၀၀၀ ကျော်ကြည့်ပြီးပါပြီ။
လေးနာရီလောက်ကြာတော့ သူစိန်ခေါ်တဲ့လူတွေတစ်ယောက်မှရောက်မလာတဲ့ အတွက်သူက နောက်ထပ် ဗီဒီယိုတစ်ခုကိုထပ်တင်ပါတယ်။အဲဒီဗီဒီယိုမှာ သူက စိန်ခေါ်တာကိုတစ်ယောက်မှ မရောက်လာတဲ့အတွက် သူဟာ သူ့မျိုးရိုးဂုဏ်ကိုဆောင်နိုင်ခဲ့ပြီဆိုပြီး ဗီဒီယို ထဲမှာ ဆိုပါတယ်။ဒီဗီဒီယိုကို တစ်မိနစ်အတွင်း Like လုပ်သူပေါင်းထောင်ချီရှိပြီး ခြောက်ယောက်လောက်က ဒေါင်းလုဒ်ဆွဲပြီးပါပြီ။

ဒီလိုဒေါသတွေကို ဆွပေးတဲ့ဗီဒီယိုမျိုးတွေရဲ့အောက်ကကွန်မန့်တွေမှာ လူတွေက သူတို့ရဲ့ဖုန်းနံပါတ်တွေ၊အိမ်လိပ်စာတွေကို ရေးသားပြီး အပြင်မှာ လူချင်းတွေ့ဖို့၊စာရင်းရှင်းကြဖို့ ရေးသားကြပါတယ်။ဒီလိုဗီဒီယိုတွေကြောင့် အသုံးပြုသူတွေအချင်းချင်း အပြင်မှာ ဘယ်နှစ်ကြိမ်တွေ့ပြီး စာရင်းရှင်းကြသလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။Tik Tok ကတော့ လူမှုကွန်ရက်ဆိုင်ရာစံနှုန်းတွေ၊လမ်းညွှန်ချက်တွေကို ချိုးဖောက်တဲ့သူတွေကို တိုင်ကြားနိုင်တယ်လို့ ဆို ထားပါတယ်။ထုတ်ပြန်ချက်တွေအရ ၁၅မိနစ်အတွင်း ဒီတိုင်ကြားမှုတွေကို တုံ့ပြန်ဖြေရှင်းပေးတယ်လို့ လည်းဆိုထားပါတယ်။သူတို့မှာ အခြားအီးမေးလ်လိပ်စာလည်းရှိပြီး အဲဒီအီးမေးလ်လိပ်စာကတော့ အစိုးရတွေ၊ တရားဥပဒေစိုးမိုးရေးလုပ်နေတဲ့အဖွဲ့တွေ၊တိုင်ကြားလာခဲ့ရင် ဒီဗီဒီယိုတွေကိုဖြုတ်ချဖို့ဖွင့်ထားတာလို့ ဆိုပါတယ်။
“ မျိုးရိုးဇာတ်ခွဲခြားတဲ့ ဒီလိုဗီဒီယိုမျိုးတွေအများကြီးရှိတဲ့အတွက်ကြောင့် သူတို့လုပ်နေတာဟာ လက်ခံနိုင်စရာတော့ရှိပါတယ်။ဒါပေမယ့် ဒါဟာ နောက်ကွယ်ကနေတိုးတိုးလေးပြောနေတဲ့ စကားတွေအတွက်ပဲဖြစ်ပါတယ်။တိုက်ရိုက်ခြိမ်းခြောက်မှုတွေကိုလုပ်နေရင်တော့ပိုကောင်း ပါတယ်။ဒါဆိုရင်ပိုလက်ခံနိုင်စရာရှိပါတယ်။

Tik Tok အနေနဲ့ နိုင်ငံသားအခွင့်အရေးနဲ့ပတ်သက်ပြီးအကဲဖြတ်ခံရဖို့လိုပါတယ်။ဒါမှ သူတို့အနေနဲ့ သူတို့ ပလက်ဖောင်းပေါ်မှာ အမုန်းစကားတွေဘယ်လောက်အထိပျံ့နှံ့သလဲဆိုတာသူတို့နားလည်သွားမှာ”လို့ ဆောင်ဒရာဂျန်ကပြောပါတယ်။Facebook ကတော့ သူတို့ရဲ့ပလက်ဖောင်းပေါ်မှာရှိနေတဲ့ အကြောင်းအရာတွေကိုစစ်ဆေးခံရပြီးတဲ့နောက်မှာ၊လူနည်းစုတွေကို ဘယ်လိုနှိမ့်ချဆက်ဆံနေလဲဆိုတာနဲ့ ဒီအကြောင်းအရာတွေကို ဘယ်လိုသိအောင်လုပ်ရမလဲဆိုတာကိုနားလည်အောင်လုပ်ရမယ်လို့ ဝန်ခံထားပါတယ်။ “ဒီအကြောင်းအရာတွေက တွဲလောင်းကျနေတဲ့ လျှပ်စစ်တွေစီးနေတဲ့ ဝါယာကြိုးတစ်ချောင်းလိုပါပဲ။ တစ်ယောက်ယောက်ကို အန္တရာယ်ဖြစ်အောင်
စောင့်ဆိုင်းနေတာပါ”လို့ ဗင်းဆန့်ကပြောပါတယ်။

Photo Credit

%d bloggers like this: