Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံတကာ>>ရှေ့တန်းထွက်မည့် အမေရိကန်စစ်သားတွေရဲ့ သတင်းဓာတ်ပုံအတု
နိုင်ငံတကာ

ရှေ့တန်းထွက်မည့် အမေရိကန်စစ်သားတွေရဲ့ သတင်းဓာတ်ပုံအတု

သူငယ်ချင်းတို့ရေ…

အခုဆို လူတွေအများဆုံးစိတ်ဝင်စားနေကြနေတဲ့ သတင်းက အမေရိကန်-အီရန် စစ်ရေးသတင်းပဲဖြစ်ပါတယ်။ အီရတ်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းကို အီရန်က တိုက်ခိုက်ခဲ့ပြီးနောက် သတင်းဓာတ်ပုံအမှားတွေ တော်တော်ထွက်ပေါ်လာခဲ့ပါတယ်။ ဒီသတင်းဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး တွေးပြီးမှယုံရဲ့ တွေ့ရှိချက်လေးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဖော်ပြပါ သတင်းဓာတ်ပုံဟာ ၂၀၁၃ ခုနှစ်က ဓာတ်ပုံကို ယူသုံးထားတာ ဖြစ်သလို

download (10)

(၂) နံပတ် (၂) ဓာတ်ပုံဟာလည်း ၂၀၁၂ ခုနှစ်က သတင်းဓာတ်ပုံကို ယူသုံးထားတာ ဖြစ်ပါတယ်

download (9)

ဒီဓာတ်ပုံတွေ အားလုံးနီးပါးဟာ အိမ်ပြန်လာတဲ့ အမေရိကန်စစ်သားတွေရဲ့ ဓာတ်ပုံဟောင်းတွေကို အသုံးပြုပြီး အမေရိကန်-အီရန် စစ်ပွဲတွေ ဖြစ်နေတဲ့အချိန်မှာ လူတွေစိတ်ဝင်စားမှုတွေပေါ် အခြေခံပြီး ထွက်ပေါ်လာတာဖြစ်ပါတယ်။

သူငယ်ချင်းတို့လည်း…
ကိုယ်စိတ်ဝင်စားတဲ့ သတင်းတွေထွက်ပေါ်လာတယ်ဆိုရင် အလွယ်တကူမယုံကြည်ပဲ အနီးစပ်ဆုံး တရားဝင်သတင်းမီဒီယာတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်သင့်သလို၊ ဖော်ပြထားတဲ့ ဓာတ်ပုံတွေကိုလည်း စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။

%d bloggers like this: